Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဖမ္းဆီးရမိသည့္ တရားမ၀င္ ေရႊ႕ေျပာင္း ျမန္မာလုပ္သားမ်ား တာခ်ီလိတ္သို႔ ျပန္ပို႔

$
0
0

ထိုင္းႏိုင္ငံတြင္း တရားမ၀င္ အလုပ္လုပ္ကိုင္ေနေသာ ေရႊ႕ေျပာင္း ျမန္မာႏိုင္ငံသား(၂၁)ဦးအား တာခ်ီလိတ္ၿမိဳ႕သို႔ အမွတ္(၁)ခ်စ္ၾကည္ေရးတံတားမွ ဇန္န၀ါရီလ(၂၉)ရက္ေန႔ ညေနပိုင္းတြင္ လႊဲေျပာင္းေပးခဲ့ေၾကာင္းသိရသည္။

"ျပစ္မႈေတြက တျခားမဟုတ္ပါဘူး၊ တရားမ၀င္သြားေရာက္ေနထိုင္ျပီး အလုပ္လုပ္တာ၊ ႏိုင္ငံကူး လက္မွတ္သက္တမ္းကုန္ၿပီး ေနထိုင္ေနတာရယ္၊ အလုပ္သြားလုပ္အၿပီး အျပန္မွာ အေထာက္အထားမျပည့္စံုလို႔ ဖမ္းခံရတာေတြ အဲဒါပါပဲ။ "ဟု ျမန္မာဘက္ သက္ဆိုင္ရာတစ္ဦးမွေျပာသည္။

တရားမ၀င္ သြားေရာက္ အလုပ္လုပ္ကိုင္ေသာ ေရႊ႕ေျပာင္းျမန္မာအလုပ္သမားမ်ားအား ထုိင္းႏိုင္ငံ ခ်င္းရိုင္းခရိုင္ အတြင္းမွ အမ်ားဆံုး ဖမ္းဆီးထားျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအတြင္းသို႔ တရား၀င္ လႊဲေျပာင္းလာေသာ တရားမ၀င္ေရႊ႕ေျပာင္းအလုပ္သမား ျမန္မာႏိုင္ငံသား (၂၁)ဦးမွာ အမ်ိဳးသား (၁၃)ဦးႏွင့္ အမ်ိဳးသမီး (၈)ဦး ပါ၀င္ျပီး ၊ ရွမ္းျပည္နယ္ အႏွံ႔အျပားမွ ထုိင္းႏိုင္ငံတြင္း သြားေရာက္လုပ္ကိုင္ေနၾကသူမ်ား ျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ဇန္န၀ါရီလ ၂၇ ရက္ေန႔က တရားမ၀င္ ေရြ႕ေျပာင္းအလုပ္သမား ျမန္မာႏိုင္ငံသား (၁၀)ဦးကိုလည္း ထိုင္းဘက္မွ လႊဲေျပာင္းခဲ့ေၾကာင္း သိရသည္။
*****************

( unicode )

ထိုင်းနိုင်ငံတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်း မြန်မာနိုင်ငံသား(၂၁)ဦးအား တာချီလိတ်မြို့သို့ အမှတ်(၁)ချစ်ကြည်ရေးတံတားမှ ဇန်နဝါရီလ(၂၉)ရက်နေ့ ညနေပိုင်းတွင် လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။

"ပြစ်မှုတွေက တခြားမဟုတ်ပါဘူး၊ တရားမဝင်သွားရောက်နေထိုင်ပြီး အလုပ်လုပ်တာ၊ နိုင်ငံကူး လက်မှတ်သက်တမ်းကုန်ပြီး နေထိုင်နေတာရယ်၊ အလုပ်သွားလုပ်အပြီး အပြန်မှာ အထောက်အထားမပြည့်စုံလို့ ဖမ်းခံရတာတွေ အဲဒါပါပဲ။ "ဟု မြန်မာဘက် သက်ဆိုင်ရာတစ်ဦးမှပြောသည်။

တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်သော ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် အတွင်းမှ အများဆုံး ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ တရားဝင် လွှဲပြောင်းလာသော တရားမဝင်ရွှေ့ပြောင်းအလုပ်သမား မြန်မာနိုင်ငံသား (၂၁)ဦးမှာ အမျိုးသား (၁၃)ဦးနှင့် အမျိုးသမီး (၈)ဦး ပါဝင်ပြီး၊ ရှမ်းပြည်နယ် အနှံ့အပြားမှ ထိုင်းနိုင်ငံတွင်း သွားရောက်လုပ်ကိုင်နကြေသူများ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့က တရားမဝင် ရွေ့ပြောင်းအလုပ်သမား မြန်မာနိုင်ငံသား (၁၀)ဦးကိုလည်း ထိုင်းဘက်မှ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>