Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
တာချီလိတ်မြို့ပေါ်တွင် ရေရှားပါးမှုကြုံနေရ၍ မီးသတ်တပ်ဖွဲ့မှ ရေဂါလံပေါင်း (၈၀၀၀) ဖြန့်ဝေကာ လှူဒါန်းပေး
$
0
0
တာချီလိတ်၊ (၈)၊ ဧပြီ၊ ၂၀၁၆
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် ရေရှားပါးမှုနှင့်ကြုံတွေ့နေရသည့် ပုန်းထွန်ရပ်ကွက်ရှိ ကျောက်တောင် နှင့် အာခါရွာတို့တွင် မြို့နယ်မီးသတ်မှ မီးသတ်ယာဉ်နှစ်စီးဖြင့် ရေဂါလံပေါင်း (၈၀၀၀)ကို  ဧပြီလ(၈)ရက် နံနက်ပိုင်းမှ နေ့လယ်ပိုင်းအချိန်အထိ ရေဖြန့်ဝေပေးကာ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရပ်ကွက်များအတွင်း ရေဖြန့်ဝေပေးသည့်အပြင် အဆိုပါကျေးရွာများ အဓိကထား အသုံးပြုနေသည့် ရေလှောင်ကန်များတွင်လည်း ရေဖြည့်ပေးခဲ့ကြောင်း ၎င်းထံမှသိရသည်။
သတင်း။  ။ ဇောင်းညီ
..............
တာချီလိတ်၊ (၈)၊ ဧပြီ၊ ၂၀၁၆
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် ရေရှားပါးမှုနှင့်ကြုံတွေ့နေရသည့် ပုန်းထွန်ရပ်ကွက်ရှိ ကျောက်တောင် နှင့် အာခါရွာတို့တွင် မြို့နယ်မီးသတ်မှ မီးသတ်ယာဉ်နှစ်စီးဖြင့် ရေဂါလံပေါင်း (၈၀၀၀)ကို ဧပြီလ(၈)ရက် နံနက်ပိုင်းမှ နေ့လယ်ပိုင်းအချိန်အထိ ရဖြေန့်ဝေပေးကာ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
“ဒီရပ်ကွက်က ရေအခက်အခဲကြုံတွေ့နေရတယ်သတင်းရလို့ ကျွန်တော်တို့အနေနဲ့ မီးသတ်ကားတွေနဲ့ လာရောက်လှူပေးတာပါ။ အခုပေးေဝနေတာက ကျွန်တော်တို့အစီစဉ်နဲ့ ကျွန်တော်တို့ လုပ်တာပါ။ တပ်ဖွဲ့ဝင်တွေနဲ့အတူ မီးသတ်ယာဉ် (၂)စီးနဲ့ ရေဂါလံပေါင်း (၈၀၀၀)လှူခဲ့ပါတယ်။ နောက်ပြီး ရေအခက်အခဲဖြစ်နေတဲ့ တချို့ရပ်ကွက်မှာလည်း ရေပေးေဝဖို့ရှိပါတယ်။၊”ဟု တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးကျော်ကိုကိုက ပြောသည်။
ရပ်ကွက်များအတွင်း ရဖြေန့်ဝေပေးသည့်အပြင် အဆိုပါကျေးရွာများ အဓိကထား အသုံးပြုနေသည့် ရေလှောင်ကန်များတွင်လည်း ရဖြေည့်ပေးခဲ့ကြောင်း၎င်းထံမှသိရသည်။
“ရေအခက်အခဲဖြစ်နေတာက တစ်လလောက်ရှိပြီ။ အခုအာခါရွာ(၁) (၂) (၃) အဓိကထား အသုံးပြုနေတဲ့ တောင်ကျစိမ့်ရေကန်ကလည်း အရမ်းပူလို့ ရေသိပ်မထွက်တော့ဘူး။ အရင်နှစ်က ဒီနှစ်ထက် အခြေအနေမဆိုးဘူး။ ဒီနှစ်က ပိုဆိုးနေတယ်။” ဟု ပုန်းထွန်ရပ်ကွက်မှ ဆယ်အိမ်မှူး ကိုဟန်စိုးက ပြောသည်။
အဆိုပါကျေးရွာတွင် အိမ်ခြေ (၆၀)ခန့်ရှိပြီး ရေမလုံလောက်မှု ပြသနာကို တစ်လကြာ ကြုံတွေ့နေရခြင်းဖြစ်ပြီး တွင်းရေများတွေလည်း ရေထွက်အားနည်းလာ၍ အချိန်နဲ့ လုခပ်နေရကြောင်း သိရသည်။
“တွင်းရေတွေကလည်း မလောက်ဘူး။ နှစ်ရက်နေမှ တစ်ခေါက်လောက်ရေချိုးရတယ်။ မနေနိုင်လို့ ရေချိုးချင်တဲ့အခါ ရေသန့် (၁၀၀)ဖိုး၊ (၂၀၀) ဖိုးဝယ်သုံးရတယ်။”ဟု အာခါကျေးရွာမှ ဒေသခံ တစ်ဦးက ပြောသည်။
အယ်နီညိုရာသီဥတုကြောင့် တာချီလိတ်မြို့နယ်အတွင်း ရေရှားပါးမှုနှင့်ကြုံတွေ့နိုင်သည့် ကျေးရွာ(၃၀)ခန့်ရှိပြီး မိုင်းဖြတ်မြို့နယ်နှင့် မိုင်းယောင်းမြို့နယ်များတွင်လဲ ရေရှားပါးနိုင်သည့်ကျေးရွာ(၂၅)ရွာခန့်ရှိကြောင်း ကျေးလက်ဦးစီးဌာန၏ စစ်တမ်းများအရသိရသည်။
သတင်း။ ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
Viewing all articles
Browse latest Browse all 18345
Trending Articles
ဂျူးပင် စိုက်ပျိုးနည်း
ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်
Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...
ရဟန်းနှင့် ဘွဲ့ဒီဂရီ
ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ
ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...
မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်
(၁၅) မိနစ် တရားထိုင်နည်း
ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ
သာကူ⁠ပြင် ⁠ပြုလုပ်နည်း
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>