Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

က်ဳိင္းတံု အက်ဥ္းေထာင္အတြင္း မူးယစ္ေဆးဝါး ဖမ္းမိ

$
0
0
ဓါတ္ပံု။  ။ ဇြဲျမတ္  ၊ သတင္း။  ။ ဖူးႏွင္းျဖဴ

ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕ အက်ဥ္းေထာင္အတြင္း အက်ဥ္းသားႏွစ္ဦးထံမွ မူးယစ္ေဆး၀ါး ဖမ္းဆီး ရမိသျဖင့္ မူးယစ္ေဆးဝါးမႈျဖင့္ ထပ္မံ အေရးယူထားရေၾကာင္း သိရသည္။

သတင္းေပးခ်က္အရ က်ိဳင္းတံုမူးယစ္တပ္ဖြဲ႕စု(၂၈)မွ တာ၀န္ရွိသူမ်ားက ဇန္န၀ါရီ(၂၃)ရက္ေန႔တြင္ က်ိဳင္းတံုုအက်ဥ္းေထာင္အတြင္း ၀င္ေရာက္ ရွာေဖြရာ ေထာင္တြင္းရွိ အေဆာက္အဦေဟာင္းတစ္ခုအား ေသာ့ခတ္သည့္ ေသာ့ခေလာက္ႏွင့္ ေသာ့မ်ားအား အက်ဥ္းသား ေက်ာ္မ်ဳိးဇင္ႏွင့္ ၀င္းေမာ္ဦးတို႔ထံမွ ရွာေဖြေတြ႔ရိွရၿပီး အခန္းတြင္းရိွ (၃)ထပ္ သစ္သားဗီရိုအေပၚဆံုးထပ္မွ ထိုင္းဘာသာစာတန္းပါ ယူ႐ိုကိတ္မုန္႔ ဂ်ပ္စကၠဴဘူးအတြင္း အစိမ္းေရာင္ ပလပ္စတစ္ျဖင့္ ထုတ္လွ်က္ ဘိန္းျဖဴဟု ယူဆရသည့္ အျဖဴေရာင္ အမႈန္႔ (၉၅)ဂရမ္ပါ ဘေလာက္တံုး (၁)တံုးကို ေတြ႕ရွိရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားအား သိမ္းဆည္းထားသူ အက်ဥ္းသား ေက်ာ္မ်ဳိးဇင္ ႏွင့္ ၀င္းေမာ္ဦးတို႔ ႏွစ္ဦးအား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒျဖင့္ က်ိဳင္းတံုၿမိဳ႕မ ရဲတပ္ဖြဲ႕စခန္းတြင္ အမႈဖြင့္လွစ္ အေရးယူ ေဆာင္ရြက္ထားေၾကာင္း မူးယစ္တပ္ဖြဲ႕စု(၂၈)က်ိဳင္းတံုမွ သိရသည္။


သိမ္းဆည္းၿပီး က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္ထားေၾကာင္း က်ိဳင္းတံု မူးယစ္တပ္ဖြဲ႕စုမွ သိရသည္။

က်ဳိင္းတံု အက်ဥ္းေထာင္၌ အက်ဥ္းေထာင္ ေရး/ေထာက္ခန္းတြင္ မူးယစ္ေဆး၀ါးႏွင့္ ပတ္သက္၍ မသကၤာဖြယ္ ေတြ႔ရွိရသည့္ အတြက္ ဒုရဲမွဴး ေက်ာ္သိန္း၊ ရဲအုပ္ ေတဇာစိုးညိဳ၊ ဒုရဲအုပ္ ခ်န္ထြန္း ႏွင့္ တပ္ဖြဲ႔၀င္မ်ားက သတင္းမ်ားအရ ေထာင္အတြင္းသို႔ ၀င္ေရာက္ ရွာေဖြရာမွ ေတြ႕ရွိရတာျဖစ္ေၾကာင္း သိရသည္။

"ေထာင္ပိုင္ႀကီးကိုယ္တိုင္ ဒုရဲမွဴး ေက်ာ္သိန္းကို ဖုန္းဆက္ အေၾကာင္းၾကားလာလို႔ တပ္ဖြဲ႕၀င္ေတြနဲ႔ သြားရွာတာ အက်ဥ္းသား (၂)ဦး ေသာ့ခတ္သိမ္းထားတဲ့ ဗီရိုထဲက ေတြ႕တာပါ.."ဟု မူးယစ္တပ္ဖြဲ႕စု (၂၈)မွ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။

ဓါတ္ပံု။  ။ ဇြဲျမတ္  ၊ သတင္း။  ။ ဖူးႏွင္းျဖဴ
************************

( unicode )


ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ အကျဉ်းထောင်အတွင်း အကျဉ်းသားနှစ်ဦးထံမှ မူးယစ်ဆေးဝါး ဖမ်းဆီး ရမိသဖြင့် မူးယစ်ဆေးဝါးမှုဖြင့် ထပ်မံ အရေးယူထားရကြောင်း သိရသည်။

သတင်းပေးချက်အရ ကျိုင်းတုံမူးယစ်တပ်ဖွဲ့စု(၂၈)မှ တာဝန်ရှိသူများက ဇန်နဝါရီ(၂၃)ရက်နေ့တွင် ကျိုင်းတုံအကျဉ်းထောင်အတွင်း ဝင်ရောက် ရှာဖွေရာ ထောင်တွင်းရှိ အဆောက်အဦဟောင်းတစ်ခုအား သော့ခတ်သည့် သော့ခလောက်နှင့် သော့များအား အကျဉ်းသား ကျော်မျိုးဇင်နှင့် ဝင်းမော်ဦးတို့ထံမှ ရှာဖွေတွေ့ရှိရပြီး အခန်းတွင်းရှိ (၃)ထပ် သစ်သားဗီရိုအပေါ်ဆုံးထပ်မှ ထိုင်းဘာသာစာတန်းပါ ယူရိုကိတ်မုန့် ဂျပ်စက္ကူဘူးအတွင်း အစိမ်းရောင် ပလပ်စတစ်ဖြင့် ထုတ်လျှက် ဘိန်းဖြူဟု ယူဆရသည့် အဖြူရောင် အမှုန့် (၉၅)ဂရမ်ပါ ဘလောက်တုံး (၁)တုံးကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများအား သိမ်းဆည်းထားသူ အကျဉ်းသား ကျော်မျိုးဇင် နှင့် ဝင်းမော်ဦးတို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒဖြေင့် ကျိုင်းတုံမြို့မ ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက်ထားကြောင်း မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ သိရသည်။


သိမ်းဆည်းပြီး ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း ကျိုင်းတုံ မူးယစ်တပ်ဖွဲ့စုမှ သိရသည်။

ကျိုင်းတုံ အကျဉ်းထောင်၌ အကျဉ်းထောင် ရေး/ထောက်ခန်းတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ မသင်္ကာဖွယ် တွေ့ရှိရသည့် အတွက် ဒုရဲမှူး ကျော်သိန်း၊ ရဲအုပ် တေဇာစိုးညို၊ ဒုရဲအုပ် ချန်ထွန်း နှင့် တပ်ဖွဲ့ဝင်များက သတင်းများအရ ထောင်အတွင်းသို့ ဝင်ရောက် ရှာဖွေရာမှ တွေ့ရှိရတာဖြစ်ကြောင်း သိရသည်။

"ထောင်ပိုင်ကြီးကိုယ်တိုင် ဒုရဲမှူး ကျော်သိန်းကို ဖုန်းဆက် အကြောင်းကြားလာလို့ တပ်ဖွဲ့ဝင်တွေနဲ့ သွားရှာတာ အကျဉ်းသား (၂)ဦး သော့ခတ်သိမ်းထားတဲ့ ဗီရိုထဲက တွေ့တာပါ.."ဟု မူးယစ်တပ်ဖွဲ့စု (၂၈)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


တာခ်ီလိတ္ၿမိဳ႕မွာ က်င္းပၿပီး ႏိုင္ငံေပါင္း ၁၉ႏိုင္ငံက လာေရာက္မည့္...


သင့္ ကိုယ္လံုးတီး ပံုမ်ား အြန္လိုင္းေပၚ မေရာက္ရေလေအာင္


Bern , Switzerland, ဆြန္ဇာလန္ ႏုိင္ငံ ၊ ဘန္းၿမိဳ႕ ရဲ႕ သာယာ လွပၿပီး ရႈ မညီးတဲ့...


ရဟန္းႏွင့္ ဘြဲ႔ဒီဂရီ


ရွမ္းကုိးျပည္ တြင္ပါ၀င္ေသာ မုိးညွင္းျပည္ ႏွင့္ မုိးမိတ္ျပည္ ကို ဘုရင့္ေနာင္...


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


ခ်ံဴျမင္တိုင္းတိုးခ်င္ေနၾကတဲ႔ ခ်စ္သူစံုတြဲမ်ား နားေထာင္ေပးပါ


ေဒြး တိမ္ေတြ ငိုတဲ့ခဏ ၊ ေဒြး ၊ နႏၵာလႈိင္ ၊ တင့္တင့္ထြန္း ၊ ေအာင္လြင္ ၊ ဆင္မ


မတ္ပဲမ်ိဳးမ်ား၏ အရည္အခ်င္းလကၡဏာမ်ား


၆ႏွစ္ျပည့္ေရႊ၀ါေရာင္ေတာ္လွန္ေရးသုိ႕သမုိင္းအား လိမ္ညွာခဲ့ေသာ...