Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မကြာမီ ဖွင့်လှစ်တော့မည့် ရွှေရေကန် အဆင့်မြင့် မီနီမတ်ကတ် နှင့် အဝေးပြေး ယာဉ်ရပ်နားစခန်း အခြေအနေ ပြည်နယ်စည်ပင်ဝန်ကြီး စစ်ဆေး

$
0
0
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင်  မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် ရွှေရေကန် သွင်းကုန် ထုတ်ကုန် ကုမ္ပဏီလိမီတက်တို့ အကျိုးတူဖြင့် ငွေကျပ်သိန်း(၉,၇၄၀)အကုန်ကျခံ တည်ဆောက်သည့် အဆင့်မြင့် မီနီမတ်ကတ်နှင့် အဝေးပြေးယာဉ်ရပ်နားစခန်းအခြေအနေအား ပြည်နယ်စည်ပင်ဝန်ကြီး လာရောက်စစ်ဆေးကြောင်း သိရသည်။


အဆိုပါ စီမံကိန်းအား ၂၀၁၄ ခုနှစ် အောက်တိုဘာလက စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မီနီမတ်ကတ် ဆိုင်ခန်းများ၊ အဝေးပြေးယာဉ်ဂိတ်၊ နားနေဆောင်များ တည်ဆောက်မှုပြီးစီးသွားပြီဖြစ်သည့်အတွက် မကြာမီတွင် ဖွင့်လှစ်တော့မှာ ဖြစ်ကြောင်း သိရသည်။


အဆိုပါလုပ်ငန်းပြီးစီးမှု အခြေအနေအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းအပါအဝင် ပြည်နယ်စည်ပင်သာယာကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ဇန်န၀ါရီ ၃၀ ရက်က ကြည့်ရှုစစ်ဆေးကြသည်။



ယင်းစီမံကိန်းတွင် မီနီမတ်ကတ်ဆိုင်ခန်းများ၊ အဝေးပြေးယာဉ်ဂိတ်နှင့် နားနေဆောင်များတွင် အလျား(၉၀)ပေ၊ အနံ (၆၀)ပေရှိ RC သုံးထပ် အဆင့်မြင့် မီနီမတ်ကတ် အဆောက်အဦ တစ်လုံး၊ အလျား(၅၂)ပေ၊ အနံ(၃၅)ပေးရှိ RC သုံးထပ် လက်မှတ် အရောင်းစင်တာ အဆောက်အဦ တစ်လုံး၊ အလျား(၄၅)ပေ၊ အနံ(၃၆)ပေရှိ RC အမျိုးအစား သုံးထပ် အဆောက်အဦး တစ်လုံး၊ အလျား(၁၄၄)ပေ၊ အကျယ်(၄၅)ပေရှိ အဝေးပြေးယာဉ် ရပ်နားဆောင် တစ်ဆောင်၊ (၁၀)ပေ ပတ်လည် အကျယ်အ၀န်းရှိ လုံခြုံရေး အဆောက် အဦ တစ်လုံး၊ အလျား(၃၅)ပေ၊အနံ(၁၅)ပေ၊ အမြင့်(၁၀)ပေ ရှိ RC အမျိုးအစား မြေအောက် မီးသတ် ရေလှောင်ကန် တစ်ခု၊ နေ့စဉ် လူသုံးရာ အသုံးပြုနိုင်သည့် မိလ္လာစစ်ကန် နှင့် စုပ်ကန်တွဲ နှစ်လုံး၊ အရှည်(၃၄၃.၈)ပေ၊ အကျယ်(၂၀)ပေ၊ ထု(၆)လက်မ နှင့် အရှည် (၁၆၂.၈)ပေ ၊ အကျယ် (၁၇)ပေ၊ ထု (၆)လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ဂိတ်ဝင်ပေါက် ၊ ဘေးဖက် အုတ်တံတိုင်းခြံစည်းရိုး လုပ်ငန်း နှင့် Security ၊ Fire brigate၊ Emergency power supply and External Lighting for the whole compound စသည့်လုပ်ငန်းများပါဝင်ကြောင်း သိရသည်။

သတင်း။  ။ ဝေယံလင်း
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~ ကြော်ငြာ ~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>