Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကျိုင်းတုံ၌ အမျိုးသမီး တစ်ဦး ကြိုးဆွဲချသေဆုံး

$
0
0

ကျိုင်းတုံ၊ မေလ(၁၁)




သတင်း။  ။ ဇင်အောင်
...............

ကျိုင်းတုံ၊ မေလ(၁၁)
ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ ကျိုင်းတုံမြို့တွင် အသက်(၅၂)နှစ်ရှိ အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရသည်။

ကြိုးဆွဲချသေဆုံးသွားသူ အသက်(၅၂)နှစ်ရှိ မနန်းမိုးသည် ကျိုင်းတုံမြို့ ယန်းကုန်းရပ်တွင် နေထိုင်သူ တစ်ဦးဖြစ်ပြီး၊၎င်းသည် အရက်အလွန်အကျွံ သောက်သုံးသူ ဖြစ်ကြောင်းအပြင်၊ စိတ်ပုံမှန်မရှိသူ တစ်ဦးဖြစ်ကြောင်းသိရပြီး ၂၀၁၆ခုနှစ် မေလ(၁၁)ရက်နေ့ ညနေ(၃)နာရီ ဝန်းကျင်က အမှတ်(၄)ရပ်ကွက်၊ ကုန်းကျောင်းရပ်၊ ကမ္မဌာန်းကျောင်းရှိ ဘုန်းကြီးကျောင်း အုတ်တံတိုင်း အနီး ညောင်ပင်ကြီးတွင် ကြိုးဆွဲချသေဆုံးသွားခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

"သေမှုနဲ့ပတ်သက်ပြီးတော့ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် ဆက်လက် စစ်ဆေးဆောင်ရွက်သွားမှာပါ "ဟု ကျိုင်းတုံမြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်ဝင်းမင်းသန့်က ပြောသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်ကို သက်ဆိုင်ရာမှ စစ်ဆေးလျှက်ရှိပြီး၊ ကျိုင်းတုံမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၄/၂၀၁၆)ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သိရှိရသည်။

သတင်း။ ဇင်အောင်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဒေါ်နယ်ထရန့် အိမ်တော် (သို့မဟုတ်) အိမ်ဖြူတော်ရဲ့ ထူးခြားချက်များ


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


တာချီလိတ်မြို့နယ် ပညာရေးဖောင်ဒေးရှင်းမှ အသင်းသားစုံညီ နှင့်...


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>