Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကလေးမြို့၌ စုပေါင်း အမှိုက်ကောက်မှုအဖြစ် ကလေးငယ် (၅၀)ခန့် ဆောင်ရွက်

$
0
0
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ချောင်းခွရွာရှိ GEM စာဖတ်ဝိုင်းမှ ကလေးငယ် (၅၀)ခန့်တို့က ဒီဇင်ဘာလ(၂၂)ရက် နံနက်အစောပိုင်းက စုပေါင်းအမှိုက်ကောက်ကြကြောင်း သိရသည်။


"အမှိုက်ကောက်ပြီဆိုတော့ ပြန်ပြီးအမှိုက်ပစ်ဖို့ ၀န်လေးသွားမယ်။ အဲဒီအတွက် ကလေးတွေရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲနိုင်ရန်အတွက် ဒီအစီအစဉ်လေးကို လုပ်တာပါ၊၊ ကလေးတွေ ကိုယ်တိုင်က လုပ်ကြတဲ့အခါ သူတို့မိဘတွေလည်း ပါဝင်လာနိုင်မယ်လို့ ထင်ပါတယ်။ ကလေးတွေလည်း တက်တက်ကြွကြွ လုပ်ကြပါတယ်"ဟု Grace Educare Ministry( ကျေးဇူးတော်ပညာရေးသာသနာ )၏ စာဖတ်ဝိုင်းမှ တာဝန်ရှိသူ ကိုဒေးဗစ်က ဆိုသည်။


အဆိုပါစာဖတ်ဝိုင်းမှ ကလေးငယ်များအား စုပေါင်းအမှိုက်ကောက်လှုပ်ရှားမှုအပြင် ကလေးများအတွက် သွားတိုက်နေ့၊ လက်ဆေးနေ့တို့ကိုလည်း လစဉ်လုပ်ဆောင်စေရန် စီစဉ်ပေးလေ့ရှိကြောင်း ၎င်းထံမှ သိရသည်။


"ကိုယ်တတ်နိုင်သလောက် ကိုယ့်ပတ်ဝန်းကျင်မှာ အကျိုးပြုဖို့ စာသင်တယ်ဆိုတာဟာ အလကား မဟုတ်ဘူး။ သူတစ်ပါးအပေါ် အကျိုးပြုနိုင်မှ လူနဲ့တူတာဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပေးတာပါ" Grace Educare Ministry( ကျေးဇူးတော်ပညာရေးသာသနာ )၏ စာဖတ်ဝိုင်းမှ တာဝန်ရှိသူ ကိုအောင်ကျော်စိုးက ပြောသည်။


ကလေးမြို့နယ်၊ ချောင်းခွရွာရှိ GEM စာဖတ်ဝိုင်းမှ ကလေးငယ်များအတွက် စိတ်ဓါတ်ပိုင်းဆိုင်ရာ အတွေးအခေါ်များကို မြှင့်တင်ပေးနိုင်ရန်၊ စုပေါင်းလှုပ်ရှားမှုများနှင့် လူမှုအကျိုးပြုသည့်လုပ်ငန်းများကို ဆောင်ရွက်တတ်စေရန် ဆောင်ရွက်ပေးလေ့ရှိကြောင်း သိရသည်။

ဓါတ်ပုံ။ ။ ဒေးဗစ်(GEM)
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>