Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ခရီးသည္တင္ မွန္လံုယာဥ္ႏွင့္ ႏြားလွည္း တိုက္မိ၍ ႏြားလွည္းေမာင္းသူ ႏွင့္ ႏြားတစ္ေကာင္ေသဆံုး

$
0
0


ေအာင္လံ၊ မတ္လ (၃၀) ရက္ ။   ။ မေကြးတိုင္းေဒသႀကီး  ၊ ေအာင္လံၿမိဳ႕နယ္ ၊ ဟိုင္းႀကီးဒိုးေက်းရြာအနီး  မက်ီးစင္တံတားတြင္ ခရီးသည္တင္ယာဥ္ႏွင္႔ ႏြားလွည္းတို႔ တိုက္မိၾက၍  ႏြားလွည္းေမာင္းသူႏွင္႔ ႏြားတစ္ေကာင္ ေသဆံုးသြားေၾကာင္း သိရသည္။

အဆိုပါေနရာတြင္ မတ္ လ ၂၉ ရက္ က ေအာင္လံၿမိဳ႕မွ ေရႊပန္းေတာေက်းရြာဘက္သို႔ ကိုကိုထြန္း(ခ)ေအာင္ပု(၂၂ႏွစ္)၊  ေအာင္လံၿမိဳ႕နယ္၊ ေရႊပန္းေတာေက်းရြာေနသူ ေမာင္းႏွင္လာေသာ ဟြန္ဒိုင္း မွန္လံု  “ေအာင္ေအာင္မင္း” ခရီးသည္ တင္ယာဥ္ႏွင္႔ ေအာင္လံၿမိဳ႕နယ္ ဟိုင္းႀကီးဒိုးေက်းရြာေနသူ ကိုျမင္႔ထြန္းႏိုင္(၃၁ႏွစ္)ေမာင္းႏွင္လာေသာ  ႏြားလွည္းတို႔  တိုက္မိၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“ႏြားလွည္းေမာင္းသူ ကိုျမင့္ထြန္းႏိုင္မွာ  ဆီးခံုၾကြက္သားစုတ္ၿပဲ၊ ဆီးခံုဝဲဘက္အရိုးက်ိဳး၊ ေယာက္်ား အဂၤါစုတ္ၿပဲဒဏ္ရာမ်ား ရရိွသြားတာေၾကာင့္ ေရႊပန္းေတာတိုက္နယ္ေဆးရံုကို ပို႔ေဆာင္ေဆးကုသမႈခံယူ ေနစဥ္မွာပဲ ေသဆံုးသြားပါတယ္။  ယာဥ္တိုက္မႈေၾကာင္႔ ႏြားတစ္ေကာင္လည္းေသဆံုးၿပီး  တစ္ေကာင္ကေတာ့ ေနာက္ေျခဝဲဘက္ေပါင္က်ိဳးသြားပါတယ္”ဟု ေရႊပန္းေတာ နယ္ေျမရဲစခန္းမွ ရဲအရာရိွတစ္ဦးက ေျပာသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ယာဥ္ကိုမဆင္မျခင္ေမာင္းႏွင္သူ ကိုကိုထြန္း(ခ)ေအာင္ပု အား မတ္လ ၂၉ ရက္တြင္ ေရႊပန္းေတာနယ္ေျမရဲစခန္းမွ ယာဥ္(ပ)၄/၂၀၁၆  ျပစ္မႈဥပေဒပုဒ္မ ၃၀၄-က အရ အမႈဖြင္႔အေရးယူ ေဆာင္ရြက္ထားေၾကာင္း ရဲစခန္းမွတ္တမ္းအရ သိရသည္။

သတင္း။  ။ #ဖီးနစ္
**********

( unicode )

အောင်လံ၊ မတ်လ (၃၀) ရက်။ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ဟိုင်းကြီးဒိုးကျေးရွာအနီး မကျီးစင်တံတားတွင် ခရီးသည်တင်ယာဉ်နှင့် နွားလှည်းတို့ တိုက်မိကြ၍ နွားလှည်းမောင်းသူနှင့် နွားတစ်ကောင် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါနေရာတွင် မတ် လ ၂၉ ရက် က အောင်လံမြို့မှ ရွှေပန်းတောကျေးရွာဘက်သို့ ကိုကိုထွန်း(ခ)အောင်ပု(၂၂နှစ်)၊ အောင်လံမြို့နယ်၊ ရွှေပန်းတောကျေးရွာနေသူ မောင်းနှင်လာသော ဟွန်ဒိုင်း မှန်လုံ “အောင်အောင်မင်း” ခရီးသည် တင်ယာဉ်နှင့် အောင်လံမြို့နယ် ဟိုင်းကြီးဒိုးကျေးရွာနေသူ ကိုမြင့်ထွန်းနိုင်(၃၁နှစ်)မောင်းနှင်လာသော နွားလှည်းတို့ တိုက်မိကြခြင်းဖြစ်ကြောင်း သိရသည်။

“နွားလှည်းမောင်းသူ ကိုမြင့်ထွန်းနိုင်မှာ ဆီးခုံကြွက်သားစုတ်ပြဲ၊ ဆီးခုံဝဲဘက်အရိုးကျိုး၊ ယောက်ျား အင်္ဂါစုတ်ပြဲဒဏ်ရာများ ရရှိသွားတာကြောင့် ရွှေပန်းတောတိုက်နယ်ဆေးရုံကို ပို့ဆောင်ဆေးကုသမှုခံယူ နေစဉ်မှာပဲ သေဆုံးသွားပါတယ်။ ယာဉ်တိုက်မှုကြောင့် နွားတစ်ကောင်လည်းသေဆုံးပြီး တစ်ကောင်ကတော့ နောက်ခြေဝဲဘက်ပေါင်ကျိုးသွားပါတယ်”ဟု ရွှေပန်းတော နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်ကိုမဆင်မခြင်မောင်းနှင်သူ ကိုကိုထွန်း(ခ)အောင်ပု အား မတ်လ ၂၉ ရက်တွင် ရွှေပန်းတောနယ်မြေရဲစခန်းမှ ယာဉ်(ပ)၄/၂၀၁၆ ပြစ်မှုဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

သတင်း။ #ဖီးနစ် 

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~ ေၾကာ္ျငာ ~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


TTA Oreo Gapp Installer


စာအုပ္​​ေပါင္​း ၆၀၀ ​ေက်ာ္​ပါတဲ႔ Link


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


အရက္ဖိုးေတာင္းသည့္ ခင္ပြန္းအား ဇနီးမွ ဓားျဖင့္ထိုး၍ ေတာင္ႀကီး၌ လူသတ္မႈျဖစ္ပြား


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


ဆားပုလင္းႏွင္းေမာင္၏ နိဂံုး


ေမာင္စြမ္းရည္ ● ဂ်ပန္စကားသင္ ေက်ာင္းသား ေမာင္ဘဂ်မ္း


ခ်ံဴျမင္တိုင္းတိုးခ်င္ေနၾကတဲ႔ ခ်စ္သူစံုတြဲမ်ား နားေထာင္ေပးပါ


လူ႕ဘဝ၏ အနွစ္သာရ တန္ဖိုး


“ဂုဏ္ယူမိပါတယ္” က်ေနာ္သိတဲ့ ကိုေနဝင္း (သို႔) ေဒါက္တာေနဝင္း။



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>