Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာခ်ီလိတ္၌ အရန္မီးသတ္ (၅၀)ဦးအား အႀကိဳအေျခခံ မီးသတ္ပညာရပ္ သင္တန္း ေအာင္ျမင္စြာ ပို႔ခ်မႈၿပီးစီး

$
0
0
တာခ်ီလိတ္ျမိဳ႕ေပၚရွိ ရပ္ကြက္ (၁၁)ခု၌ အရန္မီးသတ္တပ္ဖြဲ႕၀င္ (၁၈၂၆) ဦးရွိရာ မိမိရပ္ကြက္တြင္ မီးေဘးအႏၱရာယ္ကာကြယ္ႏိုင္ေရးအတြက္ တပ္ဖြဲ႔၀င္ (၅၀)ဦးအား အႀကိဳအေျခခံမီးသတ္ပညာရပ္ကို ခရိုင္မီးသတ္ရုံး၌ (၁၀)ရက္ၾကာ သင္တန္းေပးျပီးေနာက္ ယေန႔ ေဖေဖာ္၀ါရီလ (၅)ရက္ နံနက္ပိုင္းက သင္တန္းဆင္းပြဲျပဳလုပ္ခဲ့ေၾကာင္း သိရသည္။



"တစ္ႏွစ္ကို အႀကိဳအေျခခံ မီးသတ္ပညာသင္တန္း (၄)ႀကိမ္ေလာက္ လုပ္ျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္မွာ ဒါက ပထမအႀကိမ္ေပါ့ ။ သင္တန္းမလုပ္ျဖစ္လည္း လစဥ္ လတိုင္း မီးသတ္ရုံးမွာ ေလ့က်င့္မႈေတြ လုပ္ေပးပါတယ္"ဟု တာခ်ီလိတ္ခရိုင္မီးသတ္ လက္ေထာက္ညြန္ၾကားေရးမွဴး ဦးေက်ာ္သူက ေျပာသည္။



အႀကိဳအေျခခံ မီးသတ္ပညာသင္တန္းကို ဇန္န၀ါရီလ (၂၅)ရက္က စတင္သင္ၾကားေပးခဲ့ၿပီး ေဖေဖာ္၀ါရီလ (၅)ရက္တြင္ သင္တန္းဆင္းလက္မွတ္မ်ား ေပးအပ္ေၾကာင္းႏွင့္ တစ္ႏွစ္လွ်င္ အႀကိဳအေျခခံ မီးသတ္ပညာ သင္တန္းကို (၄) ေခါက္ အရန္မီးသတ္တပ္ဖြဲ႕၀င္မ်ားအား သင္ၾကားေပးေလ့ရွိသည္။


"အရန္မီးသတ္တပ္ဖြဲ႕၀င္ေတြကိုေတာ့ အေျခခံ မီးသတ္ပညာရပ္ျဖစ္တဲ့ ႀကိဳးခ်ည္နည္းေတြ၊ စစ္ေရးျပနည္းေတြ၊ အေျခခံမီးၿငိႇမ္းသတ္နည္းေတြ၊ ေရွးဦးသူနာျပဳစုနည္း၊ ေရေဘး၊ ငလ်င္ေဘးမွ ကယ္ဆယ္နည္းေတြကို သင္ၾကားေပးပါတယ္၊ မီးသတ္ရုံးမွ သေႏၶေတြကိုေတာ့ ေရာက္ရွိလာတဲ့ ေခတ္မီမီးသတ္ ကိရိယာေတြ အသံုးျပဳနည္းကို လစဥ္လတိုင္း သင္ၾကားပို႔ခ်ေပးပါတယ္"ဟု ၿမိဳ႕နယ္အရန္မီးသတ္ ဒုတပ္ရင္းမွဴး ဦးရဲနႏၵာလင္းက ေျပာသည္။



တာခ်ီလိတ္ၿမိဳ႕တြင္၂၀၁၄ ခုနွစ္က မီးေလာင္မႈအႀကိမ္ (၇) ႀကိမ္ျဖစ္ပြားခဲ့ကာ က်ပ္(၉၆၅,၀၀၀)ခန္႔ဆုံးရွဳံးခဲဲ့ေၾကာင္းႏွင့္ ၂၀၁၅ ခုႏွစ္တြင္ မီးေလာင္မႈအႀကိမ္ (၉) ႀကိမ္ျဖစ္ပြားခဲ့ၿပီး က်ပ္ (၁,၁၈၅,၅၀၀)ခန္႔ ဆုံးရွဳံးခဲ့ေၾကာင္းသိရသည္။


