Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ေမာင္းႏွင္ေနေသာ လမ္းႀကိတ္စက္တစ္စီး မီးေလာင္မႈျဖစ္ပြား

$
0
0



က်ဳိင္းတံု၊ ဧၿပီလ(၅)။  ။ က်ဳိင္းတံုၿမိဳ႕၊ အမွတ္(၁) ရက္ကြက္၊ က်ဳိင္းတံုဟိုတယ္သစ္လမ္းတြင္ ဧၿပီလ (၅) ရက္၊ နံနက္ (၁၁) နာရီ (၁၅) မိနစ္ အခ်ိန္ခန္႔၌ လမ္းႀကိတ္စက္တစ္စီးေမာင္းႏွင္ေနစဥ္ မီးေလာင္ကြၽမ္းမႈ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရိွသည္။

"မည္သည့္ အေၾကာင္းေၾကာင့္ မီးေလာင္မႈ ျဖစ္ပြားပါေစ ကြၽန္ေတာ္တို႔မီးသတ္ဌာနကို အျမန္ဆံုး ဖုန္းဆက္သြယ္ေစခ်င္ပါတယ္။ ႀကိတ္ၿပီး မၿငိမ္းသတ္ေစခ်င္ဘူး "ဟု က်ဳိင္းတံု တြဲဖက္ျပည္နယ္မီးသတ္ဦးစီးမႈး ဦးသိန္းျမင့္က ေျပာသည္။

ယခုေလာင္ကြၽမ္းသြားရျခင္း၏ အေၾကာင္းရင္းမွာ ၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာနပိုင္ လမ္းႀကိတ္စက္ (Roller) ေမာင္းနွင္ေနစဥ္ ဘကၳရီအိုးႏွင့္ ေသာ့အံုဆက္သြယ္ထားသည့္ ဝါယာႀကိဳး အပူခ်ိန္လြန္ကဲမႈေၾကာင့္ဟုသိရသည္။

"အထက (၂) ေက်ာင္း အဝင္လမ္း ခင္းၿပီးလို႔ လမ္းႀကိတ္စက္ရပ္နားရာ စည္ပင္ဝန္ထမ္းအိမ္ယာက ဂိုေဒါင္မွာ သြားထားဖို႔ ေမာင္းလာခ်ိန္လမ္းမွာ မီးေလာင္သြားတာပါ။ သိပ္မပ်က္စီးပါဘူး။ ျပန္ျပင္ထားပါတယ္၊ မၾကာမီျပန္ေကာင္းသြားမွာပါ "ဟု က်ဳိင္းတံုၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမွ အမႈေဆာင္ အရာရိွ ဦးေက်ာ္လွက ေျပာသည္။

မီးစတင္ေလာင္ကြၽမ္းၿပီး (၉) မိနစ္ အတြင္း က်ဳိင္းတံုမီးသတ္တပ္ဖြဲ႕မွ မီးလံုးဝၿငိမ္းသတ္ႏိုင္ခဲ့၍ မီးေလာင္ကြၽမ္းမႈျဖစ္စဥ္တြင္ Start Motor တစ္လံုး၊ ဟိုက္ဒေရာလစ္ဆီပိုက္ (၁၀) ေပ (၃) ေခ်ာင္းမီးေလာင္ကြၽမ္းသြားၿပီး စုစုေပါင္း ဆံုး႐ံႈးမႈတန္ဖိုးေငြ က်ပ္ (၆၅၀၀၀) ခန္႔ ရိွေၾကာင္းသိရသည္။

မီးေလာင္ကြၽမ္းမႈေၾကာင့္ အသက္ (၃၈) ႏွစ္အရြယ္ ယာဥ္ေမာင္းသူ ဦးညီေဇာ္အားက်ဳိင္းတံုၿမိဳ႕မရဲတစခန္းမွ (ပ) ၆၅/ ၂၀၁၆၊ ပုဒ္မ (၂၈၅) ျဖင့္ အေရးယူထားေၾကာင္း သိရိွရသည္။

သတင္း ။   ။ ဇင္ေအာင္
ဓာတ္ပံု။  ။ Aung Myin Par Say
............


ကျိုင်းတုံ၊ ဧပြီလ(၅)။ ကျိုင်းတုံမြို့၊ အမှတ်(၁) ရက်ကွက်၊ ကျိုင်းတုံဟိုတယ်သစ်လမ်းတွင် ဧပြီလ (၅) ရက်၊ နံနက် (၁၁) နာရီ (၁၅) မိနစ် အချိန်ခန့်၌ လမ်းကြိတ်စက်တစ်စီးမောင်းနှင်နေစဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရှိသည်။

"မည်သည့် အကြောင်းကြောင့် မီးလောင်မှု ဖြစ်ပွားပါစေ ကျွန်တော်တို့မီးသတ်ဌာနကို အမြန်ဆုံး ဖုန်းဆက်သွယ်စေချင်ပါတယ်။ ကြိတ်ပြီး မငြိမ်းသတ်စေချင်ဘူး "ဟု ကျိုင်းတုံ တွဲဖက်ပြည်နယ်မီးသတ်ဦးစီးမှုး ဦးသိန်းမြင့်က ပြောသည်။

ယခုလောင်ကျွမ်းသွားရခြင်း၏ အကြောင်းရင်းမှာ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနပိုင် လမ်းကြိတ်စက် (Roller) မောင်းနှင်နေစဉ် ဘက္ထရီအိုးနှင့် သော့အုံဆက်သွယ်ထားသည့် ဝါယာကြိုး အပူချိန်လွန်ကဲမှုကြောင့်ဟုသိရသည်။

"အထက (၂) ကျောင်း အဝင်လမ်း ခင်းပြီးလို့ လမ်းကြိတ်စက်ရပ်နားရာ စည်ပင်ဝန်ထမ်းအိမ်ယာက ဂိုဒေါင်မှာ သွားထားဖို့ မောင်းလာချိန်လမ်းမှာ မီးလောင်သွားတာပါ။ သိပ်မပျက်စီးပါဘူး။ ပြန်ပြင်ထားပါတယ်၊ မကြာမီပြန်ကောင်းသွားမှာပါ "ဟု ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီမှ အမှုဆောင် အရာရှိ ဦးကျော်လှက ပြောသည်။

မီးစတင်လောင်ကျွမ်းပြီး (၉) မိနစ် အတွင်း ကျိုင်းတုံမီးသတ်တပ်ဖွဲ့မှ မီးလုံးဝငြိမ်းသတ်နိုင်ခဲ့၍ မီးလောင်ကျွမ်းမှုဖြစ်စဉ်တွင် Start Motor တစ်လုံး၊ ဟိုက်ဒရောလစ်ဆီပိုက် (၁၀) ပေ (၃) ချောင်းမီးလောင်ကျွမ်းသွားပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးငွေ ကျပ် (၆၅၀၀၀) ခန့် ရှိကြောင်းသိရသည်။

မီးလောင်ကျွမ်းမှုကြောင့် အသက် (၃၈) နှစ်အရွယ် ယာဉ်မောင်းသူ ဦးညီဇော်အားကျိုင်းတုံမြို့မရဲတစခန်းမှ (ပ) ၆၅/ ၂၀၁၆၊ ပုဒ်မ (၂၈၅) ဖြင့် အရေးယူထားကြောင်း သိရှိရသည်။

သတင်း။ ဇင်အောင်
ဓာတ်ပုံ။ Aung Myin Par Say
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>