Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာများက တာလေ အ.ထ.က ရှိ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြော

$
0
0
တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ်၊ တာလေမြို့တွင် တာချီလိတ်မြို့နယ်စာရေးဆရာအသင်းမှ ကျောင်းသား၊ ကျောင်းသူများအား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အသိပညာပေးမှုများ အဖြစ် ဒီဇင်ဘာလ (၁၅)ရက်နေ့ နံနက်ပိုင်းက သွားရောက် ဟောပြောခဲ့ကြောင်း သိရသည်။



ဟောပြောပွဲတွင် မြို့နယ်စာရေးဆရာအသင်းမှ နာယက ဒေါက်တာ မြင့်အောင် (မောင်မြန်မာ)က “ဒီလိုမလုပ်နဲ့ ဒီလိုလုပ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တွဲဖက် အတွင်းရေးမှူး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှ ဦးစီးအရာရှိ ဦးလှဌေး(ဝေယံလင်း)က “စာကြည့်တိုက် စိတ်ဓာတ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အတွင်းရေးမှူး ရဲအုပ်စံသိန်း(မောင်ဖိုးစံ-ဒူးယား) က “ပန်းကောင်း တစ်ပွင့်”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အသင်းနာယက ဦးစိုးစိုး(စိုးသီဟစိုး)က “စာစီစာကုံး ဒီလိုကုံး”ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ ဥက္ကဋ္ဌ ဦးထိန်မင်း (မင်းအေးငြိမ်းဈေ)က “ရေခဲအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး အသိပညာပေး ဟောပြောကြသည်။



တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာ(၅)ဦးက တာလေမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းခန်းမဆောင်တွင် ဆရာ/မများနှင့် ကျောင်းသား/ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ကြခြင်း ဖြစ်သည်။



ဟောပြောမှု ပြီးနောက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းစိုးက အနာဂတ်တွင် အားကိုး အားထားပြုရမည့် ကျောင်းသား၊ကျောင်းသူများအား စာပေဗဟုသုတများ ရရှိစေရန်အတွက် ယခုလို လာရောက် ဟောပြောပေးသည့် မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာများကို ကျေးဇူးတင်ရှိပါကြောင်း ကျေးဇူးတင်စကား ဆိုသည်။




အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်စာရေးဆရာအသင်းမှ ဟောပြောသည့် စာရေးဆရာ(၅)ဦး အပြင် အဖွဲ့ဝင်များဖြစ်သည့် စာရေးဆရာ ဦးစိုင်းအောင်ကြိုင် - နန်းရွှေလီကြိုင်(မိုင်းပန်)၊ ဦးဝေယံဦး (နေတစ်စင်း)၊ အထက(တာလေ) ကျောင်းအုပ်ဆရာကြီး ဦးသန်းစိုး နှင့် ကျောင်းဆရာ၊ ဆရာမများ အပါအ၀င် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၇၀၀)ကျော် တက်ရောက်ကြောင်း သိရှိရသည်။

တာလေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် သူငယ်တန်းမှ ဆယ်တန်းအထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၂၂၇)ဦး နှင့် သင်ကြားမှုဆရာ၊ဆရာမ (၃၂)ဦး ရှိကြောင်း သိရသည်။

သတင်း။  ။ ဝေယံလင်း
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~ကြော်ငြာ ~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>