Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကျိုင်းတုံမြို့ ဘိုးဘွားရိပ်သာတွင် ပြိုင်ပွဲဝင် Miss များ နှင့် အလှူရှင်များမှ စုပေါင်း ဒါနပြု

$
0
0
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ ဘိုးဘွားရိပ်သာတွင် အကောက်ခွန်ဦးစီိးဌာန၊ လူမှုအဖွဲ့အစည်းနှင့် Miss East Shan State ပြိုင်ပွဲဝင် မော်ဒယ်များ စုပေါင်းကာ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်ခြင်းနှင့် ဘိုးဘွားများအား အာဟာရဒါနပြုခြင်း အစီအစဉ်ကို ဇန်န၀ါရီလ (၂၃)ရက် နံနက်(၁၀)နာရီက ပြုလုပ်ခဲ့သည်။


"ကျွန်တော်တို့ ကျိုင်းတုံမြို့နယ် အကောက်ခွန်ဦးစီးဌာနက သံဃာတော်တွေကို နေ့ဆွမ်းဆက်ကပ်တာနဲ့ ဘိုးဘွားတွေကို အာဟာရဒါနပြုတာပါ။ ပြိုင်ပွဲဝင် Missများကလည်း သူတို့တတ်နိုင်တဲ့ လုပ်အားဒါနနဲ့ လာရောက် ကူညီပေးတာပါ။ စုပေါင်း ဒါနပြုကြတာပေါ့.."ဟု ကျိုင်းတုံမြို့နယ် အကောက်ခွန်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးဝေဇော်က ပြောသည်။



အဆိုပါ စုပေါင်းဒါနပြုပွဲတွင် ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်များကို နေ့ဆွမ်း ဆက်ကပ်လှူခဲ့ကြပြီးနောက် သက်ကြီးရွယ်အို ဘိုးဘွားများအား နေ့လယ်စာဖြင့် ကျွေးမွေးကာ ဒါနပြုခဲ့ကြသည်။



"ဒီလို အဘိုးအဘွားတွေကို သနားလည်း သနားတယ်။ အာဟာရလာရောက်ပြီး ကျွေးမွေးတဲ့အတွက် ကုသိုလ်လည်းရ၊ ရင်ထဲမှာ ဝမ်းသာပီတိလည်း ဖြစ်မိပါတယ်.."ဟု Miss East  Shan State ၏ ကျိုင်းတုံ ပြိုင်ပွဲဝင် မကြယ်စင်သာရက ဆိုသည်။


ထို့နောက် ကျိုင်းတုံ လူမှုရေးကူညီမှုအသင်းနှင့် အလှူရှင်များမှ ဘိုးဘွားများအား အာဟာရဖြစ်စေရန် မုန့်များနှင့် ထောက်ပံ့ငွေများဖြင့် ပေးအပ်လှူဒါန်းခဲ့ကြပြီး ဘိုးဘွားများထံမှ ဆုံးမသြ၀ါဒခံယူခဲ့ကြသည်။

ကျိုင်းတုံဘိုးဘွားရိပ်သာတွင် ဘိုးဘွားဦးရေ (၁၆)ဦးရှိပြီး တစ်ရက်တာ အာဟာရဒါနအတွက် ကျပ် (၃၅၀၀၀)သာ ကျသင့်ကြောင်း သိရသည်။


ထိုဒါနပြုပွဲသို့ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျိုင်းတုံလူမှုကူညီရေးအသင်း၊ Miss East Shan State ပြိုင်ပွဲဝင် မော်ဒယ်များ၊ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ၊ ဂီတအစည်းအရုံးမှ တာဝန်ရှိသူများနှင့် ဘိုးဘွားများ တက်ရောက်ခဲ့ကြသည်။

ကျိုင်းတုံမြို့တွင် ကျင်းပပြုလုပ်မည့် Miss ပြိုင်ပွဲအား ၂၀၁၆ခုနှစ် ဇန်န၀ါရီလ(၂၄)ရက်နေ့တွင် ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။

သတင်း။  ။ #ဇွဲမြတ် ၊ #ဖူးနှင်းဖြူ
ဓာတ်ပုံ။  ။ #ဇွဲမြတ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>