Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကားႏွင့္ဆိုင္ကယ္ အရွိန္ျပင္းစြာ တိုက္မိရာမွ လူ(၂)ဦး ေသဆံုး

$
0
0
( ဓာတ္ပံု ။  ။ ဦးထြန္း(မယ္ဆိုင္ )

တာခ်ီလိတ္၊ မတ္လ(၃၁) ။  ။ တာခ်ီလိတ္ၿမိဳ႕ ဖန္မင္ေက်းရြာအုပ္စုရွိ ၀မ္ေကာင္းမြန္းေက်းရြာတြင္ ယာဥ္တိုက္မႈ ျဖစ္ပြားရာ အမ်ဳိးသားတစ္ဦးမွာ ေသဆံုးသြားၿပီး ကေလးငယ္တစ္ဦးမွာ မယ္ဆိုင္ေဆးရံု၌ ေဆး၀ါကုသမႈခံယူေနစဥ္ ေသဆံုးသြားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ဖန္မင္ေက်းရြာအုပ္စု၊ ၀မ္ေကာင္းမြန္းေက်းရြာရွိ တာခ်ီလိတ္ - က်ဳိင္းတံုကားလမ္းမေပၚတြင္ မတ္လ(၃၁)ရက္ေန႔ ညေနပိုင္းက ေမာ္ေတာ္ယာဥ္တစ္စီးမွ ေက်ာ္တက္စဥ္ အိုက္ဆိုက္ တစ္ဦးတည္း ေမာင္းႏွင္လာေသာ ေမာ္ေတာ္ဆိုင္ကယ္အား အရွိန္မထိန္းႏိုင္ဘဲ တိုက္မိရာမွ ေသဆံုးမႈအထိ ျဖစ္ပြားခဲ့ရျခင္း ျဖစ္ေၾကာင္း သိရသည္။

ယာဥ္တိုက္မႈတြင္ အရွိန္ျပင္းမႈေၾကာင့္ လမ္းေဘး၌ ေဆာ့ကစားေနေသာ အသက္(၁၀) ႏွင့္ အသက္(၁၃)ႏွစ္ရွိ မိန္းကေလးႏွစ္ဦးအား ၀င္တိုက္မိရာ ဆိုင္ကယ္ေမာင္းလာသူ အိုက္ဆိုက္မွာ ေသဆံုးသြားၿပီး ကေလးငယ္ ႏွစ္ဦးအနက္ တစ္ဦးမွာ မယ္ဆိုင္ေဆးရံု၌ အေရးေပၚ ေဆးကုသမႈ ခံယူရင္း ကြယ္လြန္သြားေၾကာင္းသိရသည္။

အဆိုပါ ယာဥ္တိုက္မႈႏွင့္ ပတ္သက္၍ ေမာ္ေတာ္ယာဥ္ကို ေမာင္းႏွင္လာသူ ေက်ာ္၀င္းအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ) ၁၇/၂၀၁၆၊ ျပစ္မႈ ပုဒ္မ ၃၃၈/၃၀၄-ကျဖင့္ အမႈဖြင့္လွစ္ ထားရွိေၾကာင္း သိရသည္။
*************

တာချီလိတ်၊ မတ်လ(၃၁)။ တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ ဝမ်ကောင်းမွန်းကျေးရွာတွင် ယာဉ်တိုက်မှု ဖြစ်ပွားရာ အမျိုးသားတစ်ဦးမှာ သေဆုံးသွားပြီး ကလေးငယ်တစ်ဦးမှာ မယ်ဆိုင်ဆေးရုံ၌ ဆေးဝါကုသမှုခံယူနေစဉ် သေဆုံးသွားကြောင်း သိရသည်။

တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကောင်းမွန်းကျေးရွာရှိ တာချီလိတ် - ကျိုင်းတုံကားလမ်းမပေါ်တွင် မတ်လ(၃၁)ရက်နေ့ ညနေပိုင်းက မော်တော်ယာဉ်တစ်စီးမှ ကျော်တက်စဉ် အိုက်ဆိုက် တစ်ဦးတည်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ တိုက်မိရာမှ သေဆုံးမှုအထိ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုတွင် အရှိန်ပြင်းမှုကြောင့် လမ်းဘေး၌ ဆော့ကစားနေသော အသက်(၁၀) နှင့် အသက်(၁၃)နှစ်ရှိ မိန်းကလေးနှစ်ဦးအား ဝင်တိုက်မိရာ ဆိုင်ကယ်မောင်းလာသူ အိုက်ဆိုက်မှာ သေဆုံးသွားပြီး ကလေးငယ် နှစ်ဦးအနက် တစ်ဦးမှာ မယ်ဆိုင်ဆေးရုံ၌ အရေးပေါ် ဆေးကုသမှု ခံယူရင်း ကွယ်လွန်သွားကြောင်းသိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ မော်တော်ယာဉ်ကို မောင်းနှင်လာသူ ကျော်ဝင်းအား တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၁၇/၂၀၁၆၊ ပြစ်မှု ပုဒ်မ ၃၃၈/၃၀၄-ကဖြင့် အမှုဖွင့်လှစ် ထားရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂ်ဴးပင္ စိုက္ပ်ိဳးနည္း


သင့္ ကိုယ္လံုးတီး ပံုမ်ား အြန္လိုင္းေပၚ မေရာက္ရေလေအာင္


Bern , Switzerland, ဆြန္ဇာလန္ ႏုိင္ငံ ၊ ဘန္းၿမိဳ႕ ရဲ႕ သာယာ လွပၿပီး ရႈ မညီးတဲ့...


ရဟန္းႏွင့္ ဘြဲ႔ဒီဂရီ


ရွမ္းကုိးျပည္ တြင္ပါ၀င္ေသာ မုိးညွင္းျပည္ ႏွင့္ မုိးမိတ္ျပည္ ကို ဘုရင့္ေနာင္...


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


(၁၅) မိနစ္ တရားထိုင္နည္း


ေဒြး တိမ္ေတြ ငိုတဲ့ခဏ ၊ ေဒြး ၊ နႏၵာလႈိင္ ၊ တင့္တင့္ထြန္း ၊ ေအာင္လြင္ ၊ ဆင္မ


သာကူ⁠ၿပင္ ⁠ျပဳလုပ္နည္း


၆ႏွစ္ျပည့္ေရႊ၀ါေရာင္ေတာ္လွန္ေရးသုိ႕သမုိင္းအား လိမ္ညွာခဲ့ေသာ...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>