Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မိုင္းခတ္မွ က်ဳိင္းတံုသို႔ အလွဴပစၥည္း သြားဝယ္သူတစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္ခံရ

$
0
0

က်ဳိင္းတံု၊ မတ္လ (၁၇) ရက္ ။   ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းခတ္ၿမိဳ႕နယ္မွ ေဒသခံတစ္ဦး အလွဴ အတြက္ ပစၥည္းဝယ္ရန္ က်ိဳင္းတံုၿမိဳ႕သို႔အသြား လမ္းတြင္ ေသနတ္ျဖင့္ ပစ္ခတ္ခံလိုက္ရေၾကာင္း သိရသည္။

"ကြၽန္ေတာ္နဲ႔ ဘာရန္ၿငႇဳိးမ်ားရိွလို႔ လုပ္ရတာလဲ မသိပါဘူး။ ခုဟာက အလွဴလုပ္ဖို႔ ပစၥည္း သြားဝယ္ရင္းျဖစ္တာ။ စဥ္းစား မရေတာ့ပါဘူး"ဟု ေသနတ္ျဖင့္ ပစ္ခတ္ခံရသူ ဦးစိုင္းဆမ္ရွဲန္က ေျပာသည္။

ဦးစိုင္းဆမ္ရွဲန္သည္ မတ္လ (၁၄) ရက္ ညေန (၅) နာရီအခ်ိန္ခန္႔က သူငယ္ခ်င္းသံုးေယာက္ႏွင့္အတူ က်ဳိင္းတံုသို႔ အသြားလမ္းတြင္ ေသနတ္ျဖင့္ ပစ္ခတ္ခံရျခင္းျဖစ္ၿပီး အတူပါလာေသာ သူငယ္ခ်င္း သံုးေယာက္မွာ ေၾကာက္လန္႔တၾကား ထြက္ေျပး တိမ္းေရွာင္သြားသျဖင့္ ၎သည္ လွ်ဳိတစ္ခုအတြင္း ပုန္းခိုေနခဲ့ရကာ ေနာက္တစ္ေန႔ (၁၅) ရက္ မြန္းလြဲ တစ္နာရီခန္႔၌ က်ဳိင္းတံုျပည္သူ႕ေဆး႐ံုႀကီးသို႔ ေဆးဝါးကုသမႈခံယူရန္ ေရာက္ရိွသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရမႈေၾကာင့္ ယာဘက္လက္ေမာင္း၊ ယာဘက္ေပါင္ႏွင့္ ယာေျခက်င္းဝတ္တို႔တြင္ ေသနတ္ထိမွန္ဒဏ္ရာမ်ားရရိွခဲ့ေၾကာင္း သိရၿပီး၊ အဆိုပါ ပစ္ခတ္မႈႏွင့္ ပတ္သက္၍ မတ္လ (၁၅) ရက္ေန႔က  က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ) ၄၄/၂၀၁၆၊ ျပစ္မႈပုဒ္မ ၃၂၆ ျဖင့္ အမႈဖြင့္ ေဆာင္ရြက္ထားေၾကာင္း သိရွိရသည္။

သတင္း။  ။ ဇင္ေအာင္
*************

( unicode )

ကျိုင်းတုံ၊ မတ်လ (၁၇) ရက်။ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းခတ်မြို့နယ်မှ ဒေသခံတစ်ဦး အလှူ အတွက် ပစ္စည်းဝယ်ရန် ကျိုင်းတုံမြို့သို့အသွား လမ်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရကြောင်း သိရသည်။

"ကျွန်တော်နဲ့ ဘာရန်ငြှိုးများရှိလို့ လုပ်ရတာလဲ မသိပါဘူး။ ခုဟာက အလှူလုပ်ဖို့ ပစ္စည်း သွားဝယ်ရင်းဖြစ်တာ။ စဉ်းစား မရတော့ပါဘူး"ဟု သေနတ်ဖြင့် ပစ်ခတ်ခံရသူ ဦးစိုင်းဆမ်ရှဲန်က ပြောသည်။

ဦးစိုင်းဆမ်ရှဲန်သည် မတ်လ (၁၄) ရက် ညနေ (၅) နာရီအချိန်ခန့်က သူငယ်ချင်းသုံးယောက်နှင့်အတူ ကျိုင်းတုံသို့ အသွားလမ်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပြီး အတူပါလာသော သူငယ်ချင်း သုံးယောက်မှာ ကြောက်လန့်တကြား ထွက်ပြေး တိမ်းရှောင်သွားသဖြင့်၎င်းသည် လျှိုတစ်ခုအတွင်း ပုန်းခိုနေခဲ့ရကာ နောက်တစ်နေ့ (၁၅) ရက် မွန်းလွဲ တစ်နာရီခန့်၌ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ဆေးဝါးကုသမှုခံယူရန် ရောက်ရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရမှုကြောင့် ယာဘက်လက်မောင်း၊ ယာဘက်ပေါင်နှင့် ယာခြေကျင်းဝတ်တို့တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရပြီး၊ အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ မတ်လ (၁၅) ရက်နေ့က ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၄၄/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရှိရသည်။

သတင်း။ ဇင်အောင်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>