Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကျိုင်းတုံ၌ သုံးဘီးဆိုင်ကယ် နှင့် ဆိုင်ကယ်နှစ်စီးအား ဝင်တိုက်မိရာမှ လူ(၁၀)ဦး ဒဏ်ရာရ

$
0
0


ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ(၅)ရက် နေ့လည်(၁၂)နာရီခွဲအချိန်က ကျိုင်းတုံမြို့ ပြည်နယ်အားကစားကွင်းမှ မြို့တွင်းသို့ အ.လ.က(ကတ်ဖ)မှ ဆရာမ(၃)ဦး၊ ကျောင်းသား(၈)ဦးနှင့် ကျောင်းသူ(၈)ဦးတို့ကို တင်ဆောင်လျှက် ဦးလော်ယာ မောင်းနှင်လာသော သုံးဘီးဆိုင်ကယ်သည် ဦးမောင်လယ် ကုန်းဆင်း အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ရှေ့တွင် မောင်းနှင်နေသော ဆိုင်ကယ်နှစ်စီးအား တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းသူ ဦးနေ၀င်းထွန်းနှင့် သုံးဘီးဆိုင်ကယ်မောင်း မောင်လော်ယာ အပါအ၀င် သုံးဘီးဆိုင်ကယ်တွင် လိုက်ပါလာသူ ဆရာမ(၂)ဦး၊ ကျောင်းသား(၄)ဦးနှင့် ကျောင်းသူ(၂)ဦးတို့ ဒဏ်ရာများ အသီးသီိး ရရှိခဲ့သဖြင့် ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေရခြင်းဖြစ်ကြောင်း သိရသည်။





သတင်း။  ။ ဇွဲမြတ်

******************

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ ဦးမောင်လယ်ကုန်းဆင်းတွင် သုံးဘီးဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ရာမှ အရှေ့တွင်ရှိသော ဆိုင်ကယ်နှစ်စီးအား တိုက်မိသဖြင့် လူ(၁၀)ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ(၅)ရက် နေ့လည်(၁၂)နာရီခွဲအချိန်က ကျိုင်းတုံမြို့ ပြည်နယ်အားကစားကွင်းမှ မြို့တွင်းသို့ အ.လ.က(ကတ်ဖ)မှ ဆရာမ(၃)ဦး၊ ကျောင်းသား(၈)ဦးနှင့် ကျောင်းသူ(၈)ဦးတို့ကို တင်ဆောင်လျှက် ဦးလော်ယာ မောင်းနှင်လာသော သုံးဘီးဆိုင်ကယ်သည် ဦးမောင်လယ် ကုန်းဆင်း အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ရှေ့တွင် မောင်းနှင်နေသော ဆိုင်ကယ်နှစ်စီးအား တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းသူ ဦးနေဝင်းထွန်းနှင့် သုံးဘီးဆိုင်ကယ်မောင်း မောင်လော်ယာ အပါအဝင် သုံးဘီးဆိုင်ကယ်တွင် လိုက်ပါလာသူ ဆရာမ(၂)ဦး၊ ကျောင်းသား(၄)ဦးနှင့် ကျောင်းသူ(၂)ဦးတို့ ဒဏ်ရာများ အသီးသိီး ရရှိခဲ့သဖြင့် ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ်မဆင် မခြင်မောင်းနှင်မှုဖြင့် သုံးဘီးဆိုင်ကယ် မောင်းသူ လော်ယာ(ကျား)အား ဥပဒေအရ အရေးယူပေးပါရန် ရဲအုပ် စောသန်းဦးမှ တရားလိုပြုတိုင်တန်းခဲ့ရာ ကျိုင်းတုံမြို့မရဲစခန်းမှ ယာဉ်(ပ)၄/၂၀၁၆၊ ပြစ်မှုအမှတ် ၂၇၉/ ၃၃၈ဖြင့် ညနေ(၅)နာရီ (၄၅)မိနစ် အချိန်က အမှုဖွင့်ဆောင်ရွက် ထားရှိကြောင်း ကျိုင်းတုံ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


ဂျူးပင် စိုက်ပျိုးနည်း


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>