တာချီလိတ်၊ ဖေဖော်ဝါရီလ(၂၁)။ ။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် တပ်နယ်မိသားစုများ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ (၂၁)ရက် ညနေပိုင်းက စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်ရှိ ဓမ္မာရုံအနီးတွင် ကျင်းပကြောင်း သိရသည်။
မြန်မာ့ရိုးရာအစားအစာများကို ထိန်းသိမ်းတတ်စေရန်၊ မြန်မာ့ရိုးရာပွဲတော်ကို မမေ့ပျောက်စေရန်၊ စုပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန် နှင့် အချင်းချင်း စည်းလုံးညီညွတ်မှု ထာဝစဉ် တည်ရှိနေစေရန် ရည်ရွယ်ပြီး ပြိုင်ပွဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်အသင်း ၊ အမှတ်(၃၃၁)ခြေမြန်တပ်ရင်းအသင်း၊ အမှတ်(၃၅၉) ခြေမြန်တပ်ရင်းအသင်း နှင့် အမှတ်(၅၂၆)ခြေမြန်တပ်ရင်းအသင်းတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရအသင်းများအား စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း အပါအ၀င် မြို့မိမြို့ဖ ဦးမြင့်ဦး နှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

သတင်း။ ။ ဝေယံလင်း