Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကျိုင်းတုံ ကလေးပြုစုရေးဌာနတွင် မိဘမဲ့ကလေးများ အတွက် ဆရာအင်အားနှင့် ရန်ပုံငွေ လိုအပ်နေ

$
0
0
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံ ကလေးပြုစုရေးဌာနတွင် ဆရာ၊ ဆရာမအင်အားနှင့် ရန်ပုံငွေ မလုံလောက်မှုများ ကြုံတွေ့နေရကြောင်း ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။


"ဆရာမတို့ကျောင်းမှာ မိဘမဲ့ကလေး (၅၀)ရှိပါတယ်။ ဆရာမအင်အားက (၆)ဦးပဲ ရှိတဲ့အတွက် အခက်အခဲရှိပါတယ်။ ပြီးရင် နိုင်ငံတော်က ကလေးတစ်ယောက်ကို စားစရိတ် တစ်ရက်(၄၀၀)ကျပ်ပဲ ထောက်ပံ့တဲ့အတွက် စားသောက်ရေးမှာ အလှူရှင်တွေက ရှိပေမဲ့ ကလေးတွေရဲ့ အထွေထွေ သုံးစရိတ်အတွက် ရန်ပုံငွေက လိုအပ်နေပါတယ်"ဟု ကလေးပြုစုရေးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီခိုင်က ပြောသည်။


လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ အဆိုပါကျောင်းတွင် မိမဲ့၊ ဖမဲ့၊ မိဘမဲ့၊ မိဘများက ပြစ်ဒဏ်ကျခံနေရ၍ ကာကွယ်စောင့်ရှောက်မှု လိုအပ်နေသော ကလေးစုစုပေါင်း (၅၀)ဦးရှိသည့်အနက် သူငယ်တန်းမှ စတုတ္ထတန်းအထိ ပညာသင်ကြားနေသော ကလေး(၄၄)ဦး၊ မူကြိုအရွယ်ကလေး (၆)ဦးရှိကြောင်းနှင့် အဆိုပါ ကျိုင်းတုံကလေးပြုစုရေးဌာနကို ၁၉၇၈ ခုနှစ်ကတည်းက စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံကလေးပြုစုရေးဌာန
084-21313

သတင်း/ဓာတ်ပုံ။  ။ ဇွဲမြတ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>