ယေန႔ က်င္းပျပဳလုပ္သည့္ အဆိုပါ သင္တန္းဆင္းပြဲသို႔ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊႏွင့္ ခရိုင္/ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ေၾကာင္း သိရွိရသည္။

ဓါတ္ပံု။  ။ ေဇာင္းညီ
***************

( unicode )

တာချီလိတ်မြို့ပေါ်ရှိ ရပ်ကွက် (၁၁)ခု၌ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၈၂၆) ဦးရှိရာ မိမိရပ်ကွက်တွင် မီးဘေးအန္တရာယ်ကာကွယ်နိုင်ရေးအတွက် တပ်ဖွဲ့ဝင် (၅၀)ဦးအား အကြိုအခြေခံမီးသတ်ပညာရပ်ကို ခရိုင်မီးသတ်ရုံး၌ (၁၀)ရက်ကြာ သင်တန်းပေးပြီးနောက် ယနေ့ ဖေဖော်ဝါရီလ (၅)ရက် နံနက်ပိုင်းက သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

"တစ်နှစ်ကို အကြိုအခြေခံ မီးသတ်ပညာသင်တန်း (၄)ကြိမ်လောက် လုပ်ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဒါက ပထမအကြိမ်ပေါ့။ သင်တန်းမလုပ်ဖြစ်လည်း လစဉ် လတိုင်း မီးသတ်ရုံးမှာ လေ့ကျင့်မှုတွေ လုပ်ပေးပါတယ်"ဟု တာချီလိတ်ခရိုင်မီးသတ် လက်ထောက်ညွန်ကြားရေးမှူး ဦးကျော်သူက ပြောသည်။

အကြိုအခြေခံ မီးသတ်ပညာသင်တန်းကို ဇန်နဝါရီလ (၂၅)ရက်က စတင်သင်ကြားပေးခဲ့ပြီး ဖေဖော်ဝါရီလ (၅)ရက်တွင် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြောင်းနှင့် တစ်နှစ်လျှင် အကြိုအခြေခံ မီးသတ်ပညာ သင်တန်းကို (၄) ခေါက် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား သင်ကြားပေးလေ့ရှိသည်။

"အရန်မီးသတ်တပ်ဖွဲ့ဝင်တွေကိုတော့ အခြေခံ မီးသတ်ပညာရပ်ဖြစ်တဲ့ ကြိုးချည်နည်းတွေ၊ စစ်ရေးပြနည်းတွေ၊ အခြေခံမီးငြှိမ်းသတ်နည်းတွေ၊ ရှေးဦးသူနာပြုစုနည်း၊ ရေဘေး၊ ငလျင်ဘေးမှ ကယ်ဆယ်နည်းတွေကို သင်ကြားပေးပါတယ်၊ မီးသတ်ရုံးမှ သန္ဓတွေကိုတော့ ရောက်ရှိလာတဲ့ ခေတ်မီမီးသတ် ကိရိယာတွေ အသုံးပြုနည်းကို လစဉ်လတိုင်း သင်ကြားပို့ချပေးပါတယ်"ဟု မြို့နယ်အရန်မီးသတ် ဒုတပ်ရင်းမှူး ဦးရဲနန္ဒါလင်းက ပြောသည်။

တာချီလိတ်မြို့တွင်၂၀၁၄ ခုနှစ်က မီးလောင်မှုအကြိမ် (၇) ကြိမ်ဖြစ်ပွားခဲ့ကာ ကျပ်(၉၆၅,ဝဝဝ)ခန့်ဆုံးရှုံးခဲ့ကြောင်းနှင့် ၂၀၁၅ ခုနှစ်တွင် မီးလောင်မှုအကြိမ် (၉) ကြိမ်ဖြစ်ပွားခဲ့ပြီး ကျပ် (၁,၁၈၅,၅၀၀)ခန့် ဆုံးရှုံးခဲ့ကြောင်းသိရသည်။

ယနေ့ ကျင်းပပြုလုပ်သည့် အဆိုပါ သင်တန်းဆင်းပွဲသို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြောင်း သိရှိရသည်။

ဓာတ်ပုံ။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~





Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>