Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ရှမ်းပြည်နယ် စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေး

$
0
0
ရှမ်းပြည်နယ် တောင်ပိုင်းတွင် တိုက်ပွဲများကြောင့် တိမ်းရှောင်လာသည့် စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်အချို့ သီးနှံရိတ်သိမ်းရန်အတွက် ပြန်သွားကြသော်လည်း အများစုမှာ နေရပ်ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။


"ပြန်သွားတာတွေတော့ ရှိတယ်။ အများစုက ရှမ်းတွေများတယ်။ နှစ်သစ်ကူးနေ့တွေဖြစ်တဲ့အတွက် ပြန်သွားတာ။ ကျွန်တော်တို့တွေတော့ မပြန်ရဲသေးဘူး"ဟု မိုင်းရှူး စစ်ဘေးရှောင်စခန်းမှ လားဟူ တိုင်းရင်းသား တစ်ဦးက ပြောသည်။


မိုင်းရှူးမြို့ပေါ်တွင် စစ်ဘေးရှောင် စခန်း(၅)ခုရှိပြီး စစ်ဘေးရှောင် ပြည်သူ(၃၀၀၀)ခန့်ရှိကာ စစ်ဘေးရှောင် စခန်း (၃)ခုမှ ရှမ်းတိုင်းရင်းသား(၃၀၀)ခန့်သည် ဒီဇင်ဘာလ(၁၂)ရက်နေ့က နေရပ်ပြန်သွားပြီဖြစ်ကြောင်း သိရသည်။


 "လမ်းမကြီးနဲ့ ဝေးတဲ့ ဟိုက်ပါမှာ လာခိုလှုံနေတဲ့ တာဆန်ဖူး၊ နောင်ခေတ်၊ ကုန်နန် ကျေးရွာတွေက ပလောင်ရွာတွေ၊ ဒုက္ခသည်တွေက ကျွန်မတို့ ပစ္စည်းတွေ သွားလှူတိုင်း အိမ်ပြန်ချင်နေပြီ။ အိမ်ပြန်နိုင်အောင် လုပ်ပေးပါလို့ တောင်းဆိုကြတယ်။ သူတို့ရွာတွေက စစ်ဖြစ်တဲ့ နေရာတွေမှာမို့ ပြေးလာချိန် အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဘာမှမပါလာဘူး။ ဒါကြောင့်ပြန်ချင်နေကြတာပါ။"ဟု စစ်ဘေးဒုက္ခသည်များအား သွားရောက်ကူညီနေသူ ကျားခေါင်းပါတီမှ ဒေါ်နန်းကောင်ခမ်းက ပြောသည်။

ဟိုက်ပါစစ်ဘေးရှောင်စခန်းတွင် ဒုက္ခသည်(၁၅၀၀)ခန့်ရှိပြီး၊ ယင်းစခန်းမှ ပြန်သွားသောသူများတွင် တပ်များမှ သေနတ်ပစ်ခတ်မှုများရှိပြီး လူတစ်ဦးမှာ သေနတ်မှန်၍ သေဆုံးမှုရှိကြောင်း ၎င်းထံမှ သိရသည်။

တိုက်ပွဲများဖြစ်ပွားခဲ့သော တာဆန်ဖူး၊ ကုန်းနန်၊ နောင်ခေတ် ကျေးရွာများတွင် ရှမ်းလက်နက်ကိုင် SSPP/SSA တပ်ဖွဲ့များ မရှိတော့သော်လည်း မြန်မာတပ်မတော် ရှိနေသဖြင့် ကျေးရွာသားများ မပြန်ရဲခြင်း ဖြစ်ကြောင်း သိရသည်။

"အဓိက မပြန်ရခြင်း အကြောင်းကတော့ တပ်နေရာချထားရေးကို သူတို့ ဆွေးနွေးနေပေမယ့် ပြီးပြတ်မှု မရှိသေးဘူး။ ဒါကြောင့် မပြန်ရဲတာပါ။ နောက်တစ်ချက်က တိုက်ပွဲဖြစ်တုန်းက နှစ်ဖက်တပ်တွေက မိုင်းထောင်ထားတာတွေရှိတယ်။ ကျွန်တော်တို့ လယ်၊ ယာတွေ လုပ်တဲ့အခါ ဒီမြေမြှုပ်မိုင်းတွေ ရှိနေတဲ့ အတွက် စိုးရိမ်မိတယ်။ ဒါကြောင့် မပြန်ရဲတာလည်းပါတယ်"ဟု ၀မ်ဆော့ကျေးရွာမှ မိုင်းရှူး ရပ်ကွက်(၄)ရှိ စစ်ဘေးရှောင်စခန်းတွင် လာရောက်ခိုလှုံနေသူ ဦးသန်းအောင်က ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဒီဇင်ဘာလဆန်းပိုင်းအတွင်းမှာ စစ်ပွဲများ ရပ်တန့်သွား၍ စစ်ဘေးရှောင် ဒုက္ခသည် အများစုသည် နှစ်ဖက် စစ်တပ်နေရာချထားမှု မပြီးဆုံးသေးခြင်းနှင့် မြေမြှုပ်မိုင်း အန္တရာယ်များကြောင့် နေရပ်ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>