Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

Oppo ၏ အသစ္ထြက္ေသာ ဖုန္းမ်ားတြင္ အပိုပစၥည္းမ်ား ထည့္ေပးျခင္းေၾကာင့္ လူႀကိဳက္မ်ားလာ

$
0
0

Oppo ၏ အသစ္ထြက္ေသာ ဖုန္းမ်ားတြင္ အပိုပစၥည္းမ်ား ထည့္ေပးျခင္းေၾကာင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံု၊ တာခ်ီလိတ္ၿမိဳ႕မ်ားရိွ ဖုန္းေစ်းကြက္တြင္ ေဖေဖာ္၀ါရီလအတြင္း ေရာင္းအားသြက္လာေၾကာင္း ဖုန္းအေရာင္းဆိုင္မ်ားမွ သိရသည္။

"အခုအသစ္ထြက္တဲ့ Nero 7 နဲ႔ F1 ေတြက အပိုပစၥည္းေတြပါေတာ့ လူႀကိဳက္ပိုမ်ားလာတယ္။ Nero 7 ဆိုရင္ အပိုပစၥည္း(၇)မ်ိဳးပါၿပီး အခုရက္ပုိင္းအတြင္းျဖန္႔ေနတဲ့ F1 ဆိုရင္ အပိုပစၥည္း(၈)မ်ိဳးေလာက္ပါတယ္။ ဒါေၾကာင့္ လူႀကိဳက္မ်ားတာပါ"ဟု ရွမ္းျပည္နယ္အေရွ႕ပိုင္း Oppo အေရာင္းျမႇင့္တင္ေရး မန္ေနဂ်ာ ကိုမ်ိဳးထိုက္က ေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ Oppo ဖုန္းေရာင္းခ်ရမႈမွာ လစဥ္ ပ်မ္းမွ် အလံုးေရ(၁၀၀၀)ခန္႔ရွိၿပီး Nero 7 ေမာ္ဒယ္အမ်ိဳးအစားမွာ ေရာင္းခ်ရမႈ အမ်ားဆံုးျဖစ္ေၾကာင္း၊ ယခု အသစ္ထြက္ရွိေသာ F1 အား ေစ်းကြက္အတြင္း ေဖေဖာ္၀ါရီ(၉)ရက္ေန႔မွ စတင္၍ ျဖန္႔ျဖဴးလွ်က္ရွွိေၾကာင္း ၎ထံမွ သိရသည္။

"ကၽြန္ေတာ္တို႔ ဆိုင္မွာ ေရာင္းအေကာင္းဆံုးဖုန္းဆိုရင္ Oppo အမ်ိိဳးအစားေတြ မ်ားတယ္။ Samsaung ထက္စာရင္ ေစ်းလည္းသက္သာတယ္။ အရည္အေသြးလည္း အတူတူေလာက္နီးနီးျဖစ္ေတာ့ လူႀကိဳက္မ်ားၾကတယ္"ဟု Top Mobile ဖုန္းအေရာင္းဆိုင္ပိုင္ရွင္ ကိုဆန္းမင္းဦးကေျပာသည္။

ဖုန္းေစ်းကြက္အတြင္း ေရာင္းအားေကာင္းလွ်က္ရွိေသာ Nero 7 ဖုန္းမွာ စတင္ျဖန္႔ျဖဴးခ်ိန္မွ စ၍ (၂)လအတြင္း အလံုးေရ(၁၀၀၀)ခန္႔ ေရာင္းခ်ထားရၿပီး တန္ဖိုး က်ပ္(၁၉၉,၀၀၀) ႏွင့္ေရာင္းခ်လွ်က္ရွိရာ အသစ္ထြက္ရွိေသာ Oppo F1 အား က်ပ္(၂၉၉,၀၀၀) ျဖင့္ ေရာင္းခ်လွ်က္ရွိေၾကာင္း ဖုန္းအေရာင္းဆိုင္မ်ားမွ သိရသည္။
********************

( unicode )

Oppo၏ အသစ်ထွက်သော ဖုန်းများတွင် အပိုပစ္စည်းများ ထည့်ပေးခြင်းကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်မြို့များရှိ ဖုန်းဈေးကွက်တွင် ဖေဖော်ဝါရီလအတွင်း ရောင်းအားသွက်လာကြောင်း ဖုန်းအရောင်းဆိုင်များမှ သိရသည်။

