Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ေနအိမ္ခန္း အတြင္း ေျပာင္းဖူး႐ိုးျဖင့္ မီးလံွဳရာမွ မီးေလာင္မႈ က်ိဳင္းတံု၌ ျဖစ္ပြါး

$
0
0
ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊ က်ိဳင္းတုံၿမိဳ႕နယ္ အမွတ္ (၄) ရပ္ကြက္၊ ေပါက္တိုင္ရပ္ကြက္တြင္ ဇန္နဝါရီလ(၂၀)ရက္ နံနက္(၅)နာရီခြဲ၀န္းက်င္က မီးေလာင္မႈ တစ္ခုျဖစ္ပြါးခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈႏွင့္ ပတ္သက္၍ ေနအိမ္ခန္းအတြင္း ေျပာင္းဖူးရုိးမ်ားျဖင့္ မီးလႈံရာမွ တဆင့္ အဝတ္အထည္မ်ားသို႔ ကူးစက္ရာမွ အုတ္ကာတစ္ထပ္ ေနအိမ္မီးေလာင္ သြားရတာ ျဖစ္ေၾကာင္း က်ိဳင္းတုံၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမွ သိရသည္။

အဆိုပါ မီးေလာင္မႈျဖစ္ပြါးရာသို႔ မီးသတ္ယာဥ္(၃)စီး၊ ေရသယ္ယာဥ္ (၂)စီး၊ အုပ္ခ်ဳပ္မႈယာဥ္(၁)စီး၊ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္ (၂၀)ဦး၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္(၂၅)ဦးတို႔ျဖင့္ သြားေရာက္ၿငိႇမ္းသတ္ခဲ့ၿပီး နံနက္(၅)နာရီ (၄၅)မိနစ္ခန္႔တြင္ လုံးဝမီးၿငိႇမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။


မီးေလာင္မႈေၾကာင့္ အေဆာက္အဦႏွင့္ အဝတ္အထည္မ်ား မီးေလာင္ကၽြြမ္းခဲ့ၿပီး ဆုံးရႈံးမႈ တန္ဖိုးမွာ အနည္းငယ္သာရွိေၾကာင္း  ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ သိရသည္။

အဆိုပါ မီးေလာင္မႈႏွင့္ ပတ္သက္ၿပီး အိမ္ပိုင္ရွင္ျဖစ္သူ အသက္ ၅၉ နွစ္အရြယ္ ေဒၚယုမိန္အား က်ိဳင္းတုံၿမိဳ႕မ ရဲစခန္းတြင္ (ပ) ၆/၂၀၁၆ ျပစ္မႈပုဒ္မ(၂၈၅)အရ အမႈဖြင့္ အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

သတင္း။  ။ ဖူးႏွင္းျဖဴ
**********************

( unicode )

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ် အမှတ် (၄) ရပ်ကွက်၊ ပေါက်တိုင်ရပ်ကွက်တွင် ဇန်နဝါရီလ(၂၀)ရက် နံနက်(၅)နာရီခွဲဝန်းကျင်က မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ နေအိမ်ခန်းအတွင်း ပြောင်းဖူးရိုးများဖြင့် မီးလှုံရာမှ တဆင့် အဝတ်အထည်များသို့ ကူးစက်ရာမှ အုတ်ကာတစ်ထပ် နေအိမ်မီးလောင် သွားရတာ ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ် (၂)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓမေီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၅)ဦးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ပြီး နံနက်(၅)နာရီ (၄၅)မိနစ်ခန့်တွင် လုံးဝမီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အဆောက်အဦနှင့် အဝတ်အထည်များ မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှာ အနည်းငယ်သာရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး အိမ်ပိုင်ရှင်ဖြစ်သူ အသက် ၅၉ နှစ်အရွယ် ဒေါ်ယုမိန်အား ကျိုင်းတုံမြို့မ ရဲစခန်းတွင် (ပ) ၆/၂၀၁၆ ပြစ်မှုပုဒ်မ(၂၈၅)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သတင်း။ ဖူးနှင်းဖြူ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~ ေၾကာ္ျငာ ~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>