Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

က်ပ္သိန္းေပါင္း (၆၂,၅၀၀) ခန္႔တန္ဖိုးရိွ ICE မူးယစ္ေဆးဝါးမ်ား က်ဳိင္းတံုၿမိဳ႕တြင္ ဖမ္းမိ

$
0
0




က်ိဳင္းတံု၊ ဧၿပီလ (၂) ရက္ ။   ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ဳိင္းတံုၿမိဳ႕တြင္ ဧၿပီလ (၁) ရက္ ညေန (၃) နာရီ အခ်ိန္က က်ပ္သိန္းေပါင္း (၆၂,၅၀၀) ခန္႔တန္ဖိုးရိွ ICE မူးယစ္ေဆးဝါးမ်ားကို ဝမ္တာပင္းေက်းရြာဖက္မွ ေမာင္းနွင္လာေသာ ကားတစ္စီးထံမွ ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရိွသည္။

"သူတို႔မွာ ပါလာတဲ့ လက္နက္ေတြနဲ႔ ျပန္ခုခံဖို႔ ႀကိဳးစားလို႔ ခက္ခက္ခဲခဲ ဖမ္းဆီးလိုက္ရတယ္ "ဟု ၿမိဳ႕မရဲစခန္းမ တာဝန္ရိွသူတစ္ဦးက ေျပာသည္။

ဖမ္းဆီးရမိသည့္ ျဖစ္စဥ္မွာ ဝမ္တာပင္းေက်းရြာရိွ စရဖ (တသခ) စု (၁) စိတ္ (၃) မွ တပ္ၾကပ္ႀကီးတစ္ဦးသည္ တာပင္းေက်းရြာအုပ္စု၊ ပန္ဟုတ္ေက်းရြာအနီးတြင္ လူ (၂) ဦးေမာင္းႏွင္ေသာ ေဖာ္က်ဴးနား၊ အျဖဴေရာင္ယာဥ္တြင္ မူးယစ္ေဆးဝါးႏွင့္ လက္နက္ခဲယမ္းမ်ားသယ္ေဆာင္သြားသည္ဟု သတင္းေပးပို႔ခ်က္အရ က်ဳိင္းတံုရဲတပ္ဖြဲ႕မ်ားႏွင့္ စရဖအဖြဲ႕မ်ား ပူးေပါင္းကာ ထြက္ေျပးႏိုင္ေသာ လမ္းေၾကာင္းမ်ားအား လိုက္လံရွင္းလင္း ရွာေဖြခဲ့ရာ ညေန (၃) နာရီခန္႔တြင္ 7D/9881နံပါတ္ပါ ယာဥ္တစ္စီးအား က်ဳိင္းတံုၿမိဳ႕၊ အမွတ္ (၃) ရပ္ကြက္ ၊ ဟိုကပ္ရပ္တြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါယာဥ္ ေမာင္းႏွင္လာခဲ့ရာ မိုင္းလား - ကတ္ဖလမ္းေၾကာင္းတစ္ေလွ်ာက္တြင္ ကတ္ဖအုပ္စု၊ ျပည္သူ႔စစ္ေခါင္းေဆာင္ႏွင့္ အုပ္ခ်ဳပ္ေရးမႉးတို႔ အဖြဲ႕အား ေစာင့္ၾကည့္ရန္မွာၾကားခ်က္အရ ေဆာင္ရြက္ခဲ့ရာ ယန္းခတ္ရြာႏွင့္ နမ့္လတ္ေခ်ာင္းေဘး ခ်ံဳဘုတ္အတြင္း တစ္ေနရာတြင္ ပီႏွံအိတ္ခြံျဖင့္ ထုပ္လ်က္ အထုပ္ႀကီး (၁၂) ထုပ္အား ေတြ႕ရိွရၿပီး အဆိုပါအထုပ္မ်ားအတြင္း အစိမ္းေရာင္ေက်ာပိုးအိတ္ (၁၂) လံုးအတြင္းမွ တစ္ထုပ္လွ်င္ ICE (၁) ကီလို ဂရမ္ခန္႔စီပါ (၂၅၀) ထုပ္၊ စုစုေပါင္း (၂၅၀) ကီလိုဂရမ္ခန္႔ ကာလတန္ဖိုး က်ပ္သိန္း (၆၂၅၀၀) ခန္႔အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

အဆိုပါ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္ (၆၅) ႏွစ္အရြယ္ ဦးက်စိုးႏွင့္ အသက္ (၃၁) အရြယ္ ဦးထြန္းထြန္းမို (ေခၚ) ဦးယာထြန္းမိုး၊ က်ဳိင္းတံုၿမိဳ႕ေနထိုင္သူႏွစ္ဦးတို႔အား ဧၿပီလ (၁) ရက္တြင္ က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ မယ (ပ) ၃၇/၂၀၁၆၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစတတ္ေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မမ်ားျဖင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း သတင္းရရိွသည္။

သတင္း။  ။ ဇင္ေအာင္
..................

