Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

က်ဳိင္းတံုၿမိဳ႕တြင္ ဆက္သြယ္ေရး ေအာ္ပေရတာ (၃)ခု အနက္ Telenor ကို အသံုးျပဳသူ မ်ားျပား

$
0
0
က်ဳိင္းတုံၿမိဳ႕တြင္ မၾကာေသးမီ ကာလက ၀င္ေရာက္လာသည့္ ဆက္သြယ္ေရး ေအာ္ပေရတာ (၂)ခု အနက္ Telenorကို ပိုမို အသုံးျပဳလွ်က္ရိွေၾကာင္း ဖုန္းဆိုင္ အသိုင္းအ၀ိုင္းမ်ားထံမွ သိရသည္။

"က်ဳိင္းတုံၿမိဳ႕ အေနနဲ႔ ဆိုရင္ေတာ့ Ooredoo ထက္ Telenorကို လူေတြ အမ်ားဆုံး သုံးေနၾကတယ္။ ဘာလို႔လဲဆိုေတာ့ Telenorက Ooredoo ထက္ ေစ်းကြက္ထဲကို အရင္ေရာက္ခဲ့တဲ့ အတြက္ လူ(၁၀)ေယာက္မွာ (၉)ေယာက္ေလာက္က ၀ယ္သုံးလိုက္ၾကတယ္။ ဒါေၾကာင့္ Ooredoo က လက္ရွိမွာ မယွဥ္ႏိုင္ဘဲျဖစ္သြားတာ.."ဟု က်ဳိင္းတံုၿမိဳ႕ အိမ္ျဖဴေတာ္ မိုဘိုင္းမွ ကိုေက်ာ္လြင္ထြန္းက ဆိုသည္။

Ooredooဆင္းကဒ္မ်ားသည္ Internet အျမန္ႏွဳန္းျမင့္သည့္ 3G တစ္မ်ိဳးတည္းကိုသာ ရရိွႏိုင္ေသာ္လည္း Telenor က 2G ႏွင့္ 3G ႏွစ္မ်ိဳးလုံးကို အသုံးျပဳႏိုင္ျခင္းႏွင့္ စူပါဇီးကြက္ အစီအစဥ္ေၾကာင့္ Telenor ကို ပိုမို အသုံးျပဳၾကျခင္း ျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

႐ွမ္းျပည္နယ္ အေ႐ွ႕ပိုင္းေဒသ က်ိဳင္းတုံၿမိဳ႕တြင္ MPT ၏ ေနာက္မွ ၀င္ေရာက္လာသည့္ ဆက္သြယ္ေရး ေအာ္ပေရတာ (၂)ခုျဖစ္သည့္ Ooredoo ႏွင့္ Telenor အပါအ၀င္ စုစုေပါင္း ဆက္သြယ္ေရး ေအာ္ပေရတာ (၃)ခုရွိၿပီး Telenor ကို ပိုမို အသုံးျပဳလွ်က္ရိွေၾကာင္း သိရသည္။

သတင္း။  ။ ဇြဲျမတ္
-------------

( unicode )


ကျိုင်းတုံမြို့တွင် မကြာသေးမီ ကာလက ဝင်ရောက်လာသည့် ဆက်သွယ်ရေး အော်ပရေတာ (၂)ခု အနက် Telenorကို ပိုမို အသုံးပြုလျှက်ရှိကြောင်း ဖုန်းဆိုင် အသိုင်းအဝိုင်းများထံမှ သိရသည်။

"ကျိုင်းတုံမြို့ အနေနဲ့ ဆိုရင်တော့ Ooredoo ထက် Telenorကို လူတွေ အများဆုံး သုံးနကြေတယ်။ ဘာလို့လဲဆိုတော့ Telenorက Ooredoo ထက် ဈေးကွက်ထဲကို အရင်ရောက်ခဲ့တဲ့ အတွက် လူ(၁၀)ယောက်မှာ (၉)ယောက်လောက်က ဝယ်သုံးလိုက်ကြတယ်။ ဒါကြောင့် Ooredoo က လက်ရှိမှာ မယှဉ်နိုင်ဘဲဖြစ်သွားတာ.."ဟု ကျိုင်းတုံမြို့ အိမ်ဖြူတော် မိုဘိုင်းမှ ကိုကျော်လွင်ထွန်းက ဆိုသည်။

Ooredooဆင်းကဒ်များသည် Internet အမြန်နှုန်းမြင့်သည့် 3G တစ်မျိုးတည်းကိုသာ ရရှိနိုင်သော်လည်း Telenor က 2G နှင့် 3G နှစ်မျိုးလုံးကို အသုံးပြုနိုင်ခြင်းနှင့် စူပါဇီးကွက် အစီအစဉ်ကြောင့် Telenor ကို ပိုမို အသုံးပြုကြခြင်း ဖြစ်ကြောင်း၎င်းထံမှ သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ ကျိုင်းတုံမြို့တွင် MPT၏ နောက်မှ ဝင်ရောက်လာသည့် ဆက်သွယ်ရေး အော်ပရေတာ (၂)ခုဖြစ်သည့် Ooredoo နှင့် Telenor အပါအဝင် စုစုပေါင်း ဆက်သွယ်ရေး အော်ပရေတာ (၃)ခုရှိပြီး Telenor ကို ပိုမို အသုံးပြုလျှက်ရှိကြောင်း သိရသည်။

သတင်း။ ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>