Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကားပ်က္၍ လမ္းေပၚရပ္ထားသည့္ တြဲကားအား အရွိန္ျပင္းစြာ တိုက္မိသည့္ ဆုိင္ကယ္ေပၚမွ လူ ၃ ဦးေသဆံုး

$
0
0

၀မ္းတြင္း၊ ဧၿပီလ(၄)။   ။ မႏၱေလးတုိင္းေဒသႀကီး မိတၳီလာခရိုင္ ၊ သာစည္ၿမိဳ႕ႏွင့္ ၀မ္းတြင္းၿမိဳ႕ၾကား လမ္းမေပၚတြင္ ကားပ်က္၍ ရပ္ထားေသာ တြဲကားႀကီးအား (၃)ဦးစီးလာေသာ ဆိုင္ကယ္က ၀င္တိုက္မိ၍ ဆိုင္ကယ္ေပၚမွ (၃)ဦးလံုး အခင္းျဖစ္ပြားသည့္ ေနရာ၌ပင္ ေသဆံုးသြားေၾကာင္း ဝမ္းတြင္းၿမိဳ႕မ ရဲစခန္းမွ သိရသည္။

 “ဆိုင္ကယ္က ေတာ္ေတာ္ေလးကို အရွိန္ျပင္းတယ္။ အရွိန္ျပင္းျပင္းနဲ႔ေမာင္းလာၿပီး ရပ္ထားတဲ့ကားကို အေနာက္ကေန ၀င္တိုက္မိတာပါ။ ေသသြားတဲ့ တစ္ေယာက္ဆိုရင္ ဦးေခါင္းပါျပတ္သြားတယ္။ က်န္တဲ့သူေတြလည္း အဲဒီေနရာမွာ ပြဲခ်င္းၿပီးေသဆုံးသြားတာ။ ဆိုင္ကယ္ေတာင္ ကားေအာက္မွာညႇပ္ၿပီး မနည္းျပန္ထုတ္ရတယ္။”ဟု ၀မ္းတြင္းၿမိဳ႕ေဒသခံ တစ္ဦးကေျပာသည္။

ဧၿပီလ ၂ ရက္ေန႔ ည ၁၀ နာရီအခ်ိန္ခန္႔တြင္  လမ္းေဘးမခ်ဘဲ လမ္းဧရိယာတြင္ ရပ္ထားသည့္  တြဲကားအား ဆိုင္ကယ္က ဝင္တိုက္မိျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားမွသိရသည္။


ယင္းယာဥ္တိုက္မႈကုိ ဝမ္းတြင္းၿမိဳ႕မ ရဲစခန္းမွ ဟံဇားစခန္းအား ယာဥ္ (ပ) ၄/၂၀၁၆ ျဖင့္ ပုဒ္မ (၃၀၄) (က) ျဖင့္ အေရးယူ ေဆာင္ရြက္နိုင္ရန္ လြႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။

သတင္း ။   ။ ကိုလင္း(၀မ္းတြင္း)
**************


ဝမ်းတွင်း၊ ဧပြီလ(၄)။ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၊ သာစည်မြို့နှင့် ဝမ်းတွင်းမြို့ကြား လမ်းမပေါ်တွင် ကားပျက်၍ ရပ်ထားသော တွဲကားကြီးအား (၃)ဦးစီးလာသော ဆိုင်ကယ်က ဝင်တိုက်မိ၍ ဆိုင်ကယ်ပေါ်မှ (၃)ဦးလုံး အခင်းဖြစ်ပွားသည့် နေရာ၌ပင် သေဆုံးသွားကြောင်း ဝမ်းတွင်းမြို့မ ရဲစခန်းမှ သိရသည်။


 “ဆိုင်ကယ်က တော်တော်လေးကို အရှိန်ပြင်းတယ်။ အရှိန်ပြင်းပြင်းနဲ့မောင်းလာပြီး ရပ်ထားတဲ့ကားကို အနောက်ကနေ ဝင်တိုက်မိတာပါ။ သေသွားတဲ့ တစ်ယောက်ဆိုရင် ဦးခေါင်းပါပြတ်သွားတယ်။ ကျန်တဲ့သူတွေလည်း အဲဒီနေရာမှာ ပွဲချင်းပြီးသေဆုံးသွားတာ။ ဆိုင်ကယ်တောင် ကားအောက်မှာညှပ်ပြီး မနည်းပြန်ထုတ်ရတယ်။”ဟု ဝမ်းတွင်းမြို့ဒေသခံ တစ်ဦးကပြောသည်။

ဧပြီလ ၂ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် လမ်းဘေးမချဘဲ လမ်းဧရိယာတွင် ရပ်ထားသည့် တွဲကားအား ဆိုင်ကယ်က ဝင်တိုက်မိခြင်းဖြစ်ကြောင်း ဒေသခံများမှသိရသည်။
ယင်းယာဉ်တိုက်မှုကို ဝမ်းတွင်းမြို့မ ရဲစခန်းမှ ဟံဇားစခန်းအား ယာဉ် (ပ) ၄/၂၀၁၆ ဖြင့် ပုဒ်မ (၃၀၄) (က) ဖြင့် အရေးယူ ဆောင်ရွက်နိုင်ရန် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

သတင်း။ ကိုလင်း(ဝမ်းတွင်း)
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>