Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မိုင္းျဖတ္၌ (၃)ရက္အတြင္း ကေလးငယ္ (၃၅၀၀)ခန္႔အား ပိုလီယိုေရာဂါ ကာကြယ္ေဆး တိုက္ေကြ်းမည္

$
0
0
မိုင္းျဖတ္၊ ေဖေဖာ္၀ါရီလ(၂၀)။   ။ကေလးငယ္ (၃၅၀၀)ဦးအား ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းျဖတ္ၿမိဳ႕တြင္ ေဖေဖာ္၀ါရီလ(၂၀)ရက္မွ (၂၂)ရက္ေန႔အတြင္း ပိုလီယိုေရာဂါ ကာကြယ္ေဆး တိုက္ေကၽြးမည္ျဖစ္ေၾကာင္း မိုင္းျဖတ္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ံုႏွင့္ ေက်းလက္က်န္းမာေရးဌာနမွ သိရသည္။



“ကၽြန္မတို႔ က်န္းမာေရး၀န္ႀကီးဌာန အေနနဲ႔ WHO၊ UNICEF အဖြဲ႔တို႔ ပူးေပါင္းၿပီး အသက္ (၅)ႏွစ္ေအာက္ ကေလးငယ္ေတြကို ပိုလီယိုကာကြယ္ေဆး တိုက္ေကၽြးေနပါတယ္၊ မိုင္းျဖတ္ၿမိဳ႕နယ္ အေနနဲ႔ကေတာ့ စုရပ္(၁၃၃)ေနရာခြဲၿပီး တိုက္ေကြ်းေပးသြားမွာျဖစ္ပါတယ္"ဟု ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာ ျမတ္ျမတ္ႏွင္းက ေျပာသည္။


ပိုလီယိုေရာဂါတိုက္ေကြ်းမႈအခမ္းအနားအား ၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုတြင္ ေဖေဖာ္၀ါရီလ (၂၀)ရက္ေန႔ နံနက္(၉)နာရီကက်င္းပခဲ့ၿပီး ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕၀င္မ်ား၊ ဌာနဆိုင္ရာအႀကီးအကဲမ်ား၊ က်န္းမာေရးဦးစီးဌာနတာ၀န္ရွိသူမ်ား၊ ပိုလီယိုကာကြယ္ေဆးေသာက္မည့္ (၅)ႏွစ္ေအာက္ ကေလးငယ္မ်ားႏွင့္ ေဒသခံ ျပည္သူ(၃၀၀)ခန္႔ တက္ေရာက္ခဲ့ေၾကာင္းသိရသည္။


“ အခုလို ကြ်န္မတို႔ရဲ႕ကေလးငယ္မ်ားကို ပိုလီယိုေရာဂါ မျဖစ္ေစေရးအတြက္ ပိုလီယိုကာကြယ္ေဆး တိုက္ေကၽြးေပးပါေသာ မိုင္းျဖတ္ၿမိဳ႕နယ္ က်န္းမာေရးဦးစီးဌာနအားအလြန္ေက်းဇူးတင္႐ွိပါေၾကာင္း ” ကေလးငယ္အား ပိုလီယိုကာကြယ္ေဆး လာေရာက္ တိုက္ေကၽြးသည့္ ကေလးမိခင္တစ္ဦးျဖစ္သူ ေဒၚမာလာေယာ္ မွ အခမ္းအနားတြင္ ေက်းဇူးတင္စကား ေျပာၾကားသြားသည္။

ျမန္မာႏိုင္ငံတ၀ွမ္း ပိုလီယိုေရာဂါကာကြယ္ေဆးအား ဇန္န၀ါရီလအတြင္း (၅)ႏွစ္ေအာက္ ကေလးငယ္မ်ားအား ပထမအႀကိမ္တိုက္ေကၽြးခဲ့ၿပီး ေဖေဖာ္၀ါရီလအတြင္း ဒုတိယအႀကိမ္ တိုက္ေကၽြးျခင္းျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပံု/သတင္း။  ။ ကိုသာ
**********************

( unicode )

ကလေးငယ် (၃၅၀၀)ဦးအား ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့တွင် ဖေဖော်ဝါရီလ(၂၀)ရက်မှ (၂၂)ရက်နေ့အတွင်း ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးမည်ဖြစ်ကြောင်း မိုင်းဖြတ်မြို့နယ် ပြည်သူ့ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနမှ သိရသည်။

“ကျွန်မတို့ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ WHO၊ UNICEF အဖွဲ့တို့ ပူးပေါင်းပြီး အသက် (၅)နှစ်အောက် ကလေးငယ်တွေကို ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးနေပါတယ်၊ မိုင်းဖြတ်မြို့နယ် အနေနဲ့ကတော့ စုရပ်(၁၃၃)နေရာခွဲပြီး တိုက်ကျွေးပေးသွားမှာဖြစ်ပါတယ်"ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မြတ်မြတ်နှင်းက ပြောသည်။

ပိုလီယိုရောဂါတိုက်ကျွေးမှုအခမ်းအနားအား မြို့နယ် ပြည်သူ့ဆေးရုံတွင် ဖေဖော်ဝါရီလ (၂၀)ရက်နေ့ နံနက်(၉)နာရီကကျင်းပခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူများ၊ ပိုလီယိုကာကွယ်ဆေးသောက်မည့် (၅)နှစ်အောက် ကလေးငယ်များနှင့် ဒေသခံ ပြည်သူ(၃၀၀)ခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

“ အခုလို ကျွန်မတို့ရဲ့ကလေးငယ်များကို ပိုလီယိုရောဂါ မဖြစ်စေရေးအတွက် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးပေးပါသော မိုင်းဖြတ်မြို့နယ် ကျန်းမာရေးဦးစီးဌာနအားအလွန်ကျေးဇူးတင်ရှိပါကြောင်း ” ကလေးငယ်အား ပိုလီယိုကာကွယ်ဆေး လာရောက် တိုက်ကျွေးသည့် ကလေးမိခင်တစ်ဦးဖြစ်သူ ဒေါ်မာလာယော် မှ အခမ်းအနားတွင် ကျေးဇူးတင်စကား ပြောကြားသွားသည်။

မြန်မာနိုင်ငံတဝှမ်း ပိုလီယိုရောဂါကာကွယ်ဆေးအား ဇန်နဝါရီလအတွင်း (၅)နှစ်အောက် ကလေးငယ်များအား ပထမအကြိမ်တိုက်ကျွေးခဲ့ပြီး ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ် တိုက်ကျွေးခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ/သတင်း။ ကိုသာ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>