Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစား နှင့် လက်မှုပညာ ပြိုင်ပွဲ ကျိုင်းတုံ၌ ကျင်းပ

$
0
0
ကျိုင်းတုံမြို့ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်း၌ (၆၉)ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် လက်မှုပညာ စွမ်းရည်ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲနှင့် ရိုးရာပဒေသာကပွဲတို့ကို ဇန်န၀ါရီလ (၂၃)ရက်၊ မနက်(၈)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


"ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်က ဒီကျောင်းမှာရှိတဲ့ သမီးငယ်လေးများရဲ့ ကာယ၊ ဥာဏ၊ စိတ်ဓာတ် စတဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်လာဖို့၊ ကျန်းမာပျော်ရွှင်ဖို့နဲ့ သွက်လက်၊ ဖျတ်လက်ဖို့ ရည်ရွယ်ပြီး ကျင်းပခြင်း ဖြစ်ပါတယ်"ဟု ကျိုင်းတုံ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းမှ ကျောင်းအုပ်ကြီးဒေါ်ခင်ခင်မြင့်မှ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။


 အခမ်းအနားတွင် ကျောင်းသူလေးများမှ လက်မှုစွမ်းရည်ကို ယှဉ်ပြိုင်မှုအဖြစ် ဇာထိုးခြင်း၊ အာခါရိုးရာ ကွက်ထိုးခြင်း၊ ဆပ်ပြာခွက်စွပ် ထိုးခြင်း စသည်တို့ကို ယှဉ်ပြိုင်ကြပြီး အားကစားပြိုင်ပွဲအဖြစ် လွန်ဆွဲပွဲ၊ မုန့်စားပြိုင်ပွဲနှင့် အခြားအားကစားပြိုင်ပွဲများကို ကျင်းပခဲ့ကြောင်း သိရသည်။



အမျိုးသမီး အသက်မွေးမှု အတတ်ပညာကျောင်းတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တောင်ပေါ်ဒေသများမှ ကျောင်းသူ (၆၄)ဦး လာရောက်ပညာသင်ယူ နေပြီး ကျောင်းဖွင့်ရက်များတွင် အတန်းပညာသင်ယူစေကာ ကျောင်းပိတ်ရက်များတွင် လက်မှုပညာများကို သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။



အဆိုပါ အခမ်းအနားတွင် ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး၊ ကျိုင်းတုံမြို့ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်နှင့် ဌာနဆိုင်ရာများအပါအ၀င် ကျောင်းသူလေးများ၏ မိဘများက တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ။   ။ ဇွဲမြတ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~ ကြော်ငြာ ~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>