Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

က်ဳိင္းတုံၿမိဳ႕၌ သုံးဘီးဆိုင္ကယ္ ငွားရမ္းသူ သိသိသာသာ ေလ်ာ့နည္းလာ

$
0
0

က်ဳိင္းတုံၿမိဳ႕နယ္ရိွ ေက်းရြာမ်ားတြင္ သုံးဘီးဆိုင္ကယ္ ပိုင္ဆိုင္သူမ်ားလာသည့္အတြက္ ၂၀၁၆ ခုႏွစ္အတြင္း သုံးဘီးဆိုင္ကယ္ ငွားရမ္းသူ သိသိသာသာနည္းသြားေၾကာင္း  က်ဳိင္းတံုၿမိဳ႕မွ သံုးဘီးဆိုင္ကယ္ အငွားလိုက္သူမ်ားထံမွ သိရသည္။

"အရင္တုန္းကထက္ ခရီးသည္ေတြက ပါးသြားတယ္။ ဘာလို႔လဲဆိုေတာ့ အခုက ေတာင္ေပၚက ရြာတိုင္းလိုလို ကိုယ္ပိုင္ သုံးဘီးဆိုင္ကယ္ေတြ ရိွေနၾကၿပီ။ သူတို႔ သုံးဘီးဆိုင္ကယ္နဲ႔ သူတို႔လာၾကတယ္။ ဒါေၾကာင့္ သံုးဘီးဆိုင္ကယ္ မငွားၾကေတာ့ဘူး"ဟု သုံးဘီးဆိုင္ကယ္အငွားလိုက္သူ ကိုမ်ိဳးက ေျပာသည္။

သံုးဘီးဆိုင္ကယ္ အငွားလိုက္သူမ်ား အေနျဖင့္ ၂၀၁၅ ခုႏွစ္အတြင္းက တစ္ရက္ပ်မ္းမွ်၀င္ေငြ က်ပ္ႏွစ္ေသာင္းခန္႔ ရရိွရာမွ ၂၀၁၆ ခုႏွစ္အတြင္း တစ္ရက္ပ်မ္းမွ်၀င္ေငြ ရွစ္ေထာင္က်ပ္သာ ရရိွေတာ့ေၾကာင္း သံုးဘီးဆိုင္ကယ္အငွားလိုက္သူမ်ားထံမွ သိရသည္။

က်ိဳင္းတံုၿမိဳ႕တြင္ ၂၀၁၅ ခုႏွစ္အတြင္းက သုံးဘီးဆိုင္ကယ္ အငွားယာဥ္ အစီးေရ တစ္ေထာင္ေက်ာ္ရိွရာမွ ၂၀၁၆ ခုႏွစ္တြင္ အငွားယာဥ္ အစီးေရ (၂၀၀)ေက်ာ္သာရိွၿပီး ဂိတ္(၃)ဂိတ္ျဖင့္ က်ိဳင္းတုံၿမိဳ႕တြင္း ၿမိဳ႕ျပင္ ေျပးဆြဲေပးလွ်က္ရိွေၾကာင္း သိရသည္။

သတင္း။  ။ ဇြဲျမတ္
********************

( unicode )

ကျိုင်းတုံမြို့နယ်ရှိ ကျေးရွာများတွင် သုံးဘီးဆိုင်ကယ် ပိုင်ဆိုင်သူများလာသည့်အတွက် ၂၀၁၆ ခုနှစ်အတွင်း သုံးဘီးဆိုင်ကယ် ငှါးရမ်းသူ သိသိသာသာနည်းသွားကြောင်း ကျိုင်းတုံမြို့မှ သုံးဘီးဆိုင်ကယ် အငှါးလိုက်သူများထံမှ သိရသည်။

"အရင်တုန်းကထက် ခရီးသည်တွေက ပါးသွားတယ်။ ဘာလို့လဲဆိုတော့ အခုက တောင်ပေါ်က ရွာတိုင်းလိုလို ကိုယ်ပိုင် သုံးဘီးဆိုင်ကယ်တွေ ရှိနကြပြေီ။ သူတို့ သုံးဘီးဆိုင်ကယ်နဲ့ သူတို့လာကြတယ်။ ဒါကြောင့် သုံးဘီးဆိုင်ကယ် မငှါးကြတော့ဘူး"ဟု သုံးဘီးဆိုင်ကယ်အငှါးလိုက်သူ ကိုမျိုးက ပြောသည်။

သုံးဘီးဆိုင်ကယ် အငှါးလိုက်သူများ အနဖြေင့် ၂၀၁၅ ခုနှစ်အတွင်းက တစ်ရက်ပျမ်းမျှဝင်ငွေ ကျပ်နှစ်သောင်းခန့် ရရှိရာမှ ၂၀၁၆ ခုနှစ်အတွင်း တစ်ရက်ပျမ်းမျှဝင်ငွေ ရှစ်ထောင်ကျပ်သာ ရရှိတော့ကြောင်း သုံးဘီးဆိုင်ကယ်အငှါးလိုက်သူများထံမှ သိရသည်။

ကျိုင်းတုံမြို့တွင် ၂၀၁၅ ခုနှစ်အတွင်းက သုံးဘီးဆိုင်ကယ် အငှါးယာဉ် အစီးရေ တစ်ထောင်ကျော်ရှိရာမှ ၂၀၁၆ ခုနှစ်တွင် အငှါးယာဉ် အစီးရေ (၂၀၀)ကျော်သာရှိပြီး ဂိတ်(၃)ဂိတ်ဖြင့် ကျိုင်းတုံမြို့တွင်း မြို့ပြင် ပြေးဆွဲပေးလျှက်ရှိကြောင်း သိရသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>