Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

က်ိဳင္းတုံနည္းပညာတကၠသိုလ္၏ ဘြဲ႔ႏွင္းသဘင္တြင္ ကင္မရာတစ္လံုး က်ပ္(၃၀၀၀)ႏႈန္း ေကာက္ယူ

$
0
0

ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတုံနည္းပညာတကၠသိုလ္တြင္ ၂၀၁၆ ခုႏွစ္၊ ေဖေဖာ္၀ါရီလ (၇)ရက္က က်င္းပသည့္ ဘြဲ႔ႏွင္းသဘင္တြင္ ကန္ထရိုက္ယူသည့္ ဓာတ္ပံုဆရာမွလြဲ၍ မီဒီယာမ်ား အပါအဝင္ က်န္ကင္မရာမ်ားကို (၃၀၀၀)က်ပ္ႏႈန္း ေကာက္ခံေၾကာင္း သိရသည္။

“ဘြဲ႔ရသူေတြကို ဘြဲ႔ေပးတဲ့အခ်ိန္မွာ ဘြဲ႔ေပးတဲ့ခန္းမထဲမွာရိွတဲ့ ဓာတ္ပုံဆရာတစ္ေယာက္က သူတို႔ဓာတ္ပုံ႐ိုက္တာ အေႏွာင့္အယွက္ျဖစ္တဲ့အတြက္ ကၽြန္ေတာ့္ကို သတင္းဓာတ္ပုံ ႐ိုက္ခြင့္မေပးပါဘူး။ ဓာတ္ပုံလိုခ်င္ရင္ ေနာက္မွေပးမယ္လို႔ ေျပာပါတယ္"ဟု ဘြဲ႔ႏွင္းသဘင္သို႔ သတင္းယူရန္သြားခဲ့သည့္ သတင္းေထာက္တစ္ဦးက ေျပာသည္။

အဆိုပါ ဘြဲ႔ႏွင္းသဘင္တြင္ ေက်ာင္းမွ ငွားရမ္းထားသည္ဟု ယူဆရသည့္ ဓာတ္ပုံဆရာမ်ားမွ တာ၀န္ယူကာ မွတ္တမ္းဓာတ္ပုံမ်ား ႐ိုက္ခဲ့ၾကၿပီး အျခားကင္မရာမ်ားအား ေငြေၾကးေကာက္ခံေသာ္လည္း ကန္ထရိုုက္ေပးထားျခင္းမရိွေၾကာင္း ေက်ာင္းမွ တာဝန္ရိွသူက ဆိုသည္။

"ကၽြန္ေတာ္တို႔ေက်ာင္းရဲ႕ စီမံအဖြဲ႔နဲ႔ညိႇၿပီးေတာ့ ဒီပြဲျဖစ္ေျမာက္ေရးအတြက္ ဓာတ္ပုံဆရာမ်ားကို ေခၚခဲ့တာပါ။ ကန္ထ႐ိုက္ေပးတယ္ဆိုတာေတာ့ မဟုတ္ပါဘူး။ မီဒီယာေတြက်ေတာ့ ကၽြန္ေတာ္တို႔ကို ႀကိဳေျပာရမွာေပါ့။ မဟုတ္ရင္ ပြဲမွာ အဆင္မေျပမႈေတြျဖစ္လာမွာ စိုးလို႔ပါ"ဟု က်ဳိင္းတုံနည္းပညာတကၠသိုလ္ ေက်ာင္းအုပ္ဆရာႀကီး ေဒါက္တာေက်ာ္သာထြန္းက ဆိုသည္။

အဆိုပါ ဘြဲ႕ႏွင္းသဘင္တြင္ မီဒီယာမ်ားလည္း သတင္းဓာတ္ပုံ႐ိုက္ခြင့္မရဘဲ အျပင္မွသာ အထဲသို႔ လွမ္း၍ ဓာတ္ပုံ႐ိုက္ခဲ့ရေၾကာင္း သိရသည္။
*********************

( unicode )

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံနည်းပညာတက္ကသိုလ်တွင် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်က ကျင်းပသည့် ဘွဲ့နှင်းသဘင်တွင် ကန်ထရိုက်ယူသည့် ဓာတ်ပုံဆရာမှလွဲ၍ မီဒီယာများ အပါအဝင် ကျန်ကင်မရာများကို (၃၀၀၀)ကျပ်နှုန်း ကောက်ခံကြောင်း သိရသည်။

“ဘွဲ့ရသူတွေကို ဘွဲ့ပေးတဲ့အချိန်မှာ ဘွဲ့ပေးတဲ့ခန်းမထဲမှာရှိတဲ့ ဓာတ်ပုံဆရာတစ်ယောက်က သူတို့ဓာတ်ပုံရိုက်တာ အနှောင့်အယှက်ဖြစ်တဲ့အတွက် ကျွန်တော့်ကို သတင်းဓာတ်ပုံ ရိုက်ခွင့်မပေးပါဘူး။ ဓာတ်ပုံလိုချင်ရင် နောက်မှပေးမယ်လို့ ပြောပါတယ်"ဟု ဘွဲ့နှင်းသဘင်သို့ သတင်းယူရန်သွားခဲ့သည့် သတင်းထောက်တစ်ဦးက ပြောသည်။

အဆိုပါ ဘွဲ့နှင်းသဘင်တွင် ကျောင်းမှ ငှါးရမ်းထားသည်ဟု ယူဆရသည့် ဓာတ်ပုံဆရာများမှ တာဝန်ယူကာ မှတ်တမ်းဓာတ်ပုံများ ရိုက်ခဲ့ကြပြီး အခြားကင်မရာများအား ငွေကြေးကောက်ခံသော်လည်း ကန်ထရိုက်ပေးထားခြင်းမရှိကြောင်း ကျောင်းမှ တာဝန်ရှိသူက ဆိုသည်။

"ကျွန်တော်တို့ကျောင်းရဲ့ စီမံအဖွဲ့နဲ့ညှိပြီးတော့ ဒီပွဲဖြစ်မြောက်ရေးအတွက် ဓာတ်ပုံဆရာများကို ခေါ်ခဲ့တာပါ။ ကန်ထရိုက်ပေးတယ်ဆိုတာတော့ မဟုတ်ပါဘူး။ မီဒီယာတွေကျတော့ ကျွန်တော်တို့ကို ကြိုပြောရမှာပေါ့။ မဟုတ်ရင် ပွဲမှာ အဆင်မပြေမှုတွဖြေစ်လာမှာ စိုးလို့ပါ"ဟု ကျိုင်းတုံနည်းပညာတက္ကသိုလ် ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်သာထွန်းက ဆိုသည်။

အဆိုပါ ဘွဲ့နှင်းသဘင်တွင် မီဒီယာများလည်း သတင်းဓာတ်ပုံရိုက်ခွင့်မရဘဲ အပြင်မှသာ အထဲသို့ လှမ်း၍ ဓာတ်ပုံရိုက်ခဲ့ရကြောင်း သိရသည်။
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>