Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

စပါးက်ီေခါင္မိုးရိွ ဆိုလာျပားမွ ဝါယာႀကိဳးအပူလြန္ကဲၿပီး မီးေလာင္မႈျဖစ္

$
0
0

 မိုင္းခတ္၊ (၇)ဧၿပီ၊ ၂၀၁၆
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းခတ္ၿမိဳ႕နယ္၊ ဝမ္ခုတ္အုပ္စု၊ ပန္ခါးဝမ္မိုင္ေက်းရြာတြင္ စပါးက်ီေခါင္မိုး ေပၚရိွ ဆိုလာျပားႏွင့္ ခ်ိတ္ဆက္အားသြင္းထားသည့္ လွ်ပ္စစ္ဝါယာႀကိဳးမွ အပူခ်ိန္လြန္ကဲၿပီး မီးေလာင္မႈ ျဖစ္ပြားေၾကာင္း သိရသည္။

"ရွမ္း/အေရွ႕မွာ  ေန႔စဥ္နဲ႔ အမွ် မီးေလာင္မႈေတြျဖစ္ေနတယ္။ မီးေလာင္တဲ့ အေၾကာင္းရင္းကေတာ့ မ်ဳိးစံုပါပဲ။ လွ်ပ္စစ္နဲ႔ ပတ္သက္ၿပီး အရည္အေသြးနိမ့္္တာေတြကို စိတ္မခ်ရလို႔ မသံုးေစခ်င္ဘူး "ဟု က်ဳိင္းတံုတြဲဖက္ျပည္နယ္ဦးစီးမွဴး ဦးသိန္းျမင့္ က ေျပာသည္။

မိုင္းခတ္မီးသတ္တပ္ဖြဲ႕သို႔ ဧၿပီလ (၇) ရက္ ညေန (၃) နာရီ (၄၄) မိနစ္အခ်ိန္ခန္႔တြင္ မီးေလာင္မႈျဖစ္ပြားေၾကာင္း ဖုန္းသတင္းေရာက္ရိွလာၿပီး၊ ခ်က္ျခင္း မီးေလာင္မႈျဖစ္ပြားရာသို႔ ေရာက္ရိွကာ မီးၿငိႇမ္းသတ္ႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါမီးေလာင္မႈအား ညေန (၅) နာရီ (၁၀) မိနစ္အခ်ိန္ခန္႔၌ မီးလံုးဝၿငိႇမ္းသတ္ႏိုင္ခဲ့ၿပီး  စုစုေပါင္း ဆံုး႐ံွဳးမႈတန္ဖိုးေငြက်ပ္ (၁,၃၉၅,၀၀၀) ခန္႔ ရိွေၾကာင္း မီးသတ္ဦးစီးဌာနက ခန္႔မွန္းတြက္ခ်က္ထားသည္။

မီးေလာင္ကြၽမ္းမႈႏွင့္ စပ္လ်ဥ္းၿပီး အသက္ (၂၂) အရြယ္ အိမ္ရွင္ ေလာၾကည္အား မိုင္းခတ္ၿမိဳ႕နယ္ရဲစခန္းမွ (ပ) ၃/၂၀၁၆၊ ပုဒ္မ (၂၈၅) ျဖင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း။  ။ ဇင္ေအာင္
.................

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်၊ ဝမ်ခုတ်အုပ်စု၊ ပန်ခါးဝမ်မိုင်ကျေးရွာတွင် စပါးကျီခေါင်မိုး ပေါ်ရှိ ဆိုလာပြားနှင့် ချိတ်ဆက်အားသွင်းထားသည့် လျှပ်စစ်ဝါယာကြိုးမှ အပူချိန်လွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

"ရှမ်း/အရှေ့မှာ နေ့စဉ်နဲ့ အမျှ မီးလောင်မှုတွဖြေစ်နေတယ်။ မီးလောင်တဲ့ အကြောင်းရင်းကတော့ မျိုးစုံပါပဲ။ လျှပ်စစ်နဲ့ ပတ်သက်ပြီး အရည်အသွေးနိမ့်တာတွေကို စိတ်မချရလို့ မသုံးစေချင်ဘူး "ဟု ကျိုင်းတုံတွဲဖက်ပြည်နယ်ဦးစီးမှူး ဦးသိန်းမြင့် က ပြောသည်။

မိုင်းခတ်မီးသတ်တပ်ဖွဲ့သို့ ဧပြီလ (၇) ရက် ညနေ (၃) နာရီ (၄၄) မိနစ်အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားကြောင်း ဖုန်းသတင်းရောက်ရှိလာပြီး၊ ချက်ခြင်း မီးလောင်မှုဖြစ်ပွားရာသို့ ရောက်ရှိကာ မီးငြှိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုအား ညနေ (၅) နာရီ (၁၀) မိနစ်အချိန်ခန့်၌ မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးငွေကျပ် (၁,၃၉၅,ဝဝဝ) ခန့် ရှိကြောင်း မီးသတ်ဦးစီးဌာနက ခန့်မှန်းတွက်ချက်ထားသည်။

မီးလောင်ကျွမ်းမှုနှင့် စပ်လျဉ်းပြီး အသက် (၂၂) အရွယ် အိမ်ရှင် လောကြည်အား မိုင်းခတ်မြို့နယ်ရဲစခန်းမှ (ပ) ၃/၂၀၁၆၊ ပုဒ်မ (၂၈၅) ဖြင့် အရေးယူထားကြောင်း သိရသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>