Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာခ်ီလိတ္၌ ျပည္ေထာင္စုေန႔အတြင္း မူးယစ္ေဆး၀ါးႏွင့္ လက္နက္မ်ား ဖမ္းဆီးရမိ

$
0
0
ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာအုပ္စုအတြင္း လက္နက္ခဲယမ္းမ်ားႏွင့္ မူးယစ္ေဆး၀ါးမ်ားကို ျပည္ေထာင္စုေန႔ ျဖစ္သည့္ ေဖေဖာ္၀ါရီလ(၁၂)ရက္ နံနက္(၅)နာရီ၀န္းက်င္က ဖမ္းဆီးရမိေၾကာင္း တာခ်ီလိတ္ နယ္ေျမခံတပ္မွ သိရသည္။


တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စု ယန္းခမ္းရြာတြင္ တာခ်ီလိတ္နယ္ေျမခံတပ္မွ အရာရွိ ဦးစီးသည့္ အဖြဲ႔ႏွင့္ မူးယစ္တပ္ဖြဲ႔စု (၃၀)တာခ်ီလိတ္မွ ရဲအုပ္ ရဲ၀င္းထြန္း ဦးစီးသည့္ တပ္ဖြဲ႔၀င္မ်ားက သတင္းအရ မိုင္းကိုးေက်းရြာအုပ္စု ယန္းခမ္းရြာေန ဦးစိုင္းေအး၏ ေနအိမ္အား ၀င္ေရာက္ရွာေဖြရာ ေနအိမ္အတြင္း ကာလတန္ဖိုးေငြ က်ပ္သိန္းေပါင္း(၂၅၀၀)ခန္႔ တန္ဖိုးရွိသည့္ WY စာတမ္းပါ စိတ္ၾကြရူးသြပ္ေဆးျပား (၁၀၀၀၀၀)၊ က်ပ္(၁၅)သိန္းေက်ာ္တန္ဖိုးရွိသည့္ ကဖင္း (၁၉)ကီလိုခန္႔ ႏွင့္ ဆူဒိုအက္ဖဒရင္းေဆးျပား (၁၀၀၀)ျပား အျပင္၊ စိတ္ႂကြေဆးျပား ရိုက္ရာမွာ သံုးသည့္ Wy စာတမ္းပါ သံမႈိ (၁၂) ေခ်ာင္း၊ အေပါက္ေဖာက္သံထည္ (၅)ခု ႏွင့္အတူ ပြိဳင့္ (၃၈)ပစၥတို (၁)လက္၊ တူမီးေသနတ္(၁)လက္၊ ေလေသနတ္(အတို) (၁)လက္၊ ေလေသနတ္(အရွည္) (၁)လက္ႏွင့္ အမ္ - ၉၁ လက္ပစ္ဗံုး (၁)လံုးတို႔ကို ရွာေဖြေတြ႕ရွိရေၾကာင္း သိရသည္။


အဆိုပါကိစၥႏွွင့္ ပတ္သက္၍ ထြက္ေျပးတိမ္းေရွာင္ေနသည့္ တရားခံအား ဖမ္းဆီး ရမိေရးအတြက္ ပူးေပါင္းအဖြဲ႔ျဖင့္ ဆက္လက္ေဆာင္ရြက္ေနလွ်က္ရွိၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္ထားရွိေၾကာင္း သိရသည္။
***********

( unicode )

မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စုအတွင်း လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများကို ပြည်ထောင်စုနေ့ ဖြစ်သည့် ဖေဖော်ဝါရီလ(၁၂)ရက် နံနက်(၅)နာရီဝန်းကျင်က ဖမ်းဆီးရမိကြောင်း တာချီလိတ် နယ်မြေခံတပ်မှ သိရသည်။

တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု ယန်းခမ်းရွာတွင် တာချီလိတ်နယ်မြေခံတပ်မှ အရာရှိ ဦးစီးသည့် အဖွဲ့နှင့် မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ ရဲအုပ် ရဲဝင်းထွန်း ဦးစီးသည့် တပ်ဖွဲ့ဝင်များက သတင်းအရ မိုင်းကိုးကျေးရွာအုပ်စု ယန်းခမ်းရွာနေ ဦးစိုင်းအေး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း(၂၅၀၀)ခန့် တန်ဖိုးရှိသည့် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ( ၁၀၀၀၀၀)၊ ကျပ်(၁၅)သိန်းကျော်တန်ဖိုးရှိသည့် ကဖင်း (၁၉)ကီလိုခန့် နှင့် ဆူဒိုအက်ဖဒရင်းဆေးပြား (၁၀၀၀)ပြား အပြင်၊ စိတ်ကြွဆေးပြား ရိုက်ရာမှာ သုံးသည့် Wy စာတမ်းပါ သံမှို (၁၂) ချောင်း၊ အပေါက်ဖောက်သံထည် (၅)ခု နှင့်အတူ ပွိုင့် (၃၈)ပစ္စတို (၁)လက်၊ တူမီးသေနတ်(၁)လက်၊ လေသေနတ်(အတို) (၁)လက်၊ လေသေနတ်(အရှည်) (၁)လက်နှင့် အမ် - ၉၁ လက်ပစ်ဗုံး (၁)လုံးတို့ကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။


အဆိုပါကိစ္စနှင့် ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံအား ဖမ်းဆီး ရမိရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် ဆက်လက်ဆောင်ရွက်နေလျှက်ရှိပြီး တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>