Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်မှ ပညာသင် ဆုပေးပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲ ကျင်းပ

$
0
0
ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်၏ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ဆုပေးပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဖေဖော်ဝါရီလ (၁) ရက်နေ့ နံနက်(၉)နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။


အခမ်းအနား အစီအစဉ်အရ ကျိုင်းတုံကွန်ပျူတာတက္ကသိုလ်၏ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဒေါ်ခင်မာမျိုးမှ ပညာသင်နှစ်အသစ်တွင် တက်ရောက်လျှက်ရှိသော မောင်မယ်သစ်များအား ကြိုဆို အားပေးစကားပြောကြားခဲ့ပြီး ဆရာမ ဒေါက်တာတင်သိန်းသွယ်မှ ကျောင်း၏ လိုက်နာရမည့် စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။


ဆုပေးပွဲ အခမ်းအနား၌ ၂၀၁၃ - ၂၀၁၄ပညာသင်နှစ်တွင် အတန်းစုံမှ ဆုရရှိခဲ့သူများအား ဆုများချီးမြှင့်ခဲ့ပြီး ကျိုင်းတုံကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများ၊ အကအလှများနှင့်တကွ Model Show အစီအစဉ်များဖြင့် ဖျော်ဖြေခဲ့ကြသည်။


ကျိုင်းတုံကွန်ပျူတာတ္ကသိုလ်၏ Kingအဖြစ် မောင်ကောင်းမြတ်ကျော်နှင့် Queenအဖြစ် မမေသဇင်ခိုင်မှ ရရှိခဲ့ပြီး Prince အဖြစ် မောင်ရဲရင့်ဟိန်းနှင့် Princess အဖြစ် မရွှေယမုံဇင်နှင့် CU Miss အဖြစ် မောင်ဇော်မျိုးထက်တို့ကို ပရိသတ်များမှ မဲပေးကာရွေးချယ်ခဲ့ကြသည်။



အဆိုပါ အခမ်းအနားကို ကျိုင်းတုံကွန်ပျူတာ တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများနှင့်တကွ အခြားတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက် အားပေးခဲ့ကြသည်။

သတင်း/ဓာတ်ပုံ။  ။ ဇွဲမြတ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


တရုတ်နိုင်ငံသား နှင့် လက်ထပ်ရန် အဓမ္မခိုင်းစေသူကို အရေးယူ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


လှိုင်သာယာတွင်ဖခင်ဖြစ်သူမှ သမီးအရင်း ၂ဦးအား မုဒိမ်ပြုကျင့်မှုဖြစ်ပွား


သူ့ ကိုမချစ်ဘူး......



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>