Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

သေဒဏ်အမိန့်ချခံရသည့် မြန်မာနိုင်ငံသား နှစ်ဦးကိစ္စ မြန်မာအစိုးရမှ ကြိုးပမ်းဆောင်ရွက်သွားမည်ဟုဆို

$
0
0
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား နှစ်ဦးအပေါ် ၂၀၁၅ခုနှစ် ဒီဇင်ဘာလ(၂၄)ရက် နံနက်ပိုင်းက သေဒဏ်ချလိုက်သည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရမှ ကူညီပေးသွားမည့် ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ၎င်း၏ facebook တွင် ဒီဇင်ဘာလ(၂၄)ရက် ညနေ(၂)နာရီ (၅၀)မိနစ်အချိန်က အောက်ပါအတိုင်း ရေးသား ဖော်ပြထားရှိသည်။


မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့အတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ


(၁) ရှေ့နေလိုက်ပေးသော ထိုင်းနိုင်ငံ၊ ရှေ့နေများကောင်စီမှ ဤအမှုအတွက် ရှေ့နေ ၂၁ ဦးပါ ကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက် ရှိရာ ယင်း ၂၁ ဦး ကော်မတီမှ လာမည့် ၁၁ ရက်နေ့တွင် အစည်းအဝေး ဆောင်ရွက်မည် ဖြစ်ပါသည်။

(၂)ကြားကာလတွင် ရှေ့နေများကောင်စီ၊ မြန်မာနိုင်ငံ သံရုံး၊ ထိုင်းနိုင်ငံရောက် မြန်မာ CSO များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်မည် ဖြစ်ပါသည်။

(၃) ယနေ့ ချမှတ်ခဲ့သော စီရင်ချက်အတွက် High Court သို့ ဆက်လက်၍ အယူခံ တင်ပြပါမည်။ အယူခံ လက်ခံလျှင် ပြစ်ဒဏ် လျှော့ပေါ့ပေးနိုင်မည်ဟု မျှော်မှန်းထားပါသည်။
(အယူခံတင်ရန် အချိန် ၁ လ ပေးအပ်ထားကြောင်း သိရပါသည်။ ၁ ပတ်အတွင်းမဟုတ်ဘဲ ၁လ အတွင်း အယူခံတင်ရမည် ဖြစ်ကြောင်း သိရှိရပါသည်။)

(၄) ထို့နောက် ထိုင်းနိုင်ငံ၏ တရားလွှတ်တော်သို့ ပြစ်ဒဏ်လျှော့ပေါ့ပေးရေးအတွက် ဆက်လက်၍ အယူ ခံဝင်နိုင်ရေး ဆောင်ရွက်ပါမည်။ အဆိုပါအယူခံတွင် ပြစ်ဒဏ်များ ဆက်လက်၍ လျှော့ပေါ့ပေးနိုင်မည် ဟု မျှော်မှန်းထားပါသည်။

(၅) ၎င်းနောက် လိုအပ်လျှင် ထိုင်းဘုရင့်ကောင်စီသို့ ဆက်လက်၍ တင်ပြကာ ပြစ်ဒဏ်သက်သာခွင့် အယူခံတင်ပြခြင်းများ ဆက်လက် ဆောင်ရွက်ရပါမည်။ ဤသို့ တင်ပြရာတွင် ပြစ်ဒဏ်များ ဆက်လက် လျှော့ပေါ့ပေးနိုင်မည်ဟု မျှော်မှန်းထားပါသည်။

တင်ပြပါ အဆင့်များမှာ ထိုင်းနိုင်ငံ တရားစီရင်ရေးနှင့် ဥပဒေကြောင်းအရ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဖြစ်ပါသည်။

မြန်မာနိုင်ငံအစိုးရ၊ ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသံရုံးတို့အနေဖြင့် ဤအမှုတွင် စတင် ဖမ်းဆီးခြင်း ခံရပြီးနောက်ပိုင်း ဥပဒေပညာရှင်များ၊ ကိုကျော်သောင်း၊ ကိုအောင်မျိုးသန့်၊ ကိုထူးချစ် တို့ကဲ့သို့သော CSO များနှင့် အနီးကပ် ညှိနှိုင်းတိုင်ပင်ပြီး ဥပဒေကြောင်းအရ ရသင့်ရထိုက်သော အခွင့်အရေးများ၊ ဥပဒေအကာအကွယ်များ၊ တရားရုံးအခွင့်အရေးများ ရရှိစေရန် စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ပါသည်။

နိုင်ငံတော်သမ္မတကြီးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အနေဖြင့် ထိုင်းဝန်ကြီးချုပ် အပါအဝင် ထိုင်းနိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံသည့် အခါတိုင်း ဤအမှုနှင့်ပတ်သက်၍ တရားဥပဒေကြောင်းအရ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံ ပြောကြားမှုများ ဆောင်ရွက်ခဲ့ပါသည်။

အလားတူ အမျိုးသားလွှတ်တော်ဥက္ကဌအနေဖြင့်လည်း ထိုင်းလွှတ်တော်သို့ မေတ္တာရပ်ခံလွှာ ပေးပို့ခဲ့သလို အာမခံရရှိစေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍လည်း ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှု၊ လွတ်လပ်သော တရားစီရင်မှု၊ နှစ်နိုင်ငံအစိုးရနှင့် နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုကို မထိခိုက်စေဘဲ သံခင်းတမန်ခင်းအရလည်း ထိထိရောက်ရောက် လုပ်နိုင်သမျှ၊ လုပ်လို့ရသမျှ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

From: Hmuu Zaw
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~ ကြော်ငြာ ~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>