Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာခ်ီလိတ္နယ္စပ္ဂိတ္မွ ထိုင္းႏို္င္ငံသို႔ ယခုဘ႑ာႏွစ္ ပို႔ကုန္မ်ားတြင္ ၾကက္သြန္နီအမ်ားဆံုး တင္ပို႔ထား

$
0
0

တာခ်ီလိတ္၊ မတ္လ(၁၇)ရက္။   ။ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္နယ္စပ္ဂိတ္မွ ထိုင္းႏိုင္ငံသို႔ ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္အတြင္း အဓိကပို႔ကုန္မ်ားတြင္ ၾကက္သြန္နီတင္ပို႕မႈ အမ်ားဆံုးျဖစ္ေၾကာင္း တာခ်ီလိတ္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ သိရသည္။

"အခုဒီႏွစ္ထဲမွာ ထိုင္းႏိုင္ငံကို အဓိကတင္ပို႔တာ ၾကက္သြန္နီနဲ႔ ေထာပတ္သီးေပါ့။ ျပည္တြင္းၾကက္သြန္စိုက္ ေတာင္သူေတြဆီကေန ေတာင္ႀကီးကိုပို႔တယ္။ ေနာက္ တာခ်ီလိတ္ကတဆင့္ ထိုင္းႏိုင္ငံကို တင္ပို႔တာေပါ့"ဟု တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ ညႊန္ၾကားေရးမွဴး ဦးေအာင္သူရက ေျပာသည္။

ထိုင္းႏုိင္ငံသို႔ တာခ်ီလိတ္နယ္စပ္ဂိတ္မွ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္အတြင္း ပို႔ကုန္တန္ဖိုး အေမရိကန္ေဒၚလာ (၉.၃၉၄)သန္းရွိသည့္အနက္ ၾကက္သြန္နီတင္ပို႔ႏိုင္မႈမွာ အေမရိကန္ေဒၚလာ သန္းေပါင္း (၀.၄၈၉)သန္းရိွေၾကာင္း တာခ်ီလိတ္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ သိရသည္။

ထုိင္းႏိုင္ငံသို႔ ၾကက္သြန္တင္ပို႔မႈမွာ ၂၀၁၅-၂၀၁၆ ဘ႑ာေရးႏွစ္အတြင္း တိုးတက္လာခဲ့ျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္း ေရႀကီးမႈျဖစ္ပြားခဲ့သျဖင့္ ၾကက္သြန္နီတင္ပို႔မႈ ကန္႔သတ္ထားခဲ့ရာမွ ၾကက္သြန္နီ တင္ပို႔မႈကို ကန္႔သတ္မႈမ်ား ေျဖေလွ်ာ့ေပးလိုက္ျခင္းေၾကာင့္ျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

ထုိင္းႏိုင္ငံသို႔ တင္ပို႔ေသာ ၾကက္သြန္နီမ်ားအား ျပည္တြင္းမွ မႏၱေလး၊ စစ္ကိုင္းႏွင့္ မေကြးတိုင္း ေဒသႀကီးမ်ားရွိ အ၀ယ္ဒုိင္မ်ားမွတစ္ဆင့္ ေတာင္ႀကီးၿမိဳ႕သို႔ တင္ပို႔ၿပီး ယင္းမွတစ္ဖန္ တာခ်ီလိတ္မွ ထုိင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕သို႔ တင္ပို႔ေရာင္းခ်ေနျခင္း ျဖစ္သည္။

သတင္း ။  ။ ကိုဇက္
************


တာချီလိတ်၊ မတ်လ(၁၇)ရက်။ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း အဓိကပို့ကုန်များတွင် ကြက်သွန်နီတင်ပို့မှု အများဆုံးဖြစ်ကြောင်း တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။

"အခုဒီနှစ်ထဲမှာ ထိုင်းနိုင်ငံကို အဓိကတင်ပို့တာ ကြက်သွန်နီနဲ့ ထောပတ်သီးပေါ့။ ပြည်တွင်းကြက်သွန်စိုက် တောင်သူတွေဆီကနေ တောင်ကြီးကိုပို့တယ်။ နောက် တာချီလိတ်ကတဆင့် ထိုင်းနိုင်ငံကို တင်ပို့တာပေါ့"ဟု တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးအောင်သူရက ပြောသည်။

ထိုင်းနိုင်ငံသို့ တာချီလိတ်နယ်စပ်ဂိတ်မှ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၉.၃၉၄)သန်းရှိသည့်အနက် ကြက်သွန်နီတင်ပို့နိုင်မှုမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း (ဝ.၄၈၉)သန်းရှိကြောင်း တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။

ထိုင်းနိုင်ငံသို့ ကြက်သွန်တင်ပို့မှုမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း တိုးတက်လာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်း ရကြေီးမှုဖြစ်ပွားခဲ့သဖြင့် ကြက်သွန်နီတင်ပို့မှု ကန့်သတ်ထားခဲ့ရာမှ ကြက်သွန်နီ တင်ပို့မှုကို ကန့်သတ်မှုများ ဖြေလျှော့ပေးလိုက်ခြင်းကြောင့်ဖြစ်ကြောင်း၎င်းထံမှ သိရသည်။

ထိုင်းနိုင်ငံသို့ တင်ပို့သော ကြက်သွန်နီများအား ပြည်တွင်းမှ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်း ဒေသကြီးများရှိ အဝယ်ဒိုင်များမှတစ်ဆင့် တောင်ကြီးမြို့သို့ တင်ပို့ပြီး ယင်းမှတစ်ဖန် တာချီလိတ်မှ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ တင်ပို့ရောင်းချနခြေင်း ဖြစ်သည်။

သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>