Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Jean-Marc Ayrault ၏သတင်းထုတ်ပြန်ကြော်ငြာချက်

$
0
0
၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်ဦးဆောင်သည့် မြန်မာနိုင်ငံ အစိုးရသစ်အဖွဲ့ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် နိုင်ငံတကာမှ ချီးကျူးဂုဏ်ပြုမှုများ ပို့လာသည့်အနက် ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး၏ ထုတ်ပြန်ကြော်ငြာချက်အား ဖေါ်ပြလိုက်ပါသည်။

ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး 
Mr. Jean-Marc Ayrault ၏ 
သတင်းထုတ်ပြန်ကြော်ငြာချက်  
(မတ်လ- ၃၀ ရက်နေ့ ၊ ၂၀၁၆-ခုနှစ်)

ယနေ့ ကတိသစ္စာပြုကြသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတဦးထင်ကျော် ၊ နိုင်ငံခြားရေး၊ ပညာရေး၊ စွမ်းအင်နှင့် လျှပ်စစ်၊ သမ္မတရုံးဝန်ကြီး တာဝန်များကို တာဝန်ယူရန် ခန့်အပ်ခြင်းခံရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ဝင်များအားလုံးကို ပြင်သစ်နိုင်ငံမှ ချီးကျူးဂုဏ်ပြုအပ်ပါသည်။

ဒီမိုကရေစီနှင့် လွတ်လပ်မှုရရှိရေးအတွက် ရှည်လျားသည့်ကာလအတွင်း ရဲစွမ်းသတ္တိအပြည့်ဖြင့် ဦးဆောင်တိုက်ပွဲဝင်ခဲ့သည့်ဒေါ်အောင်ဆန်းစုကြည်နှင့် သူမနှင့်အတူ ပေးဆပ်၊ စွန့်လွှတ်အနစ်နာခံပြီး တိုက်ပွဲဝင်ခဲ့ကြသူများကို ကျွန်ုပ်အနေဖြင့် ချီးကျူးအပ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ငန်း တာဝန်အသစ်များ အောင်မြင်ပါစေကြောင်း ကျွန်ုပ် ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ထို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်း အတွက် မြန်မာပြည်သူလူထု၏အသံကိုကိုယ်စားပြုပြီး ယခုအချိန်မှစတင်လျှက် တရားဝင်တာဝန် ထမ်းဆောင်တော့မည့် ဒေါ်အောင်ဆန်းစုကြည် အတွက် ကျွန်ုပ်ဝမ်းမြောက်ပျော်ရွှင်ရပါသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် အဆင့်အသစ်တစ်ခုကိုဖြတ်သန်းလိုက်သည့် မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည်လျှက်ရှိသည့် ပြင်သစ်နိုင်ငံသည် မြန်မာနိုင်ငံကြုံတွေ့နိုင်မည့် စိန်ခေါ်မှုအသစ်များကို ဖြေရှင်းရာတွင် ထောက်ခံမှုပေးနိုင်ရန် အဆင်သင့်ရှိနေပါသည်။




 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>