Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ရှမ်းပြည် အရှေ့ပိုင်းမှ တောင်ပိုင်းသို့ ထိုင်းနိုင်ငံမှ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ သယ်ဆောင်မှု နည်းပါး

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် တရားမ၀င် ကုန်စည်စီးဆင်းမှုအား ဖမ်းဆီးမှုများပြားလာခြင်းကြောင့် ထိုင်းနိုင်ငံမှ လူသုံးကုန်နှင့် စားသောက်ကုန်များ သယ်ဆောင်မှု နည်းလာကြောင်း ဒေသတွင်း ကုန်တင်မော်တော်ယာဉ်လုပ်ငန်းရှင်များထံမှ သိရသည်။


"Mobile Teamက ပစ္စည်းတွေ တအားဖမ်းတော့ ကားကြီးတွေက တာချီလိတ် - တောင်ကြီး သိပ်မဆွဲ တော့ဘူး။ ရှမ်း(မြောက်)ဘက်ကို ဆွဲကြတယ်။ အရင်က ကြက်သွန်ကားတို့ သစ်ကားတို့တွေ ဆွဲတယ်။ အခုတော့ သိပ်မဆွဲတော့ပါဘူး.."ဟု ယာဉ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးစိုင်းလာက ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများဖြစ်သော ဘိလပ်မြေနှင့် စိုက်ပျိုးရေး လုပ်ငန်းသုံး ပစ္စည်းများကိုသာ အဓိက သယ်ဆောင်နေကြပြီး ကုန်သွယ်မှု အေးနေကြောင်း သိရသည်။

"ကုန်စည်စီးဆင်းမှုမှာ ဂျူတီကို အပြည့်အ၀ ဆောင်ရတယ်။ လိုအပ်တာထက်ပိုတဲ့ ကုန်စည်စိစစ်မှုတွေ လုပ်တော့ ယာဉ်ကြီးမောင်းတဲ့ ကားသမားတွေ သိပ်မသွားတော့ဘူး။ ခရီးသည်တင်ယာဉ်လောက်ပဲ သွားတယ်။ တစ်ရက်ကို အစီး(၃၀)လောက်တော့ဖြတ်တယ်"ဟု ခရီးသွားလုပ်ငန်းအား အခြေပြု၍ စားသောက်ဆိုင် ဖွင့်ထားသော မိုင်းပျဉ်းမြို့နယ် ပန်းခင်း(မိုင် ၃၀)ကျေးရွာမှ ဆိုင်ပိုင်ရှင် ဦးစံလှက ပြောသည်။

တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေးနှစ် အတွင်း မြန်မာ - ထိုင်း ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ (၄၂.၈၇၁)သန်းရှိခဲ့ပြီး၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ (၃၅.၀၀၇)သန်းရှိခဲ့ခြင်းကြောင့် ဘဏ္ဍာရေးနှစ် နှစ်ခု၏ ကွာခြားချက်မှာ အမေရိကန်ဒေါ်လာ (၇.၈၆၄)သန်းရှိပြီး ယခင်နှစ်ထက် ကုန်သွယ်မှု ကျဆင်းလျှက်ရှိကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။

ယခင်ဘဏ္ဍာရေးနှစ်အတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ (၃.၁၅၃)သန်း ရှိခဲ့ရာ ယခုဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ (၆.၈၁၈)သန်း ရှိခဲ့ခြင်းကြောင့် ပို့ကုန်အနေနှင့် တိုးတက်လာပြီး သွင်းကုန်တွင် ယခင်က အမေရိကန် ဒေါ်လာ (၃၉.၇၁၈)သန်းရှိခဲ့ရာ၊ ယခုနှစ်တွင် (၂၈.၁၈၉)သန်းသာ ရှိခြင်းအတွက် တရားဝင်ကုန်သွယ်မှုမှ ရရှိသည့် နိုင်ငံဘဏ္ဍာငွေမှာ ကျဆင်းသွားကြောင်း တာချီလိတ် Mobile Team မှ သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် - တောင်ကြီးလမ်းကြောင်း၌ ယခင်နှစ်က စ၍ Mobile Team မှ တရားမ၀င် ကုန်သွယ်မှု စစ်ဆေးခြင်းအား စတင်ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်း ကုန်စည်စီးဆင်းမှုမှာ တဖြည်းဖြည်း အေးလာခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>