Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္အတြင္း ေရရွားမႈႏွင့္ ပတ္သက္၍ ေရလိုအပ္ပါက တာခ်ီလိတ္ၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနရံုးသို႔ လာေရာက္အေၾကာင္းၾကားေပးေစလို

$
0
0

တာခ်ီလိတ္၊ ဧၿပီ(၉)
တာခ်ီလိတ္ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ တာခ်ီလိတ္ၿမိဳ႕ေပၚ ရပ္ကြက္မ်ား၌ ေရရွားပါးမႈႏွင့္ ႀကံဳေတြ႕ေနရသည့္ ရပ္ကြက္မ်ားသို႔ သြားေရာက္၍ ေရမ်ား ေပးေ၀လွဴဒါန္းေပးေနလွ်က္ရွိရာ ဆက္လက္၍လည္း ေရလိုအပ္သည့္ ရပ္ကြက္မ်ား အေနျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနရံုးသို႔ လာေရာက္၍ အကူအညီေတာင္းခံႏိုင္ေၾကာင္း သိရသည္။

"မေန႔ကေတာ့ ေက်ာက္ေတာင္နဲ႔အာခါရြာဘက္မွာ ေရသြားလွဴေပးခဲ့တယ္။ ဒီေန႔ နံနက္လည္း ဦးစီးအရာရွိနဲ႔အဖြဲ႕က လြယ္စတံုေအာက္ရြာကို သြားၿပီး ေရလွဴေပးေနတယ္။ ေရလိုအပ္တဲ့ ရပ္ကြက္မ်ား အေနနဲ႔ ကြ်န္ေတာ္တို႔ မီးသတ္ရံုးကို လာေရာက္ၿပီး အကူအညီေတာင္းခံႏိုင္ပါတယ္"ဟု ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

တာခ်ီလိတ္ၿမဳိ႕ေပၚရပ္ကြက္မ်ားတြင္ ေရရွားပါးမႈမ်ားႏွင့္ ႀကံဳေတြ႕ေနရေသာ္လည္း သက္ဆိုင္ရာ ရပ္ကြက္မ်ားက မီးသတ္ရံုးသို႔ လာေရာက္အကူအညီေတာင္းခံျခင္းမရွိေသးေၾကာင္း ႏွင့္ လတ္တေလာတြင္ မကာဟိုခမ္းရပ္ကြက္တစ္ခုတည္းသာ ဆက္သြယ္အကူအညီေတာင္းခံထားေၾကာင္း သိရသည္။
...............

တာချီလိတ်၊ ဧပြီ(၉)
တာချီလိတ်မြို့နယ်မီးသတ်ဦးစီးဌာနမှ တာချီလိတ်မြို့ပေါ် ရပ်ကွက်များ၌ ရေရှားပါးမှုနှင့် ကြုံတွေ့နေရသည့် ရပ်ကွက်များသို့ သွားရောက်၍ ရေများ ပေးေဝလှူဒါန်းပေးနေလျှက်ရှိရာ ဆက်လက်၍လည်း ရေလိုအပ်သည့် ရပ်ကွက်များ အနဖြေင့် တာချီလိတ်မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ လာရောက်၍ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

"မနေ့ကတော့ ကျောက်တောင်နဲ့အာခါရွာဘက်မှာ ရေသွားလှူပေးခဲ့တယ်။ ဒီနေ့ နံနက်လည်း ဦးစီးအရာရှိနဲ့အဖွဲ့က လွယ်စတုံအောက်ရွာကို သွားပြီး ရေလှူပေးနေတယ်။ ရေလိုအပ်တဲ့ ရပ်ကွက်များ အနေနဲ့ ကျွန်တော်တို့ မီးသတ်ရုံးကို လာရောက်ပြီး အကူအညီတောင်းခံနိုင်ပါတယ်"ဟု မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တာချီလိတ်မြို့ပေါ်ရပ်ကွက်များတွင် ရေရှားပါးမှုများနှင့် ကြုံတွေ့နေရသော်လည်း သက်ဆိုင်ရာ ရပ်ကွက်များက မီးသတ်ရုံးသို့ လာရောက်အကူအညီတောင်းခံခြင်းမရှိသေးကြောင်း နှင့် လတ်တလောတွင် မကာဟိုခမ်းရပ်ကွက်တစ်ခုတည်းသာ ဆက်သွယ်အကူအညီတောင်းခံထားကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>