Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်မှု ပြီးစီး

$
0
0
အခြေခံဖွဲ့စည်းပုံဥပဒေအရ မြန်မာနိုင်ငံ တ၀န်းလုံးရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ၂၀၁၆ခုနှစ် ဇန်န၀ါရီလအတွင်း အသစ်ပြန်လည် ရွေးချယ်ရန်အတွက် ဆောင်ရွက်နေလျှက်ရှိရာ တာချီလိတ်မြို့တွင် ပထမဆုံးအဖြစ် ဇန်န၀ါရီလ(၂၀)ရက်နေ့ ည(၈)နာရီဝန်းကျင်က ဆန်ဆိုင်း(က)ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ရွေးချယ်ခဲ့ကြသည်။



ဆန်ဆိုင်း(က)ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ရန်အတွက် ယခုလက်ရှိ အုပ်ချုပ်ရေးမှူးအပြင် အခြားနောက်ထပ် အဆိုတင်သွင်းသူ မရှိ၍ ယခုလက်ရှိ အုပ်ချုပ်ရေးမှူး ဦးစိုင်းရှဲန်တစ် အား ဆယ်အိမ်မှူးများမှ တညီတညွတ်တည်း လက်ထောင်ကာ ရွေးချယ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
( ရွေးချယ်ခံရသူ အုပ်ချုပ်ရေးမှူး ဦးစိုင်းရှဲန်တစ် )

"ရပ်ကွက်ထဲမှာ ဆယ်အိမ်မှူး စုစုပေါင်း (၆၃)ဦးရှိပါတယ်။ အဲ့ဒီ အထဲမှာ (၄)ဦး ခရီးလွန်နေတဲ့အတွက် ဒီနေ့ ရွေးချယ်ပွဲမှာ ဆယ်အိမ်မှူး (၅၉)ဦး တက်ရောက်လာကြတယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် အဆိုတင်သွင်းတဲ့ လူမရှိလို့ လက်ရှိတစ်ယောက်ကိုပဲ ဆယ်အိမ်မှူးများက ရွေးချယ်ခဲ့ကြတာပါ.."ဟု ဆန်ဆိုင်း(က)ရပ်ကွက် စာရေး ဦးရဲမြင့်ဦးက ဆိုသည်။


ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်မှုကို ဇန်န၀ါရီလ (၂၅)ရက်နေ့ နောက်ဆုံးထားကာ ရွေးချယ်ရမှာဖြစ်ပြီး ရွေးချယ်ခံရသော အုပ်ချုပ်ရေးမှူးလောင်းများ၏ အမည်စာရင်းများကို အတည်ပြုပေးနိုင်ရန်အတွက် ဇန်န၀ါရီလ(၂၆)ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြရမှာဖြစ်ကာ ထိုမှတစ်ဆင့် ခရိုင်သို့ တင်ပြပြီးမှသာ စိစစ်ပြီး အတည်ပြုပေးမှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>