Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

က်ဳိင္းတံု၌ ဆိုင္ကယ္အခ်င္းခ်င္း အရွိန္ျပင္းစြာ တိုက္မိရာမွ အမ်ဳိးသားတစ္ဦး ေျခေထာက္က်ဳိး

$
0
0
ဓာတ္ပံု။  ။ Thura LwinAung

က်ဳိင္းတုံ - မိုင္းခတ္သြားလမ္း ေနာင္ဖာရပ္ကြက္ ၾကက္ဆီထမင္းဆိုင္အနီးတြင္ ေဖေဖာ္၀ါရီလ (၁၈)ရက္ ည(၁၀)နာရီခြဲ၀န္းက်င္က ျဖစ္ပြားခဲ့ေသာ ယာဥ္တိုက္မႈေၾကာင့္ ယာဥ္ေမာင္းတစ္ဦး ေျခေထာက္က်ိဳးသြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ က်ဳိင္းတုံၿမိဳ႕တြင္းဘက္မွ ကန္နားလုံရပ္ကြက္ဘက္သို႔ ယာဥ္ေမာင္း စိုင္းလုံတစ္ေမာင္းႏွင္ေသာ ဟြန္ဒါေ၀့ဖ္-၁၁၀ အျပာေရာင္ ဆိုင္ကယ္သည္ မ်က္ႏွာခ်င္းဆိုင္ တစ္ဖတ္ယာဥ္ေၾကာ အတြင္းသို႔ေရာက္႐ိွကာ ကန္နားလုံရပ္ကြက္ဘက္မွ က်ိဳင္းတုံၿမိဳ႕တြင္းသို႔ ယာဥ္ေမာင္း ေလာ္ဆာေမာင္းႏွင္လာေသာ ဟြန္ဒါေ၀့ဖ္-၁၁၀၊ အနက္ေရာင္ ဆိုင္ကယ္အား ၀င္ေရာက္တိုက္မိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ စိုင္းလုံတစ္တြင္ ၀ဲဘက္ေျခေထာက္ပြန္းပဲ့ ဒဏ္ရာ၊ ၀ဲဘက္ လက္ဖမိုး ဖူးေရာင္ဒဏ္ရာ၊ ခါးယာဘက္ပြန္းပဲ့ဒဏ္ရာ (မစိုးရိမ္ရ)ႏွင့္ ေလာ္ဆာတြင္ ၀ဲေျခသလုံး ေအာက္ပုိင္းက်ဳိးဒဏ္ရာ၊ ၀ဲဘက္လက္ေခ်ာင္းမ်ား ပြန္းပဲ့ဒဏ္ရာ (စိုးရိမ္ရ)တို႔ အသီးသီးရ႐ိွခဲ့သျဖင့္ က်ဳိင္းတုံေဆး႐ုံတြင္ အတြင္းလူနာအျဖစ္ ေဆး၀ါးကုသမႈ ခံယူလွ်က္႐ိွသည္။

ယာဥ္အား မဆင္မျခင္ ေမာင္းႏွင္မႈေၾကာင့္ တစ္ဘက္ယာဥ္ေၾကာအတြင္းသို႔ ၀င္ေရာက္တိုက္မိခဲ့ၿပီး မိမိႏွင့္အျခားသူအား ဒဏ္ရာရေစသူ ယာဥ္ေမာင္း စိုင္းလုံတစ္အား က်ဳိင္းတုံၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၇/၂၀၁၆၊ ျပစ္မႈပုဒ္မ ၃၃၇/၃၃၈အရ အမႈဖြင့္ထားေၾကာင္း က်ဳိင္းတံုယာဥ္ထိန္းရဲတပ္ဖြဲ႔မွ သိရသည္။

သတင္း။  ။ ဇြဲျမတ္
ဓာတ္ပံု။  ။ Thura LwinAung
***********************

( unicode )

ကျိုင်းတုံ - မိုင်းခတ်သွားလမ်း နောင်ဖာရပ်ကွက် ကြက်ဆီထမင်းဆိုင်အနီးတွင် ဖေဖော်ဝါရီလ (၁၈)ရက် ည(၁၀)နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းတစ်ဦး ခြေထောက်ကျိုးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျိုင်းတုံမြို့တွင်းဘက်မှ ကန်နားလုံရပ်ကွက်ဘက်သို့ ယာဉ်မောင်း စိုင်းလုံတစ်မောင်းနှင်သော ဟွန်ဒေါဝ့ဖ်-၁၁၀ အပြာရောင် ဆိုင်ကယ်သည် မျက်နှာချင်းဆိုင် တစ်ဖတ်ယာဉ်ကြော အတွင်းသို့ရောက်ရှိကာ ကန်နားလုံရပ်ကွက်ဘက်မှ ကျိုင်းတုံမြို့တွင်းသို့ ယာဉ်မောင်း လော်ဆာမောင်းနှင်လာသော ဟွန်ဒေါဝ့ဖ်-၁၁၀၊ အနက်ရောင် ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် စိုင်းလုံတစ်တွင် ဝဲဘက်ခြေထောက်ပွန်းပဲ့ ဒဏ်ရာ၊ ဝဲဘက် လက်ဖမိုး ဖူးရောင်ဒဏ်ရာ၊ ခါးယာဘက်ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)နှင့် လော်ဆာတွင် ဝဲခြေသလုံး အောက်ပိုင်းကျိုးဒဏ်ရာ၊ ဝဲဘက်လက်ချောင်းများ ပွန်းပဲ့ဒဏ်ရာ (စိုးရိမ်ရ)တို့ အသီးသီးရရှိခဲ့သဖြင့် ကျိုင်းတုံဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူလျှက်ရှိသည်။

ယာဉ်အား မဆင်မခြင် မောင်းနှင်မှုကြောင့် တစ်ဘက်ယာဉ်ကြောအတွင်းသို့ ဝင်ရောက်တိုက်မိခဲ့ပြီး မိမိနှင့်အခြားသူအား ဒဏ်ရာရစေသူ ယာဉ်မောင်း စိုင်းလုံတစ်အား ကျိုင်းတုံမြို့မရဲစခန်းတွင် ယာဉ်(ပ)၇/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈အရ အမှုဖွင့်ထားကြောင်း ကျိုင်းတုံယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

သတင်း။ ဇွဲမြတ်
ဓာတ်ပုံ။ Thura LwinAung

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>