မေကြး၊ ဧၿပီလ (၂) ရက္။ ။ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ဝန္ႀကီးခ်ဳပ္က ၎၏ပိုင္ဆိုင္မႈအား ထုတ္ေဖာ္ေၾကညာလိုက္ၿပီး စီးပြားေရးလုပ္ငန္းမ်ားတြင္လည္း ရွယ္ယာဝင္ျခင္း၊ လာဘ္လာဘရယူျခင္းမ်ား လုပ္ေဆာင္မည္မဟုတ္ေၾကာင္း ေျပာၾကားလိုက္သည္။
“ကၽြန္ေတာ္႔မွာ ကိုယ္ပိုင္ မေျပာင္းေရႊ႕ႏိုင္တဲ႔ ပစၥည္း၊ အဖိုးတန္လက္ဝတ္ရတနာစသည္ျဖင့္ ဘာတစ္ခုမွ မပိုင္ဆိုင္ပါဘူး။ ျပည္တြင္း၌ေသာ္လည္းေကာင္း၊ ျပည္ပ၌ေသာ္လည္းေကာင္း ကိုယ္ပိုင္ဘဏ္စာရင္း ဖြင္႔ထားျခင္း၊ အေဆာက္အဦ၊ အိမ္ျခံေျမဝယ္ယူထားျခင္း မရိွပါဘူး”ဟု မေကြးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ေျပာသည္။
ဒုတိယအႀကိမ္ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ ပထမပံုမွန္အစည္းအေဝး သတၱမ ေန႔တြင္ ယင္းကဲ့သို႔ ေျပာၾကားသြားျခင္းျဖစ္သည္။
“ (တစ္)အခ်က္ ေဒါက္တာေအာင္မိုးညိဳဟာ ရိုးသားမႈ မွတ္တမ္းေကာင္းရိွတဲ့ ႏိုင္ငံေရးေခါင္းေဆာင္ေကာင္း တစ္ေယာက္ျဖစ္တယ္။ (ႏွစ္) အခ်က္ ၁၉၉၀ ေရြးေကာက္ပဲြမွာကတည္းက ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္တစ္ေယာက္ျဖစ္ခဲ႔ၿပီး လူ႔အခြင့္ အေရးနဲ႔ ဒီမုိကေရစီအေရးကို စြမ္းစြမ္းတမံ ေဆာင္ရြက္ခဲ့သူျဖစ္တယ္။ (သံုး)အခ်က္အေနနဲ႔ သူဟာဝန္ႀကီးခ်ဳပ္အျဖစ္ ထမ္းေဆာင္ႏိုင္တဲ့ ပညာအရည္အခ်င္း ရိွသူျဖစ္တယ္။ ေနာက္ဆံုး (ေလး)အခ်က္ကေတာ့ သူဟာ ျပည္သူေတြနဲ႔ တစ္သားတည္း ေနထိုင္တဲ႔ အေလ့အက်င့္ရိွသူ တစ္ေယာက္ျဖစ္တယ္။ ဒါ့ေၾကာင့္ ျပည္သူေတြအေပၚ တကယ္အလုပ္အေကၽြး ျပဳႏိုင္တဲ့ ေခါင္းေဆာင္ေကာင္း တစ္ေယာက္ျဖစ္မယ္လို႔ ယံုၾကည္ပါတယ္”ဟု မင္းဘူး မဲဆႏၵနယ္အမွတ္(၂)မွ လႊတ္ေတာ္ကို္ယ္စားလွယ္ ဦးေနမ်ိဳးေက်ာ္က ဆိုသည္။
တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္အျဖစ္ မတ္လ ၃၁ ရက္ေန႔က လႊတ္ေတာ္အတြင္း က်မ္းသစၥာ က်ိန္ဆို လိုက္သည့္ ေဒါက္တာေအာင္မိုးညိဳသည္ ၁၉၉၀ ေရြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူလည္း ျဖစ္သည္။
သတင္း။ ။ ဖီးနစ္
......................
မကွေး၊ ဧပြီလ (၂) ရက်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က၎င်း၏ပိုင်ဆိုင်မှုအား ထုတ်ဖော်ကြေညာလိုက်ပြီး စီးပွားရေးလုပ်ငန်းများတွင်လည်း ရှယ်ယာဝင်ခြင်း၊ လာဘ်လာဘရယူခြင်းများ လုပ်ဆောင်မည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။
“ကျွန်တော့်မှာ ကိုယ်ပိုင် မပြောင်းရွှေ့နိုင်တဲ့ ပစ္စည်း၊ အဖိုးတန်လက်ဝတ်ရတနာစသည်ဖြင့် ဘာတစ်ခုမှ မပိုင်ဆိုင်ပါဘူး။ ပြည်တွင်း၌သော်လည်းကောင်း၊ ပြည်ပ၌သော်လည်းကောင်း ကိုယ်ပိုင်ဘဏ်စာရင်း ဖွင့်ထားခြင်း၊ အဆောက်အဦ၊ အိမ်ခြံမြေဝယ်ယူထားခြင်း မရှိပါဘူး”ဟု မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမ နေ့တွင် ယင်းကဲ့သို့ ပြောကြားသွားခြင်းဖြစ်သည်။
“ (တစ်)အချက် ဒေါက်တာအောင်မိုးညိုဟာ ရိုးသားမှု မှတ်တမ်းကောင်းရှိတဲ့ နိုင်ငံရေးခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်တယ်။ (နှစ်) အချက် ၁၉၉၀ ရွေးကောက်ပွဲမှာကတည်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ဖြစ်ခဲ့ပြီး လူ့အခွင့် အရေးနဲ့ ဒီမိုကရေစီအရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူဖြစ်တယ်။ (သုံး)အချက်အနေနဲ့ သူဟာဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်နိုင်တဲ့ ပညာအရည်အချင်း ရှိသူဖြစ်တယ်။ နောက်ဆုံး (လေး)အချက်ကတော့ သူဟာ ပြည်သူတွေနဲ့ တစ်သားတည်း နေထိုင်တဲ့ အလေ့အကျင့်ရှိသူ တစ်ယောက်ဖြစ်တယ်။ ဒါ့ကြောင့် ပြည်သူတွေအပေါ် တကယ်အလုပ်အကျွေး ပြုနိုင်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်မယ်လို့ ယုံကြည်ပါတယ်”ဟု မင်းဘူး မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကို်ယ်စားလှယ် ဦးနေမျိုးကျော်က ဆိုသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် မတ်လ ၃၁ ရက်နေ့က လွှတ်တော်အတွင်း ကျမ်းသစ္စာ ကျိန်ဆို လိုက်သည့် ဒေါက်တာအောင်မိုးညိုသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်သည်။
သတင်း။ ဖီးနစ်
⊰❂ #TachileikNewsAgency#TachileikOnlineNewswww.tachileik.net ❂⊱
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~