Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345
ကျိုင်းတုံမြို့ရေပေးဝေရေးအတွက် ဂျပန်နိုင်ငံမှ ချေးငွေကျပ်သိန်းပေါင်း (၇၀၀၀)ကျော် အသုံးပြုမည်
$
0
0
ကျိုင်းတုံ၊ မေလ (၁၀) ရက်
ဂျပန်နိုင်ငံမှ ချေးငွေကျပ်သိန်း(၇၀၀၀)ကျော်အား  ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ ရေပေးဝေရေး အတွက် ပိုက်သွယ်တန်းမှုလုပ်ငန်းတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအဖွဲ့နှင့် ကျေးလတ်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေး ကော်မတီတို့၏ ဧပြီလ (၆) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သော အစည်းအဝေး ဆုံးဖြတ်ချက်အရ ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ် (၈) မြို့နယ်ကို ချေးငွေများ ကူညီပံ့ပိုး ပေးသွားမည်ဖြစ်ပြီး၊ ကျိုင်းတုံမြို့ အတွက် ၂၀၁၆ -၂၀၁၇ ခုနှစ်အတွင်း ကျပ် သိန်းပေါင်း(၇၀၉၀) ထောက်ပံ့ကူညီရန် သဘောတူထားခြင်းဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်၊ စည်ပင်သာယာရေးကော်မတီအနေဖြင့် ၂၀၁၅ - ၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ်တွင် ကျပ်သိန်းပေါင်း (၇၆၁၀) အခွန်ကောက်ခံရန်လျာထားသော်လည်း အခွန်ကောက်ခံရရှိငွေမှာ ကျပ်သိန်းပေါင်း( ၇၉၈၄.၀၅) ရှိခဲ့ပြီး ၂၀၁၆ -၂၀၁၇ ခုနှစ်ဘဏ္ဍာနှစ်အတွက် ကျပ်သိန်းပေါင်း(၇၇၀၀) ကောက်ခံရရှိရန် လျာထားကြောင်း သိရသည်။
သတင်း။  ။ ဇင်အောင်
..............
ကျိုင်းတုံ၊ မေလ (၁၀) ရက်
ဂျပန်နိုင်ငံမှ ချေးငွေကျပ်သိန်း(၇၀၀၀)ကျော်အား ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ ရေပေးေဝရေး အတွက် ပိုက်သွယ်တန်းမှုလုပ်ငန်းတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
"လက်ရှိပိုက်သွယ်တန်းထားတဲ့နေရာက မြို့နဲ့ (၈)မိုင်အကွာမှာရှိတဲ့ ဆင်နှစ်ကောင်ကပါ။ အခု ချေးငွေနဲ့ ထပ်သွယ်မှာက (၁၁)မိုငေ်ဝးတဲ့ ပန်ကြူရေတံခွန်ကနေပါ။ ဒီရေပိုက်လိုင်းပြီးသွားရင် တစ်မြို့လုံး ရေဖူလုံသွားမယ့်အပြင် ရေကောင်းရေသန့်လည်း ရသွားမှာပါ။ အခုတိုးချဲ့သွယ်တန်းမယ့်နေရာက ရေက ပိုပြီးကြည်လင်ပါတယ်။ လုပ်ငန်းဆောင်ရွက်ဖို့ လေလံခေါ်ပါမယ်။ လေလံအောင်တဲ့ကုမ္ပဏီကနပြေီး တာဝန်ယူဆောင်ရွက်သွားမှာပါ"ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာနမှ လက်ထောက်အင်ဂျင်နီယာမှူး ဦးမြင့်ကျော်သူက ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအဖွဲ့နှင့် ကျေးလတ်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေး ကော်မတီတို့၏ ဧပြီလ (၆) ရက်နေ့တွင် နပြေည်တော်၌ ကျင်းပပြုလုပ်သော အစည်းအဝေး ဆုံးဖြတ်ချက်အရ ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ် (၈) မြို့နယ်ကို ချေးငွေများ ကူညီပံ့ပိုး ပေးသွားမည်ဖြစ်ပြီး၊ ကျိုင်းတုံမြို့ အတွက် ၂၀၁၆ -၂၀၁၇ ခုနှစ်အတွင်း ကျပ် သိန်းပေါင်း(၇၀၉၀) ထောက်ပံ့ကူညီရန် သဘောတူထားခြင်းဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်၊ စည်ပင်သာယာရေးကော်မတီအနဖြေင့် ၂၀၁၅ - ၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ်တွင် ကျပ်သိန်းပေါင်း (၇၆၁၀) အခွန်ကောက်ခံရန်လျာထားသော်လည်း အခွန်ကောက်ခံရရှိငွေမှာ ကျပ်သိန်းပေါင်း( ၇၉၈၄.ဝ၅) ရှိခဲ့ပြီး ၂၀၁၆ -၂၀၁၇ ခုနှစ်ဘဏ္ဍာနှစ်အတွက် ကျပ်သိန်းပေါင်း(၇၇၀၀) ကောက်ခံရရှိရန် လျာထားကြောင်း သိရသည်။
သတင်း။ ဇင်အောင်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
Viewing all articles
Trending Articles
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>