Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ရှမ်းရဟန်းတော်များ ရှမ်းရိုးရာ ပရိဝါသ (ကံဆောင်) အပြစ်ကင်းစင်ရန် တရားထိုင်မှု အောင်ပွဲအဖြစ် အရုဏ်ဆွမ်း စုပေါင်း လောင်းလှူ

$
0
0
ရှမ်းရဟန်းတော်များ ရှမ်းရိုးရာ ပရိဝါသ(ကံဆောင်) အမှားကျုးလွန်ထားရှိပါက အပြစ်ကင်းစင်ရန်အတွက် တရားထိုင်ခြင်းအဖြစ် (၁၀)ရက်တိုင်တိုင် မိုင်းဖြတ်မြို့နယ်ရှိ သမိုင်းဝင် ထိပ်ပိုင်းနဂါးစေတီတော်တွင် ကျင်းပပြုလုပ်လျှက်ရှိရာ ဇန်န၀ါရီလ(၂၄)ရက်နေ့ လပြည့်နေ့ နံနက်ပိုင်းက အဆိုပါ သံဃာတော်များအား အလှူရှင်များက စုပေါင်းကာ အရုဏ်ဆွမ်းလောင်းလှူခဲ့ကြသည်။


အဆိုပါ ဆွမ်းလှူဒါန်းမှုအား မိုင်းဖြတ်မြို့နယ်ရှိ ပြည်သူ့ပန်းခြံရှေ့ နှင့် ထိပ်ပိုင်းနဂါးစေတီတွင် နံနက်(၅)နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။



ဆွမ်းလောင်းပွဲသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း နှင့် မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်မြင့်ကျော် နှင့် ဂေါပကအဖွဲ့ဝင်များ၊ စေတနာရှင် ပြည်သူများမှ လောင်းလှူခဲ့ကြသည်။



မိုင်းဖြတ်မြို့နယ်အတွင်းရှိ ရှမ်းရဟန်းတော်များမှ ရှမ်းရိုးရာအရ ပရိဝါသ(ကံဆောင်) အမှား ကျူးလွန်ထားရှိပါက အပြစ်ကင်းစင်ရန်အတွက် တရားထိုင်ခြင်းကို ဇန်န၀ါရီလ(၁၄)ရက်နေ့မှ ဇန်န၀ါရီလ(၂၄)ရက်နေ့အထိ ပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါ ပွဲ၏ အောင်ပွဲအဖြစ် စုပေါင်းကာ ဆွမ်းလောင်းလှူခြင်း ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ/သတင်း။  ။ ကိုသာ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


နီနီခင်ဇော်ရဲ့ ခင်ပွန်းဟောင်း “ဦးမျိုးမြင့်သိန်း” ကိုယ်တိုင်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>