Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ပထမဆုံး အမှိုက်ကောက်မှု တာလေမြို့၌ စတင်ဆောင်ရွက်

$
0
0
တာချီလိတ်မြို့နယ်ရှိ မြို့များအနက် တာလေမြို့တွင် ပထမအကြိမ်အဖြစ် ပြည်သူနှင့် ဌာနဆိုင်ရာ စုပေါင်းကာ အမှိုက်ကောက်မှုကို ယနေ့ ဒီဇင်ဘာလ (၁၉)ရက်နေ့ နံနက်ပိုင်းက စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


"မနက် လူထုလမ်းလျှောက်ရင်း အပြန်မှာ မြို့အ၀င်မှာ စုပေါင်း အမှိုက်ကောက်ခဲ့ကြတာပါ။ ပထမဆုံး စလုပ်တာဆိုတော့ လူနည်းနေပေမဲ့လည်း၊ နောက်ပိုင်းမှာ လူများလာနိုင်ပါတယ်.."ဟု ရပ်ကွက်(၃) အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်လတ်က ပြောသည်။


တာချီလိတ်မြို့နယ်အတွင်း၌ တာချီလိတ်မြို့၊ ကျိုင်းလပ်မြို့ နှင့် တာလေမြို့တို့ အပါအ၀င်ဖြစ်ရာ ပထမဆုံး စုပေါင်း အမှိုက်ကောက်မှုအဖြစ် တာချီလိတ်မြို့တွင် ပြုလုပ်ခြင်းဖြစ်ပြီး ဒုတိယအဖြစ် တာလေမြို့မှာ ယနေ့နံနက်ပိုင်း၌ ပြုလုပ်ခြင်းဖြစ်သည်။



"ဒီ ပထမအကြိမ်မှာတော့ ဌာနဆိုင်ရာတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူတစ်ချို့ပါ ပါတယ်၊ အပတ်စဉ် စနေနေ့တိုင်း လုပ်သွားဖို့ ရည်ရွယ်ထားပါတယ်၊ နောက်ပိုင်းမှာ ပြည်သူတွေ၊ လူမှုရေး အသင်းအဖွဲ့တွေလည်း ပါလာဖို့ မျှော်လင့်ပါတယ်.."ဟု ဦးသန့်ဇင်လတ်မှ ဆိုသည်။



တာလေမြို့သည် တာချီလိတ်မြို့ နှင့် မိုင်းဖြတ်မြို့ အကြားတွင် တည်ရှိပြီး အဆိုပါမြို့၌ ကျေးရွာအများစု ပါဝင်ပြီး လူဦးရေ အနည်းငယ်သာရှိသည့် မြို့ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ။   ။ သန့်ဇင်လတ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>