Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့တွင် တနင်္ဂနွေနေ့တိုင်း NLD နှင့် ပြည်သူ ပူးပေါင်း အမှိုက်ရှင်းမည်

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့တွင် NLD လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်ပြီး တနင်္ဂနွေနေ့တိုင်း အမှိုက်ရှင်းလင်းခြင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူတစ်ရပ်လုံး ပါဝင်လာစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။





"အခုလိုစုပေါင်း လုပ်ကိုင်တာ အားရ၀မ်းသာ ပီတိ ဖြစ်မိပါတယ်။ အမေစုတောင် ကိုယ်တိုင်လုပ်နေတာ။ ကျွန်မတို့လည်း ကိုယ့်အသိစိတ်နဲ့ကိုယ် ပါဝင်ကူညီရမှာပေါ့။ ကိုယ့်အသိစိတ်နဲ့ကိုယ် လုပ်တာက ပိုပြီး ပြီးမြောက်တယ်လေ။ တွန်းအားနဲ့ဆို လူပင်ပန်းရုံတင်မကဘူး စိတ်ပါ ပင်ပန်းတာပေါ့ "ဟု အမှိုက်ကောက်သူတွင် ပါဝင်သည့် ဒေါ်နန်းကိန်ခမ်းက ဆိုသည်။



တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၁) ၊ ၀မ်းကောင်းဈေး ၀န်းကျင်နှင့် နမ့်ယွန်းချောင်းထဲမှ အမှိုက်များကို ရှင်းလင်းခဲ့ကြခြင်းဖြစ်သည်။



"အမှိုက်ကောက်တဲ့ လမ်းတစ်လျှောက်လုံးမှာ တချို့ အလုပ်ရှိလို့ မပါဝင်နိုင်တဲ့ သူတွေက သူတို့ တတ်နိုင်သလောက် အမှိုက်ကောက်သူတွေ အတွက်ဆိုပြီး သောက်ရေသန့် တွေ ၊ လိမ္မော်သီးတွေ ၊ အအေးဗူးတွေနဲ့ ပါဝင် ကူညီကြပါတယ်"ဟု အမှိုက်ကောက်ရာတွင် ပါဝင်သည့် မြို့ခံ ဒေါ်ခင်သန်းမူက ပြောသည်။


အဖွဲ့ပေါင်းစုံမှ စုပေါင်းအမှိုက်ကောက်ရင်း ပြည်သူလူထုကိုလည်း အမှိုက်ကို စနစ်တကျစွန့်ပစ် တတ်ရန် အသိပညာပေးသင့်သည်ဟု မြို့ခံဒေါ်ဥမ္မာဝင်းက အကြံပေးသည်။



"အဓိက ကတော့ အမှိုက်ပစ်တဲ့ သူမရှိဘူးဆိုရင် ကောက်စရာလည်း မလိုပါဘူး။ အမှိုက်မပစ်အောင် အသိပညာပေးသင့်ပါတယ်။"ဟု ရွှေမဟာ ကိုယ်ပိုင်အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်က ဆိုသည်။



ကျွန်တော်တို့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အခုလို စုပေါင်းဆောင်ရွက်သွားမှာပါ၊ ပါဝင် အမှိုက်ကောက်ကြတဲ့ သူများအတွက် အမှိုက်အိတ်နဲ့ လက်အိတ် လှူဒါန်းလိုသူများအနေနဲ့လည်း မြို့နယ် NLD ရုံးမှာ လာရောက် လှူဒါန်းနိုင်ပါတယ်"ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က ပြောသည်။


တာချီလိတ်မြို့တွင် ဒီဇင်ဘာလ ၁၃ ရက်က စတင်ပြီး ပထမဆုံးအကြိမ် အမှိုက်ရှင်းလင်းခြင်းကို NLD လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား ကျောင်းသူများ ၊ မြို့သူမြို့သားများနှင့် စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ အပါအဝင် အင်အား ၂၀၀ ကျော်ဖြင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ဓါတ်ပုံ/သတင်း၊  ၊ ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>