က်ဳိင္းတံု၊ ေမလ(၁၁)
က်ဳိင္းတံုမဲဆႏၵနယ္မွ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးပီတာေသာင္းစိန္သည္ ယေန႔ ေမလ(၁၁)ရက္ေန႔ နံနက္(၈း၂၀)နာရီအခ်ိန္က ရန္ကုန္ျပည္သူ႔ေဆးရံုတြင္ ကြယ္လြန္သြားေၾကာင္း ႏွင့္ ကြယ္လြန္ခ်ိန္တြင္ အသက္(၅၈)ႏွစ္ရွိၿပီ ျဖစ္ေၾကာင္း သိရသည္။
"ဒီမနက္ (၈း၂၀)နာရီေလာက္က ရန္ကုန္ျပည္သူ႔ေဆးရံုႀကီးမွာ ကြယ္လြန္သြားတာပါ။ က်န္ရစ္ခဲ့တဲ့ ရုပ္ေလာင္းကို သူ႔မိသားစုေတြက က်ဳိင္းတံုကို ဒီေန႔ ျပန္သယ္ဖို႔ လုပ္ေနတယ္လို႔လည္း သိရပါတယ္။"ဟု တာခ်ီလိတ္ခရိုင္ ျပည္ခိုင္ၿဖဳိးပါတီ အတြင္းေရးမွဴး ဦးဘိုစံက ေျပာသည္။
ဦးပီတာေသာင္းစိန္သည္ ၂၀၁၀ အေထြေထြေရြးေကာက္ပြဲကာလက ျပည္ခိုင္ၿဖဳိးပါတီမွ ၀င္ေရာက္ ေရြးခ်ယ္ခံခဲ့ရာ အာခါတိုင္းရင္းသားမ်ား၏ ပထမဆံုး အာခါတိုင္းရင္းသားေရးရာ၀န္ႀကီး ျဖစ္ခဲ့ၿပီး၊ ယခု ၂၀၁၆ခုႏွစ္တြင္ ျပည္ခိုင္ၿဖဳိးပါတီမွပင္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေနရာတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာ ၉၆၇၉ မဲျဖင့္ ျပည္နယ္ကိုယ္စားလွယ္အျဖစ္ ေရြးခ်ယ္ခံခဲ့ရသူ ျဖစ္သည္။
သတင္း။ ။ ကိုေဇာင္း
.........................
ကျိုင်းတုံ၊ မေလ(၁၁)
ကျိုင်းတုံမဲဆန္ဒနယ်မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးပီတာသောင်းစိန်သည် ယနေ့ မေလ(၁၁)ရက်နေ့ နံနက်(၈း၂၀)နာရီအချိန်က ရန်ကုန်ပြည်သူ့ဆေးရုံတွင် ကွယ်လွန်သွားကြောင်း နှင့် ကွယ်လွန်ချိန်တွင် အသက်(၅၈)နှစ်ရှိပြီ ဖြစ်ကြောင်း သိရသည်။
"ဒီမနက် (၈း၂၀)နာရီလောက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်သွားတာပါ။ ကျန်ရစ်ခဲ့တဲ့ ရုပ်လောင်းကို သူ့မိသားစုတွေက ကျိုင်းတုံကို ဒီနေ့ ပြန်သယ်ဖို့ လုပ်နေတယ်လို့လည်း သိရပါတယ်။"ဟု တာချီလိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဘိုစံက ပြောသည်။
ဦးပီတာသောင်းစိန်သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲကာလက ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက် ရွေးချယ်ခံခဲ့ရာ အာခါတိုင်းရင်းသားများ၏ ပထမဆုံး အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဖြစ်ခဲ့ပြီး၊ ယခု ၂၀၁၆ခုနှစ်တွင် ပြည်ခိုင်ဖြိုးပါတီမှပင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၉၆၇၉ မဲဖြင့် ပြည်နယ်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူ ဖြစ်သည်။
သတင်း။ ကိုဇောင်း