Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ရှမ်းနှစ်သစ်ကူးပွဲတော် တာချီလိတ်၌ (၄)ရက် ကျင်းပမည်

$
0
0
ရှမ်းတိုင်းရင်းသားများ၏ (၂၁၁၀)နှစ်မြောက် ရိုးရာနှစ်သစ်ကူးပွဲတော်ကို တာချီလိတ်မြို့ ရှမ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှု အသင်းမှ ကြီးမှူးကာ ဒီဇင်ဘာလ (၁၈)ရက်နေ့မှ (၂၁)ရက်နေ့ အထိ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။


အဆိုပါ နှစ်သစ်ကူးပွဲအား တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်ရှိ ရှမ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှု အသင်းပိုင် ကွင်းပြင်တွင် ကျင်းပပြုလုပ်မှာဖြစ်ပြီး ပွဲတော်ဖွင့်ပွဲအား ဒီဇင်ဘာလ (၁၈)ရက်နေ့ ည(၇)နာရီအချိန်၌ ကျင်းပပြုလုပ်မှာ ဖြစ်သည်။

"ပွဲရဲ့ ဒုတိယမြောက်နေ့ဖြစ်တဲ့ ဒီဇင်ဘာလ (၁၉)ရက်နေ့ရဲ့ နံနက်(၁၀)နာရီ အချိန်မှာ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာကို ထိန်းသိမ်းစောင့်ရှောက်တဲ့ အနေနဲ့ (၂၁၁၀)နှစ်မြောက် ရှမ်းတိုင်းရင်းသားများ ရိုးရာနှစ်သစ်ကူး ကောက်သစ်လှူဒါန်းပွဲကို ဆေခမ်းရပ်ကွက်ထဲက ရာဇဌာန်ကျောင်းတိုက်မှာ ကျင်းပ ပြုလုပ်သွားမှာပါ"ဟု ပွဲကျင်းပရေးကော်မတီဝင် တစ်ဦးက ပြောသည်။

 

နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် မိတ်ဆုံစားပွဲအား ဒီဇင်ဘာလ(၂၁)ရက်နေ့ ည(၇)နာရီတွင် ကျင်းပ ပြုလုပ်မှာဖြစ်ပြီး (၈)ယောက်စာ စားဝိုင်းများကို တစ်ဝိုင်းလျှင် (၃၀၀၀)ဘတ်နှုန်းဖြင့် ပွဲကျင်းပရေး ကော်မတီမှ စတင်ရောင်းချပေးနေပြီဖြစ်ကြောင်းလည်း သိရသည်။

တာချီလိတ်၌ ကျင်းပပြုလုပ်သည့် ရှမ်းနှစ်သစ်ကူးပွဲတော်သို့ တာချီလိတ်ခရိုင်အတွင်းရှိ ရှမ်းတိုင်းရင်းသားများနှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၊ ချင်းရိုင်မြို့နှင့် ချင်းမိုင်မြို့ရှိ ရှမ်းတိုင်းရင်းသားများလည်း လာရောက် ဆင်နွှဲလေ့ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>