Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345
အရက်မူးနေသည့် ဆိုင်ကယ်တက္ကစီငှားသူက ကယ်ရီငှားမရသဖြင့် ဓားဖြင့်ထိုး
$
0
0
သတင်း။  ။ ကိုဇက်
....................
တာချီလိတ်၊ ဧပြီလ (၅) ရက်။ အရက်မူးနေသူက ဆိုင်ကယ်တက္ကစီ ငှါးရမ်းရာ ဆိုင်ကယ်တက္ကစီ သမားများ မလိုက်ကြသဖြင့် ဓားဖြင့်ထိုးနှက်မှု တစ်ခု ဧပြီလ(၄)ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
"ဆိုင်ကယ်တက္ကစီငှါးတဲ့ကောင်က အရက်မူးလွန်နေတာ။ အဲဒါကြောင့် တက္ကစီသမားတွေက မလိုက်တာ။ အဲဒါကို ဆိုင်ကယ်ခေါ်တာ မလိုက်ရကောင်းလားဆိုပြီး၊ ဓားနဲ့ဝင်ထိုးတာ ခါးဝဲဘက်မှာ (၂)လက်မလောက် ပြတ်ရှဒဏ်ရာရသွားတယ်။ စိုးရိမ်ရတဲ့အခြေအနေတော့မရှိပါဘူး"ဟု တာချီလိတ်မြို့မရဲစန်းမှ စခန်းမှူး ဒု-ရဲမှူး ကျော်သန်းက ပြောသည်။
အားကစားရုံလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံ မီးပွိုင့်အနီးရှိ တက္ကစီဂိတ်တွင် သူငယ်ချင်းဖြစ်သူ ဆိုင်ကယ် တက္ကစီသမားထံ ကိုမင်းမင်း(ခ)မဲလုံး ဆိုင်ကယ်အရောင်းအဝယ်လုပ်သူမှ လာရာက် စကားပြောနေစဉ် အရက်အမူးလွန်နေသည့် အိုက်ဆတ် ဆိုသူမှာ ဆိုင်ကယ်တက္ကစီငှါးရမ်းရာ မူးနေသဖြင့် မည်သူမှ မလိုက်ချင်ကြောင်းပြောသဖြင့် ကိုမင်းမင်း(ခ)မဲလုံးနှင့် ကိုသိန်းကျော်ဦးတို့အား ဓားဖြင့် ဝင်ရောက်ထိုးနှက်ခဲ့ရာ အနီးရှိ ဆိုင်ကယ် တက္ကစီသမားများမှ ခုခံ၍ ပြန်လည်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓားဒဏ်ရာကြောင့် ကိုမင်းမင်း(ခ)မဲလုံးမှာ ခါးဝဲဘက်တွင် (၂)လက်မ ပြတ်ရှဒဏ်ရာရရှိပြီး သိန်းကျော်ဦးတွင်လည်း ခါးဝဲဘက် ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိခဲ့ကြောင်း တာချီလိတ် မြို့မရဲစခန်းမှ သိရသည်။
ဓားဖြင့် ဝင်ရောက်ထိုးနှက်ပြီး မူးယစ်ရမ်းကားသူ အိုက်ဆတ် အား တာချီလိတ်မြို့မရဲစခန်း မှ (ပ)၇၁/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၂၆/၃၂၅ ဖြင့် အမှုဖွင့်လှစ်အရေးယူထားကြောင်း သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~ ကြော်ငြာ ~~~~~~~~~
Viewing all articles
Trending Articles
တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ
တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား
စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ
တရုတ်နိုင်ငံသား နှင့် လက်ထပ်ရန် အဓမ္မခိုင်းစေသူကို အရေးယူ
"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်
မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း
လှိုင်သာယာတွင်ဖခင်ဖြစ်သူမှ သမီးအရင်း ၂ဦးအား မုဒိမ်ပြုကျင့်မှုဖြစ်ပွား
သူ့ ကိုမချစ်ဘူး......
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>