Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မယ်ဆိုင်ရောက် မြန်မာနိုင်ငံသားများအား ကူညီနေသည့် CNCMC မှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

$
0
0

တာချီလိတ်၊ ဧပြီ(၁) ။  ။ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်း ရေးကော်မတီ (CNCMC) ၊ လုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား မတ်လ ၃၁ ရက်နေ့က ကျင်းပကြောင်း သိရသည်။

“၂၀၁၅ ခုနှစ် သြဂုတ်လအတွင်း မြန်မာပြည်အနှံ့အပြားမှာ ရေဘေးအန္တရာယ်ကျရောက်ခဲ့တဲ့အတွက် ရေဘေး ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကော်မတီဝင်များက သွားရောက် ဆောင်ရွက်နေကြတဲ့အတွက်၂၀၁၅ခုနှစ်တွင် နှစ်ပတ်လည်အစည်းအဝေး ကျင်းပနိုင်ခြင်း မရှိသလို၊ ၂၀၁၅ခုနှစ် ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံသား ၀င်းနှင့်ဇော် လွတ်မြောက်ရေးလှုပ်ရှားမှု အပြင် ၂၀၁၆ခုနှစ် ဖေဖေါ်ဝါရီလအတွင်းဖြစ်ပွားခဲ့တဲ့ နမ့်ဆန်မီးဘေး ကယ်ဆယ်ရေး လုပ်ငန်းများကြောင့် ကော်မတီရဲ့ လုပ်ငန်းများ အတိုင်းအတာတစ်ရပ် အထိ နှောင့်နှေးသွားခဲ့တဲ့အတွက် ကော်မတီကို ဖျက်သိမ်းလိုက်ကြောင်း၊ ကော်မတီဝင်များ နှုတ်ထွက်သွားကြကြောင်း စတဲ့ ကောလာဟလများ ထွက်ပေါ်လာခဲ့တာနဲ့ ပတ်သက်ပြီး ဒီအစည်းအဝေးကို ကျင်းပခြင်းဖြစ်ပါတယ်”ဟု လုပ်ငန်းကော်မတီဒုတိယဥက္ကဌ ဦးအောင်ဖြိုးရှိန်က ပြောသည်။


အဆိုပါ အစည်းအဝေးတွင် ကော်မတီအတွင်းရေးမှူး ဦးစည်သူမောင်၊ အဖွဲ့ဝင် ဦးတင့်ဆွေ ၊ ဦးသန်းထွန်း နှင့် ကော်မတီဝင်များမှ ၀ိုင်းဝန်းဆွေးနွေးအကြံပြုကြပြီးနောက် (က) ကော်မတီ နာယကအဖွဲ့နှင့် ဥက္ကဌထံ သို့ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား စဉ်ဆက်မပြတ် စာဖြင့်တင်ပြရန် (ခ) ရုံးခန်းနေရာရရှိရေး ဦးစားပေးဆောင်ရွက်နိုင်ရန်အတွက် နာယကကြီးထံ တင်ပြရန် (ဂ) ကော်မတီ၏ လုပ်ငန်းကိစ္စရပ်များမှ အပ ကော်မတီတံဆိပ်များအား သုံးစွဲခြင်း မပြုရန် (ဃ) လစဉ် နောက်ဆုံးပတ်တိုင်း ကော်မတီ အစည်းအဝေးကျင်းပရန် (င) ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် ထိုင်းနိုင်ငံအနှံ့အပြားရှိ မြန်မာ နိုင်ငံသားများအား ကူညီဆောင်ရွက်ပေးနေသော်လည်း ကော်မတီ၏ အမည်အား ယခုအတိုင်းသာ ဆက်လက်ထားရှိရန် (စ) ကော်မတီ ဥက္ကဌ ဦးဘိုလေးမှ တာဝန်မှ အနားယူရန် နှုတ်ဖြင့်တင်ပြမှုအပေါ် တက်ရောက်လာသူများ၏ ဆန္ဒအရ ခွင့်မပြုဘဲ လုပ်ငန်းကော်မတီဥက္ကဌတာဝန်အား ဆက်လက်ဆောင် ရွက်ရန် (ဆ) လုပ်ငန်းလိုအပ်ချက်အရ ဦးသန်းထွန်းအောင် ( TBC) အား အင်အား ထပ်မံဖြည့်သွင်းရန် (ဇ) ကော်မတီနာယကကြီး၏ ခွင့်ပြုချက်အရ ကော်မတီဝင်ဝတ်စုံအား အကျီအဖြူ - လုံချည်အနီ ကို အတည်ပြုရန်စသည့် ဆုံးဖြတ်ချက်များအား ချမှတ်ကြကာ လုပ်ငန်းကော်မတီအား အောက်ပါအတိုင်း တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း သိရသည်။သည်။

 ၁။ ဦးဘိုလေး  ဥက္ကဌ
 ၂။ ဦးအောင်ဖြိုးရှိန်        ဒု-ဥက္ကဌ
 ၃။ ဦးတင့်ဆွေ              အဖွဲ့ဝင်
 ၄။ ဦးမောင်လှ               အဖွဲ့ဝင်
 ၅။ ဦးအောင်မြင့်ရှိန်          အဖွဲ့ဝင်
 ၆။ ဦးစိုင်းနွံတွိ                အဖွဲ့ဝင်
 ၇။ ဒေါ်နန်းကြာဖြူ           အဖွဲ့ဝင်
 ၈။ ဦးသန်းထွန်း             မယ်ဆိုင်တာဝန်ခံ
 ၉။ ဦးဝင်းအောင်ဇော်       ပြန်ကြားရေး
၁၀။ ဦးစိုးထွန်းနိုင်            တွဲဖက်ပြန်ကြားရေး
၁၁။ ဦးစည်သူမောင်        အတွင်းရေးမှူး
၁၂။ ဦးသန်းထွန်းအောင်    တွဲဖက်အတွင်းရေးမှူး

အဆိုပါအဖွဲ့အား ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ၏ အခက်အခဲများအား ကူညီဖြေရှင်းပေးရေးနှင့် မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအား ပိုမိုစွမ်းဆောင်နိုင်ရေးတို့အား ရည်ရွယ်၍ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၃) ရက်နေ့တွင် စစ်ဗျူဟာမှူး ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သည့် နာယကအဖွဲ့ ၊မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး ဌာန ဆိုင်ရာများ ၊ အသင်းအဖွဲ့များ ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များပါဝင်သည့် အလုပ်အမှုဆောင် အဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မူလကကော်မတီဝင် (၃၀)ကျော်ရှိသော်လည်း  ပူးပေါင်းပါဝင်နိုင်မှုအားနည်းခြင်းနှင့် လုပ်ငန်းဆောင် ရွက်မှုများ ပိုမိုလျင်မြန်စွာဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၄ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးတွင် ကော်မတီဝင် (၁၁)ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>