"အခုအသစ်ထွက်တဲ့ Nero 7 နဲ့ F1 တွေက အပိုပစ္စည်းတွေပါတော့ လူကြိုက်ပိုများလာတယ်။ Nero 7 ဆိုရင် အပိုပစ္စည်း(၇)မျိုးပါပြီး အခုရက်ပိုင်းအတွင်းဖြန့်နေတဲ့ F1 ဆိုရင် အပိုပစ္စည်း(၈)မျိုးလောက်ပါတယ်။ ဒါကြောင့် လူကြိုက်များတာပါ"ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း Oppo အရောင်းမြှင့်တင်ရေး မန်နေဂျာ ကိုမျိုးထိုက်က ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် Oppo ဖုန်းရောင်းချရမှုမှာ လစဉ် ပျမ်းမျှ အလုံးရေ(၁၀၀၀)ခန့်ရှိပြီး Nero 7 မော်ဒယ်အမျိုးအစားမှာ ရောင်းချရမှု အများဆုံးဖြစ်ကြောင်း၊ ယခု အသစ်ထွက်ရှိသော F1 အား ဈေးကွက်အတွင်း ဖေဖော်ဝါရီ(၉)ရက်နေ့မှ စတင်၍ ဖြန့်ဖြူးလျှက်ရှိကြောင်း၎င်းထံမှ သိရသည်။

"ကျွန်တော်တို့ ဆိုင်မှာ ရောင်းအကောင်းဆုံးဖုန်းဆိုရင် Oppo အမျိုးအစားတွေ များတယ်။ Samsaung ထက်စာရင် ဈေးလည်းသက်သာတယ်။ အရည်အသွေးလည်း အတူတူလောက်နီးနီးဖြစ်တော့ လူကြိုက်များကြတယ်"ဟု Top Mobile ဖုန်းအရောင်းဆိုင်ပိုင်ရှင် ကိုဆန်းမင်းဦးကပြောသည်။

ဖုန်းဈေးကွက်အတွင်း ရောင်းအားကောင်းလျှက်ရှိသော Nero 7 ဖုန်းမှာ စတင်ဖြန့်ဖြူးချိန်မှ စ၍ (၂)လအတွင်း အလုံးရေ(၁၀၀၀)ခန့် ရောင်းချထားရပြီး တန်ဖိုး ကျပ်(၁၉၉,ဝဝဝ) နှင့်ရောင်းချလျှက်ရှိရာ အသစ်ထွက်ရှိသော Oppo F1 အား ကျပ်(၂၉၉,ဝဝဝ) ဖြင့် ရောင်းချလျှက်ရှိကြောင်း ဖုန်းအရောင်းဆိုင်များမှ သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~ ေၾကာ္ျငာ ~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles


တာခ်ီလိတ္ၿမိဳ႕မွာ က်င္းပၿပီး ႏိုင္ငံေပါင္း ၁၉ႏိုင္ငံက လာေရာက္မည့္...


သင့္ ကိုယ္လံုးတီး ပံုမ်ား အြန္လိုင္းေပၚ မေရာက္ရေလေအာင္


Bern , Switzerland, ဆြန္ဇာလန္ ႏုိင္ငံ ၊ ဘန္းၿမိဳ႕ ရဲ႕ သာယာ လွပၿပီး ရႈ မညီးတဲ့...


ရဟန္းႏွင့္ ဘြဲ႔ဒီဂရီ


ရွမ္းကုိးျပည္ တြင္ပါ၀င္ေသာ မုိးညွင္းျပည္ ႏွင့္ မုိးမိတ္ျပည္ ကို ဘုရင့္ေနာင္...


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


(၁၅) မိနစ္ တရားထိုင္နည္း


ေဒြး တိမ္ေတြ ငိုတဲ့ခဏ ၊ ေဒြး ၊ နႏၵာလႈိင္ ၊ တင့္တင့္ထြန္း ၊ ေအာင္လြင္ ၊ ဆင္မ


မတ္ပဲမ်ိဳးမ်ား၏ အရည္အခ်င္းလကၡဏာမ်ား


၆ႏွစ္ျပည့္ေရႊ၀ါေရာင္ေတာ္လွန္ေရးသုိ႕သမုိင္းအား လိမ္ညွာခဲ့ေသာ...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>