Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

နမ့္စန္ၿမိဳ႕နယ္အတြင္း အာလူးၿခံမ်ားပိုးက်၍ အထြက္ႏႈန္းက်ဆင္း

$
0
0


နမ့္စန္၊ ေမလ(၁၁)ရက္
ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ နမ့္စန္ၿမိဳ႕နယ္အတြင္း အာလူးၿခံမ်ား ပိုးက်ခဲ့သျဖင့္ ယခုႏွစ္ အာလူးအထြက္ႏွဳန္း က်ဆင္းေၾကာင္း အာလူးစိုက္ေတာင္သူမ်ားထံမွ သိရသည္။

“ဒီဘက္မွာ အာလူးစိုက္တာကေတာ့ ဧကလိုက္စိုက္တာ သိပ္မရွိဘူး။ ကိုယ္ပိုင္ျခံေတြမွာ တစ္ပိုင္တစ္ႏိုင္ စိုက္တာမ်ားတယ္။ အရင္ႏွစ္ထက္စာရင္ ျခံေတြမွာ ပိုးက်လို႔ အထြက္ႏွဳန္းေတာ့ေလ်ာ့လာတယ္”ဟု အာလူးစိုက္ေတာင္သူ ကိုစိုင္းပီးက ေျပာသည္။

ယခင္ႏွစ္က တစ္ဧက နီးပါးရွိသည့္ ျခံတစ္ျခံလွ်င္ အာလူး ပိႆာခ်ိန္ (၁၂၀၀)ခန္႔ထြက္ခဲ့ၿပီး ယခုႏွစ္တြင္ ပိႆာခ်ိန္(၈၀၀)ခန္႔သာ ထြက္ခဲ့ျခင္းျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

ရွမ္းျပည္နယ္(ေတာင္ပိုင္း ) နမ့္စန္ၿမိဳ႕နယ္၊ ၀မ္ပံုေက်းရြာအုပ္စု၊ ေနာင္ခါးေက်းရြာတြင္ အာလူးကို အမ်ားဆံုးစိုက္ပ်ိဳးၾကေၾကာင္း သိရသည္။

လက္ရိွ ေဒသတြင္း အာလူးေစ်းႏႈန္းမွာ တစ္ပိႆာလွ်င္ က်ပ္ (၄၀၀)ခန္႔မွ က်ပ္(၈၀၀)ဝန္းက်င္အထိ ေစ်းႏႈန္းအမ်ိဳးမ်ိဳးရိွေၾကာင္း သိရသည္။

နမ့္စန္ၿမိဳ႕နယ္တြင္ အာလူးကို တစ္ပိုင္တစ္ႏိုင္ စိုက္ပ်ိဳးသူ မ်ားျပားၿပီး ဇန္န၀ါရီလအတြင္းက စတင္စိုက္ပ်ိဳးကာ ဧၿပီလတြင္ ထြက္ရိွေၾကာင္း သိရသည္။

သတင္း။  ။ သန္းစိုးေအာင္(နမ့္စန္)

...................

နမ့်စန်၊ မေလ(၁၁)ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်အတွင်း အာလူးခြံများ ပိုးကျခဲ့သဖြင့် ယခုနှစ် အာလူးအထွက်နှုန်း ကျဆင်းကြောင်း အာလူးစိုက်တောင်သူများထံမှ သိရသည်။

“ဒီဘက်မှာ အာလူးစိုက်တာကတော့ ဧကလိုက်စိုက်တာ သိပ်မရှိဘူး။ ကိုယ်ပိုင်ခြံတွေမှာ တစ်ပိုင်တစ်နိုင် စိုက်တာများတယ်။ အရင်နှစ်ထက်စာရင် ခြံတွေမှာ ပိုးကျလို့ အထွက်နှုန်းတော့လျော့လာတယ်”ဟု အာလူးစိုက်တောင်သူ ကိုစိုင်းပီးက ပြောသည်။

ယခင်နှစ်က တစ်ဧက နီးပါးရှိသည့် ခြံတစ်ခြံလျှင် အာလူး ပိဿါချိန် (၁၂၀၀)ခန့်ထွက်ခဲ့ပြီး ယခုနှစ်တွင် ပိဿါချိန်(၈၀၀)ခန့်သာ ထွက်ခဲ့ခြင်းဖြစ်ကြောင်း၎င်းထံမှ သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း ) နမ့်စန်မြို့နယ်၊ ဝမ်ပုံကျေးရွာအုပ်စု၊ နောင်ခါးကျေးရွာတွင် အာလူးကို အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

လက်ရှိ ဒေသတွင်း အာလူးဈေးနှုန်းမှာ တစ်ပိဿါလျှင် ကျပ် (၄၀၀)ခန့်မှ ကျပ်(၈၀၀)ဝန်းကျင်အထိ ဈေးနှုန်းအမျိုးမျိုးရှိကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် အာလူးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူ များပြားပြီး ဇန်နဝါရီလအတွင်းက စတင်စိုက်ပျိုးကာ ဧပြီလတွင် ထွက်ရှိကြောင်း သိရသည်။

သတင်း။ သန်းစိုးအောင်(နမ့်စန်)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


ဂ်ဴးပင္ စိုက္ပ်ိဳးနည္း


သင့္ ကိုယ္လံုးတီး ပံုမ်ား အြန္လိုင္းေပၚ မေရာက္ရေလေအာင္


Bern , Switzerland, ဆြန္ဇာလန္ ႏုိင္ငံ ၊ ဘန္းၿမိဳ႕ ရဲ႕ သာယာ လွပၿပီး ရႈ မညီးတဲ့...


ရဟန္းႏွင့္ ဘြဲ႔ဒီဂရီ


ရွမ္းကုိးျပည္ တြင္ပါ၀င္ေသာ မုိးညွင္းျပည္ ႏွင့္ မုိးမိတ္ျပည္ ကို ဘုရင့္ေနာင္...


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


(၁၅) မိနစ္ တရားထိုင္နည္း


ေဒြး တိမ္ေတြ ငိုတဲ့ခဏ ၊ ေဒြး ၊ နႏၵာလႈိင္ ၊ တင့္တင့္ထြန္း ၊ ေအာင္လြင္ ၊ ဆင္မ


သာကူ⁠ၿပင္ ⁠ျပဳလုပ္နည္း


၆ႏွစ္ျပည့္ေရႊ၀ါေရာင္ေတာ္လွန္ေရးသုိ႕သမုိင္းအား လိမ္ညွာခဲ့ေသာ...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>