ကျိုင်းတုံ၊ ဧပြီလ (၂) ရက်။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဧပြီလ (၁) ရက် ညနေ (၃) နာရီ အချိန်က ကျပ်သိန်းပေါင်း (၆၂,၅၀၀) ခန့်တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများကို ဝမ်တာပင်းကျေးရွာဖက်မှ မောင်းနှင်လာသော ကားတစ်စီးထံမှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

"သူတို့မှာ ပါလာတဲ့ လက်နက်တွေနဲ့ ပြန်ခုခံဖို့ ကြိုးစားလို့ ခက်ခက်ခဲခဲ ဖမ်းဆီးလိုက်ရတယ် "ဟု မြို့မရဲစခန်းမ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးရမိသည့် ဖြစ်စဉ်မှာ ဝမ်တာပင်းကျေးရွာရှိ စရဖ (တသခ) စု (၁) စိတ် (၃) မှ တပ်ကြပ်ကြီးတစ်ဦးသည် တာပင်းကျေးရွာအုပ်စု၊ ပန်ဟုတ်ကျေးရွာအနီးတွင် လူ (၂) ဦးမောင်းနှင်သော ဖော်ကျူးနား၊ အဖြူရောင်ယာဉ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများသယ်ဆောင်သွားသည်ဟု သတင်းပေးပို့ချက်အရ ကျိုင်းတုံရဲတပ်ဖွဲ့များနှင့် စရဖအဖွဲ့များ ပူးပေါင်းကာ ထွက်ပြေးနိုင်သော လမ်းကြောင်းများအား လိုက်လံရှင်းလင်း ရှာဖွေခဲ့ရာ ညနေ (၃) နာရီခန့်တွင် 7D/9881နံပါတ်ပါ ယာဉ်တစ်စီးအား ကျိုင်းတုံမြို့၊ အမှတ် (၃) ရပ်ကွက်၊ ဟိုကပ်ရပ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ် မောင်းနှင်လာခဲ့ရာ မိုင်းလား - ကတ်ဖလမ်းကြောင်းတစ်လျှောက်တွင် ကတ်ဖအုပ်စု၊ ပြည်သူ့စစ်ခေါင်းဆောင်နှင့် အုပ်ချုပ်ရေးမှူးတို့ အဖွဲ့အား စောင့်ကြည့်ရန်မှာကြားချက်အရ ဆောင်ရွက်ခဲ့ရာ ယန်းခတ်ရွာနှင့် နမ့်လတ်ချောင်းဘေး ချုံဘုတ်အတွင်း တစ်နေရာတွင် ပီနှံအိတ်ခွံဖြင့် ထုပ်လျက် အထုပ်ကြီး (၁၂) ထုပ်အား တွေ့ရှိရပြီး အဆိုပါအထုပ်များအတွင်း အစိမ်းရောင်ကျောပိုးအိတ် (၁၂) လုံးအတွင်းမှ တစ်ထုပ်လျှင် ICE (၁) ကီလို ဂရမ်ခန့်စီပါ (၂၅၀) ထုပ်၊ စုစုပေါင်း (၂၅၀) ကီလိုဂရမ်ခန့် ကာလတန်ဖိုး ကျပ်သိန်း (၆၂၅၀၀) ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက် (၆၅) နှစ်အရွယ် ဦးကျစိုးနှင့် အသက် (၃၁) အရွယ် ဦးထွန်းထွန်းမို (ခေါ်) ဦးယာထွန်းမိုး၊ ကျိုင်းတုံမြို့နေထိုင်သူနှစ်ဦးတို့အား ဧပြီလ (၁) ရက်တွင် ကျိုင်းတုံမြို့မရဲစခန်းမှ မယ (ပ) ၃၇/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မများဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။ 

သတင်း။ ဇင်အောင်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~ ေၾကာ္ျငာ ~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တာခ်ီလိတ္ၿမိဳ႕မွာ က်င္းပၿပီး ႏိုင္ငံေပါင္း ၁၉ႏိုင္ငံက လာေရာက္မည့္...


လုလုေအာင္ HD အသစ္


Bern , Switzerland, ဆြန္ဇာလန္ ႏုိင္ငံ ၊ ဘန္းၿမိဳ႕ ရဲ႕ သာယာ လွပၿပီး ရႈ မညီးတဲ့...


ရဟန္းႏွင့္ ဘြဲ႔ဒီဂရီ


ရွမ္းကုိးျပည္ တြင္ပါ၀င္ေသာ မုိးညွင္းျပည္ ႏွင့္ မုိးမိတ္ျပည္ ကို ဘုရင့္ေနာင္...


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


(၁၅) မိနစ္ တရားထိုင္နည္း


ငတုံး ပုံျပင္ကိုအဆုံးသတ္ေပးပါ


ၿမေလး အပိုင္း(၄)


ေဒၚနယ္ထရန္႔ အိမ္ေတာ္ (သို႔မဟုတ္) အိမ္ျဖဴေတာ္ရဲ႕ ထူးျခားခ်က္မ်ား



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>