Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကျိုင်းတုံ၌ လူအင်အား (၁၅၀)ကျော် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြီး ငါးအကောင်ရေ (၁၀၀၀)လွှတ်

$
0
0
ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များ(အခမဲ့)လူမှုကူညီရေးအသင်းမှ ဦးဆောင်ပြီး ပြည်သူများဖြင့် လူဦးရေ (၁၅၀)ကျော်က မြန်မာနိုင်ငံသား နှစ်ဦးအပေါ် ထိုင်းတရားရုံးမှ ချမှုသည့် သေဒဏ်နှင့် ပတ်သက်၍ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြပြီးနောက် ငါးအကောင်ရေ (၁၀၀၀)အား လွှတ်ခဲ့ကြောင်း သိရသည်။


"ကျွန်တော်တို့ အသင်းရုံးကနေ ရပ်တော်မူ ဘုရားအထိ လူဦးရေ (၁၅၀)ကျော်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်၊ မတရားသဖြင့် သေဒဏ် ချမှတ်ခံနေရတဲ့ မြန်မာနိုင်ငံသား နှစ်ဦး လွှတ်မြောက်စေဖို့ အတွက် မေတ္တာပို့ ဆုတောင်းရင်း ငါးအကောင်ရေ (၁၀၀၀)ကိုလည်း ကျိုင်းဖောင်းချောင်းမှာ လွှတ်ခဲ့ပါတယ်..."ဟု ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များ(အခမဲ့)လူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်သူအောင်က ပြောသည်။


ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များ(အခမဲ့)လူမှုကူညီရေးအသင်းမှ ဦးဆောင်သည့် အဖွဲ့သည် ယနေ့ ဒီဇင်ဘာလ (၂၇)ရက် နံနက်(၉)နာရီခွဲ အချိန်က ဆရာတော် သံဃာတော်များ၊ သီလရှင်ဆရာလေးများနှင့် လူမှုရေးအသင်း အဖွဲ့များ စုပေါင်း စီတန်း၍ မေတ္တာပို့သကာ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။


ထိုမှတဆင့် ကျိုင်းတုံမြို့ ကျိုင်းဖောင်းချောင်းတွင် ဆရာတော်၊ သံဃာတော်များမှ မေတ္တာသုတ် ချီးမြှင့်တော်မူခဲ့ကြပြီး ငါးအကောင်ရေတစ်ထောင်ကို ကျိုင်းဖောင်းချောင်းအတွင်း ဘေးမဲ့လွှတ်ပေးခဲ့ကြောင်း ဦးကျော်သူအောင်၏ ပြောပြချက်အရ သိရသည်။


ရှမ်းပြည်နယ်တွင် ဒီဇင်ဘာလ (၂၆)ရက်နေ့က တာချီလိတ်၌ ဆန္ဒထုတ်ဖော်ပွဲ ကျင်းပခဲ့ရာ လူဦးရေ(၁၀၀၀၀)ကျော် ပါဝင်ခဲ့ကြောင်း၊ တောင်ကြီးမြို့တွင်လည်း ဒီဇင်ဘာလ(၂၆)ရက် နေ့လည်ပိုင်းက ပြုလုပ်ရာ လူဦးရေ(၃၀၀)ခန့် ပါဝင်ကြောင်းနှင့် ကျိုင်းတုံမြို့တွင် ဒီဇင်ဘာလ(၂၇)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ရာ လူဦးရေ (၃၀၀)ကျော် ပါဝင်ကြောင်း သိရှိရသည်။

ဓါတ်ပုံ။  ။ နှလုံးလှပိုင်ရှင်များ(အခမဲ့)လူမှုကူညီရေးအသင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~ ကြော်ငြာ ~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>