Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ် ဓမ္မစကူးလ်ကျောင်းတော်မှ ကျောင်းသား၊ ကျောင်းသူ ၁၉၅၁ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

$
0
0
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ပထမဆုံးအကြိမ် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းများမှ ကျောင်းသားကျောင်းသူ (၁၉၅၁)ဦးအား၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွင်း ပညာသင်ယူပြီးမြောက်ကြောင်း လက်မှတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ဇန်န၀ါရီလ ၃၁ ရက်နေ့က ရှမ်းရိုးမကွင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။



"အခုလို မြို့နယ်လုံးရှိ ဓမ္မစကူးလ်ကျောင်းများမှ ကလေးတွေကို စုပေါင်း လက်မှတ်ပေးတာ ပထမဆုံး အကြိမ်ဖြစ်ပြီး ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ဓမ္မစကူးလ်ကျောင်း မတက်ရသေးတဲ့ ကလေးတွေလည်း တက်ချင်စိတ် ဖြစ်လာအောင်ရယ် နောက်ပြီး ဓမ္မစကူးလ်ကျောင်းတော်များ ရေရှည် တည်တံ့ပြန့်ပွား တိုးတက်လာအောင်ပါ "ဟု ဓမ္မစကူးလ်ကျောင်းတော်များ ရေရှည်တည်တံ့ပြန့်ပွားတိုးတက် ဖွံ့ဖြိုးရေးအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးဇော်မြင့်က ပြောသည်။




တာချီလိတ်မြို့တွင် ၂၀၁၃ခုနှစ် သြဂုတ်လ ၃ ရက်နေ့က ဓမ္မစကူးလ်အမှုဆောင်အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ တာချီလိတ် နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့အပါအ၀င် ဓမ္မစကူးလ်ကျောင်းတော် (၂၂) ကျောင်းကို ဖွင့်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။




တာချီလိတ်မြို့နယ်အတွင်း ဓမ္မစကူးလ်ကျောင်း (၁၅) ကျောင်းရှိပြီး ဆရာ၊ဆရာမ (၁၉၀) ဦးနှင့် ကျောင်းသားကျောင်းသူ (၁၉၅၁) ဦးရှိကြောင်းသိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles


နီနီခင်ဇော်ရဲ့ ခင်ပွန်းဟောင်း “ဦးမျိုးမြင့်သိန်း” ကိုယ်တိုင်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>