Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာခ်ီလိတ္ၿမိဳ႕ ခ်စ္ၾကည္ေရး တံတား (၂)စင္း အေပၚ ဘီးခြန္ေကာက္လုပ္ငန္းအား က်ပ္သိန္း(၃၁၀၀)ေက်ာ္ျဖင့္ ေစ်းၿပိဳင္ ေလလံဖြင့္

$
0
0

တာခ်ီလိတ္ၿမိဳ႕ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး တံတား(၂)စင္းအေပၚ ျဖတ္သန္းေနေသာ ယာဥ္မ်ားႏွင့္ ပတ္သက္၍ ဘီးခြန္ေကာက္ခံမႈ လုပ္ငန္းအား စည္ပင္သာယာေရးေကာ္မတီမွ ၂၀၁၆ - ၂၀၁၇ ဘ႑ာ ႏွစ္အတြက္ ေစ်းၿပိဳင္ေလလံအျဖစ္ ၾကမ္းခင္းေစ်း က်ပ္သိန္းေပါင္း (၃၁၀၀)ေက်ာ္ သတ္မွတ္ထားေၾကာင္း သိရသည္။

၂၀၁၆ခုႏွစ္ ဇန္န၀ါရီလ(၂၈)ရက္ေန႔ နံနက္(၉)နာရီတြင္ တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမ၌ ေစ်းၿပိဳင္ေလလံ ေရာင္းခ်မွာျဖစ္ၿပီး ခ်စ္ၾကည္ေရး တံတား(၂)စင္းေပၚ ဘီးခြန္ေကာက္မႈ လုပ္ငန္းအား ၾကမ္းခင္းေစ်းအျဖစ္ က်ပ္သိန္းေပါင္း (၃၁၀,၂၈၀,၀၀၀) သတ္မွတ္ထားၿပီး တင္သြင္းရမည့္ စားပြဲတင္ စေဘာ္ေငြအား က်ပ္သိန္းေပါင္း(၁၅၅,၁၄၀,၀၀၀) သတ္မွတ္ထားေၾကာင္း သိရသည္။

"ၿပီးခဲ့တဲ့ ႏွစ္က ေလလံေရာင္းရတဲ့ ေစ်းႏႈန္းကို ၅% ထည့္ေပါင္းလိုက္ေတာ့ ဒီႏွစ္မွာ က်ပ္သိန္းေပါင္း (၃၁၀,၂၈၀,၀၀၀)ျဖစ္သြားတာပါ၊ ေစ်းၿပိဳင္ ေလလံကိစၥနဲ႔ ပတ္သက္ၿပီး စည္ပင္ရံုးမွာ လာေရာက္ၿပီး ဆက္သြယ္ေမးျမန္းႏိုင္ပါတယ္..."ဟု စည္ပင္သာယာေရးဌာနမွ တာ၀န္ရွိသူ တစ္ဦးက ဆိုသည္။

ခ်စ္ၾကည္ေရး တံတား(၁) ႏွင့္ တံတား(၂)တို႔တြင္ ျဖတ္သန္းသြားလာေနေသာ ယာဥ္မ်ားအား ဘီးခြန္အျဖစ္ ေကာက္ခံရမွာျဖစ္ၿပီး ၿပီးခဲ့သည့္ ၂၀၁၅ - ၂၀၁၆ ဘ႑ာႏွစ္အတြက္ ၾကမ္းခင္းေစ်း က်ပ္သိန္းေပါင္း (၉၇၉)သိန္း ျဖင့္ ေစ်းၿပိဳင္ေလလံေရာင္းခ်ရာမွာ က်ပ္သိန္းေပါင္း (၂၉၅၅)သိန္းျဖင့္ ေဒၚနန္းခမ္းမွ ေလလံေအာင္သြားခဲ့ၿပီး ယခု ၂၀၁၆ - ၂၀၁၇ ဘ႑ာႏွစ္အတြက္ ၾကမ္းခင္းေစ်းအား က်ပ္သိန္းေပါင္း (၃၁၀,၂၈၀,၀၀၀) သတ္မွတ္ထားၿပီး ေလလံေခၚယူသြားမွာ ျဖစ္ေၾကာင္း သိရသည္။
*******************

( unicode )

တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတား(၂)စင်းအပေါ် ဖြတ်သန်းနေသော ယာဉ်များနှင့် ပတ်သက်၍ ဘီးခွန်ကောက်ခံမှု လုပ်ငန်းအား စည်ပင်သာယာရေးကော်မတီမှ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာ နှစ်အတွက် ဈေးပြိုင်လေလံအဖြစ် ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း (၃၁၀၀)ကျော် သတ်မှတ်ထားကြောင်း သိရသည်။

၂၀၁၆ခုနှစ် ဇန်နဝါရီလ(၂၈)ရက်နေ့ နံနက်(၉)နာရီတွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ဈေးပြိုင်လေလံ ရောင်းချမှာဖြစ်ပြီး ချစ်ကြည်ရေး တံတား(၂)စင်းပေါ် ဘီးခွန်ကောက်မှု လုပ်ငန်းအား ကြမ်းခင်းဈေးအဖြစ် ကျပ်သိန်းပေါင်း (၃၁၀,၂၈၀,ဝဝဝ) သတ်မှတ်ထားပြီး တင်သွင်းရမည့် စားပွဲတင် စဘော်ငွေအား ကျပ်သိန်းပေါင်း(၁၅၅,၁၄၀,ဝဝဝ) သတ်မှတ်ထားကြောင်း သိရသည်။

"ပြီးခဲ့တဲ့ နှစ်က လေလံရောင်းရတဲ့ ဈေးနှုန်းကို ၅% ထည့်ပေါင်းလိုက်တော့ ဒီနှစ်မှာ ကျပ်သိန်းပေါင်း (၃၁၀,၂၈၀,ဝဝဝ)ဖြစ်သွားတာပါ၊ ဈေးပြိုင် လေလံကိစ္စနဲ့ ပတ်သက်ပြီး စည်ပင်ရုံးမှာ လာရောက်ပြီး ဆက်သွယ်မေးမြန်းနိုင်ပါတယ်..."ဟု စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ချစ်ကြည်ရေး တံတား(၁) နှင့် တံတား(၂)တို့တွင် ဖြတ်သန်းသွားလာနေသော ယာဉ်များအား ဘီးခွန်အဖြစ် ကောက်ခံရမှာဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်အတွက် ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း (၉၇၉)သိန်း ဖြင့် ဈေးပြိုင်လေလံရောင်းချရာမှာ ကျပ်သိန်းပေါင်း (၂၉၅၅)သိန်းဖြင့် ဒေါ်နန်းခမ်းမှ လေလံအောင်သွားခဲ့ပြီး ယခု ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွက် ကြမ်းခင်းဈေးအား ကျပ်သိန်းပေါင်း (၃၁၀,၂၈၀,ဝဝဝ) သတ်မှတ်ထားပြီး လေလံခေါ်ယူသွားမှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တာခ်ီလိတ္ၿမိဳ႕မွာ က်င္းပၿပီး ႏိုင္ငံေပါင္း ၁၉ႏိုင္ငံက လာေရာက္မည့္...


သင့္ ကိုယ္လံုးတီး ပံုမ်ား အြန္လိုင္းေပၚ မေရာက္ရေလေအာင္


Bern , Switzerland, ဆြန္ဇာလန္ ႏုိင္ငံ ၊ ဘန္းၿမိဳ႕ ရဲ႕ သာယာ လွပၿပီး ရႈ မညီးတဲ့...


ရဟန္းႏွင့္ ဘြဲ႔ဒီဂရီ


ရွမ္းကုိးျပည္ တြင္ပါ၀င္ေသာ မုိးညွင္းျပည္ ႏွင့္ မုိးမိတ္ျပည္ ကို ဘုရင့္ေနာင္...


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


(၁၅) မိနစ္ တရားထိုင္နည္း


ေဒြး တိမ္ေတြ ငိုတဲ့ခဏ ၊ ေဒြး ၊ နႏၵာလႈိင္ ၊ တင့္တင့္ထြန္း ၊ ေအာင္လြင္ ၊ ဆင္မ


မတ္ပဲမ်ိဳးမ်ား၏ အရည္အခ်င္းလကၡဏာမ်ား


၆ႏွစ္ျပည့္ေရႊ၀ါေရာင္ေတာ္လွန္ေရးသုိ႕သမုိင္းအား လိမ္ညွာခဲ့ေသာ...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>