Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ ရှမ်းနှစ်သစ်ကူး ပွဲတော်အား (၄)ရက် တိုင်တိုင် ကျင်းပလျှက်ရှိ

$
0
0
တာချီလိတ်မြို့တွင် (၄)ရက်တိုင်တိုင် ကျင်းပပြုလုပ်မှာဖြစ်ပြီး ဖွင့်ပွဲအဖြစ် ယနေ့ ဒီဇင်ဘာလ(၁၈)ရက် ညပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ရှမ်းတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်အား တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းပိုင် ကွင်းတွင် ကျင်းပပြုလုပ်လျှက်ရှိသည်။



ဖွင့်ပွဲအား စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်မင်းထွန်း ၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာဝန်ရှိသူများက ဖဲကြိုး ဖြတ်ပေးခဲ့ကြပြီးနောက် ရှမ်းတိုင်းရင်းသားများမှ နှစ်သစ်ကူး မင်္ဂလာသီချင်း သီဆိုကာ ပွဲတော်အား ဖွင့်လှစ်ခဲ့ကြပြီး တာချီလိတ်မြို့ရှိ ရှမ်းတိုင်းရင်းသူလေးများမှ ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။



ရှမ်းတိုင်းရင်းသားများ၏ ၂၁၁၀ခုနှစ်မြောက် နှစ်သစ်ကူးပွဲတော်ကို တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၁၈)ရက်နေ့မှ စကာ ကျင်းပပြုနေလျက်ရှိပြီး ဒီဇင်ဘာလ(၂၁)ရက်နေ့အထိ (၄)ရက်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်သည်။


"ပွဲအစမို့ထင်တယ် အရမ်းအေးတော့ လူသိပ်မရှိသေးဘူး၊ နောက်နေ့တော့ လာကြမယ်ထင်တာပဲ၊ ဒီနေ့က မနက်ကတည်းက အေးနေတာဆိုတော့လေ၊ လူမလာတော့ ဈေးမရောင်းကောင်းဘူးပေါ့၊ (၄)ရက် ဆိုတော့ လူကျလောက်မှာပါ.."ဟု ဈေးသည် အမျိုးသမီးတစ်ဦးက ဆိုသည်။


"ကျန်တဲ့ ရက်တွေမှာ ရိုးရာအကတွေအပြင် ခေတ်ပေါ် ရှမ်းသီချင်းတွေနဲ့ ဖျော်ဖြေတင်ဆက်သွားဖို့ ရှိပါတယ်၊ ဒီနှစ်ကတော့ ရပ်ဝေးအထိ မဖိတ်ဖြစ်ဘူး၊ ဒီနေ့ ကသွားတာကတော့ တာချီလိတ်မြို့ပေါ်က ရိုးရာအကအဖွဲ့လေးတွေပါ.."ဟု ပွဲကျင်းရေးကော်မတီဝင် တစ်ဦးက ပြောသည်။


နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် မိတ်ဆုံစားပွဲအား ဒီဇင်ဘာလ(၂၁)ရက်နေ့ ည(၇)နာရီတွင် ကျင်းပ ပြုလုပ်မှာဖြစ်ပြီး (၈)ယောက်စာ စားဝိုင်းများကို တစ်ဝိုင်းလျှင် (၃၀၀၀)ဘတ်နှုန်းဖြင့် စတင် ရောင်းချပေးနေပြီဖြစ်သည့် အတွက် ကြိုတင် စားဝိုင်းလက်မှတ်များ ၀ယ်ယူနိုင်ကြောင်း ပွဲတော် ဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။

ဓါတ်ပုံ။  ။ ဇောင်းညီ

ပုံများကိုကြည့်ရန်
တာချီလိတ် ရှမ်းနှစ်ကူးပွဲတော် ဖွင့်ပွဲ
59 photos
ရှမ်းရိုးရာနှစ်သစ်ကူးပွဲတော်၏ ပထမည ပွဲခင်းအတွင်း မြင်ကွင်းများ
33 photos
ရှမ်းနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအတွက် တာချီလိတ်၌ ပြင်ဆင်
32 photos



 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ကြော်ငြာ ~~~~~~~~~





Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>